Skip to main content

အေးမြတဲ့ဒေသသစ်ဆီသို့ (၁)

အားလုံးဘဲမင်္ဂလာပါရှင်။ အေးရှားဝန်းကျင်ကနေ ကနေဒါပြောင်းပြီးနောက်ပိုင်းမှာ ဘာမှသိပ်မရေးဖြစ်၊ မချက်ဖြစ်ခဲ့တာအတော်ကြာပါပီ။  အကြောင်းကလဲ နေမြေသစ်မှာအသား ကျအောင်နေနေရတာရယ်။ ကျမ်းမာရေးကလဲ မဖြစ်ဘူးတာ တွေထပ်တိုးပြီး အိပ်ရာထဲနေရတဲ့ အချိန်တွေများလာတာရယ်ကြောင့်ပါ။ အရမ်းအေးတဲ့နိုင်ငံရယ်လို့ လူသိများတဲ့ဒီနေရာမှာ အောက်တိုဘာက နေ မေလ လောက်ထိ အလုပ်နဲ့အိမ် ကလွဲဘယ်မှ သိပ်မသွားဖြစ်ခဲ့ဘူး။ ကျွန်မအတွက်ကတော့ အေးအေးလေးနဲ့ နှင်းတွေကျနေပီဆို အရမ်းကို ခြေယားပြီးအပြင်ထွက်ဆော့ချင်တာပါဘဲ။ချစ်သူမောင်ကတော့မြန်မာနိုင်ငံသားပီသစွာ ပူပူပြင်းပြင်း နေတဝင်းဝင်းနဲ့ယင်ကောင်ခြင်ကောင် ပေါတဲ့ နွေရာသီမှသာအပြင်ထွက်လန်းချင်တဲ့ စိတ်ရှိလေတော့ ကားမမောင်းတဲ့ကျွန်မလဲအိမ်တွင်းပုန်းနေခဲ့ရတယ်။
အော်တာဝါ
ကျယ်ဝန်းလွန်းတဲ့ ဒီနိုင်ငံကြီးမှာ ကျမ်းမာရေးနဲ့ ပတ်သတ်တာမှန်သမျှဆေးရုံသွားရပီဆိုကုသစရိတ်က အလကားရပါတယ်။ ဒါကလည်း ကနေဒါနိုင်ငံသားဖြစ်ပီးသူတွေ၊ အမြဲနေထိုင်ခွင့် ကဒ် ကိုင်ဆောင်ထားပြီး ကျမ်းမာရေးစစ်ဆေးခွင့်ကဒ်ကိုင်ဆောင်သူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက် ထားဆဲသူတွေသာ ဖြစ်ပါတယ်။  ကျွန်မလေယဉ်ကွင်းရောက်တဲ့အခါ  နိုင်ငံသားစစ်ဆေးရေး အရာရှိက ကနေဒါနိုင်ငံထဲ နေထိုင်မှု (၃)လ ပြည့်မှ ကျမ်းမာရေးစီစစ်ကဒ် ကိုထုတ်ပေးမှာဖြစ်တဲ့ အကြောင်းပြောပြခဲ့တယ်။ အိမ်က ထည့်ပေးလိုက်တဲ့ ၆လစာ ဆေးဝါးတွေအစုံအလင်မို့ သိပ်တော့ မစိုးရိမ်ခဲ့ပေမယ့်... ဆေးတွေက မထင်မှတ်ဘဲကုန်သွားတဲ့အခါ ကဒ်မရှိသေးတဲ့ ကျွန်မ မထင်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ ဆေးခန်းပြ ဆေးထပ်ဝယ်ခဲ့ရတာတော်တော် ကုန်သွားခဲ့တယ်။  လေယဉ်ကွင်းမှာလဲ နိုင်ငံထဲကို အပြီးပိုင်ဝင်လာတဲ့ သူ (Permanent Resident) တွေရဲ့ ပစ္စည်းတွေပိုသတိထားပြီးအကုန်ဖွင့်စစ်ပါတယ်။ ယူလာခဲ့တဲ့ စားသောက်ကုန်တွေ၊ မြန်မာဆေး အင်္ဂလိပ်ဆေးတွေပါရင် စည်းကမ်းနဲ့မညီလို့ သိမ်းခံရတာ တွေလဲအများကြီးပါ။ ကံကောင်းထောက်မစွာနဲ့ စစ်တဲ့သူတွေနဲ့ စကားပြော ဆိုရင်း သူတို့က သွားသွား ဆိုတော့ ကျွန်မအိတ်ကိုဖွင့်မစစ်ခဲ့ဘူး။ အကြောင်းကလဲ ဘာ အစားသောက်ပါလဲ ဆိုတော့ မာမီထည့်ပေးလိုက်တဲ့ ငါးအခြောက်ကို ကင်ပီးဆီနဲ့ ကြက်သွန် နဲ့ ကြော် ပီး ငရုတ်သီးခြောက်အမှုန့်နဲ့ ပြန်ကြော်ထားတာရယ်၊ ချဉ်ပေါင်၊ ကင်ပွန်းချဉ် အခြောက် လှမ်းထားတာရယ်၊ ပိန်းရွက်ကို အခြောက်ခံပီး ဝါးထဲထည့် ပီး ပြာခံပီး ... ဆိုတော့ ရပီ သွားတော့တဲ့၊ စိတ်လေသွားပုံရပါတယ်။
ဆေးတွေဆိုလဲ တိုင်းရင်းဆေးတွေ သစ်ဥသစ်ဖု လေညှင်းဖာလာ စသည်ဖြင့် အခြောက်ခံထုထောင်း၊ပရုတ်.... နေ...နေ...နေ သွားတော့ ဆိုပီးလွှတ်လိုက်တာပါ။ း) အမျိုးသားကပြောပါတယ်။ တော်တော်ကံကောင်းတယ် တစ်ကယ်သာဖွင့်စစ်ရင်အကုန် နီးပါးအသိမ်းခံရမယ်တဲ့..။
က ျမ်းမာရေးအကြောင်းဆက်ရမယ်ဆိုရင် ရာသီဥတု နေမြေအပြောင်းလဲမှာ မထင်မှတ်ထားတာတွေဖြစ်လာတတ်တယ်။ အဲဒီအခါ အစစရာရာဈေးကြီးတဲ့ ဒီလိုနိုင်ငံမျိုးကိုလာ တော့မယ်ဆိုရင် က ျမ်းမာရေးကဒ် မရသေးခင် သုံးလအထိ လုံလောက်တဲ့ ငွေကြေးပမဏရှိဖို့ရယ် အသွားလာအစားသောက်အစစရာရာ ဆင်ခြေဖို့ လိုပါတယ်။
က ျမ်းမာရေးကဒ် ကို နိုင်ငံထဲနေပြီး (၃) လ ပြည့် တာနဲ့ စာတိုက်ကနေလှမ်းပို့ပေးပါတယ်။ ကဒ်ရှိပီးနောက်ပိုင်းမှာ မိသားစုဆရာဝန် ရှာရပါတယ်။ ဒါကလဲ ဆိုင်ရာ ဌာနတွေကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားပါတယ်။ ကိုယ်လက်ရှိနေထိုင်တဲ့နေရာ နဲ့ သိပ်မဝေးတဲ့ ဆရာဝန်တစ်ယောက်ဆီကိုလှမ်းညွန်းတဲ့အခါ ဆရာဝန်နဲ့သွားတွေ့ ကိုယ့် က ျမ်းမာရေး မှတ်တမ်းတွေအကုန် သူ့ဆီမှာ သိမ်းထား ပေးပါတယ်။ နာမက ျမ်းဖျားနာလို့ ဆေး လိုချင်ရင် မိသားစု ဆရာဝန်ကဘဲ ဆေးညွန်းစာ ရေးပေးမှ ဆိုင်မှာ သွားဝယ်ရပါတယ်။ ဆေးအတော်များ များက ဆရာဝန်ညွန်ကြားစာရွက်မပါဘဲ ဝယ်လို့မရပါဘူး။ ဆေးခန်းသွားတာ၊ အထူးကု ဆီသွားတာတွေ၊  မိသားစုဆရာဝန်နဲ့ တွေ့တာ အရေးပေါ်ဆေးရုံ သွားတာတွေ.. ခွဲစိတ် ကလေးမွေး အားလုံးကို နိုင်ငံအစိုးရက ပေးထားပေးလို့ ပိုက်ဆံတစ်ပြားမှ အိပ်ကပ်ထဲ စိုက်ထုတ်စရာမလို ပါဘူး။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ.... ဆေးရုံပေါ်မှာ ကုသချိန်အတွင်း ဆေး တွေ လိုအပ်တဲ့ ပစည်းကရိယာတွေ အစားသောက်တွေကအစ အကုန် လုံးအလကားပေးထားပေမယ့် ဆေးရုံဆင်း ပြီး နောက်ဆက်တွဲ လိုအပ်တဲ့ ဆေးဝါး တွေ၊ ဆရာဝန်ညွန်လိုက်တဲ့ဆေးတွေအကုန်ကိုတော့ ကိုယ့်ဘာသာကိုယ်ဝယ်ရပါတယ်။ ဒီနေရာမှ က ျမ်းမာရေးအာမခံ ကုမ္ပဏီ တွေက အရေးကြီးလာပါပီ။  မိသားစုဝင်ထဲမှာ တစ်ယောက်က အလုပ်လုပ်နေရင် လခထဲကနေ လစဉ် ဖြတ်ပီးပေးရတဲ့အထဲမှာ အာမခံကြေးလဲပါပါတယ်။ အလုပ်လုပ်တဲ့နေရာကောင်းရင်ကောင်းသလို ကိုယ် ပေးရတဲ့ ပမာဏ နည်းများမူတည်သွား ပါတယ်။ ဒီအထဲမှာ ဆေးဝါးဝယ်ရင် ၈၀% ကိုယ့်အိမ်ထောင်ဖက်အလုပ်က လဲ အာမခံရှိတယ် ဆိုရင် က ျန်တဲ့ ၂၀% ကိုသူ့ဆီက ဖြတ်ပီး အိပ်စိုက်စရာမလိုတော့ပါဘူး။ အဲဒီအထဲမှာမှ သွားဘက်ဆိုင်ရာ အာမခံ၊ မျက်လုံးအမြင်ဆိုင်ရာအာမခံတွေပါထပ်ပေါင်းထားပါတယ်။ သွားဘက်ဆိုင်ရာကုသဖို့ကတော့ ဒီမှာဈေးအကြီးဆုံးလို့ပြောလို့ရပါတယ်။ သူတို့တွေကို အေးဓမြ (စလုံးပေါင်းမသိ) လို့ သူများနောက်ပြောင်အတည်ခေါ်ကြပါတယ်။  အမျိုးသားက အစိုးရမှာအလုပ်လုပ်တော့ ကျွန်မထက်စာရင် သူ့ အာမခံက ပိုအားကောင်းပါတယ်။  အဲဒီအတွက်လဲ သွားဆေးခန်းသွားပြီးဆိုရင် သူတို့က ဘယ်လောက်က ျမယ် ဆိုတာကို မပြောတော့ပါဘူး။ အာမခံကဒ်ကို တစ်ခါတည်း သူတို့ စက်ထဲတန်းထည့်ပီးသူ့အာမခံဘယ်လောက်အထိတင်တောင်းလို့ရလဲ ဆိုတာသိတာနဲ့ တစ်ခုပီး တစ်ခု ဆက်တိုက်ကို လုပ်ခိုင်းတော့ တာပါဘဲ။ ဥပမာ ခရောင်း မလိုတဲ့ ဟာ ကို အတင်းခရောင်းတပ်ခိုင်းတာ မျိုး၊ မလိုအပ်တဲ့ အပေါက်ကိုအတင်းချဲ့ပီး ဖာတာမျိုး။ စသည်ဖြင့်ပေါ့။  တစ်နိုင်ငံလုံးအတိုင်းတာနဲ့တော့မသိပေမယ့် ကျွန်မသိလာတဲ့ ရုံးက မိတ်ဆွေ တွေအကုန် သူတို့လဲ အတူတူခံခဲ့ရကြောင်း..ပြောပြခဲ့ပါတယ်။
ကဲ ကိုယ့်ပိုက်ဆံ ကုန်တာမှမဟုတ်တာ... လုပ်ပါစေလို့ပြောဖို့ကလည်း တစ်ကယ်တည်း ခံနေရတာက ကိုယ်ကိုယ်တိုင်မဟုတ်လား။ ဘယ်ဆေးခန်းဘဲဖြစ်ဖြစ်သွားတော့မယ် ဆို အပွိုင့်မန့် ယူရပါတယ်။။ ယူပီးကိုယ့်အလှည့်ရောက်အောင် တစ်ခါတစ်လေ အလုပ်ဖ ျက် သွားထိုင်ဆောင့်နေရပါသေးတယ်။ ဆေးရုံဆိုလဲ အလကားကုပေးလို့ ဝမ်းမသာလေနဲ့အုံး.. တစ်ခုခုဖြစ်လို့ ဆေးရုံပြေးပီး ဆိုရင် တစ်ညလုံးနီးပါးအနာခံပီးထိုင်ဆောင့်ရပါတယ်။။။ နာ ရင် နာသလို ဆိုးရင်ဆိုးသလို ဦးစားပေးစနစ်မှာ ကိုယ့်အသက်ခန္တာမြဲနေသမှ ျ စိတ်ရှည်ရှည်နဲ့ စောင့်ပေတော့။ ဖုန်း၊ အားသွင်းကြိုး ဖတ်ဖို့စာအုပ် အားလုံးတော့ အဆင်သင့် ယူသွားရတာပေါ့လေ။ ဝင်ဝင်ချင်းမှာ စစ်ဆေးပေးတဲ့ နပ်စ် က ကိုယ့် အခြေနေစစ်တဲ့အခါ နာက ျင်မှု နဲ့ နေနိုင်တဲ့အနေထား ၁ -၁၀ မေးလို့ ကိုယ်က ၆-၇ လောက်ပြောမိရင် စောင့်ပေတော့... ကိုယ့်အလှည့် ရောက်လို့အခန်းထဲပို့ပီးရင် ဆရာဝန်လာဖို့ ထပ်စောင့်နေတုန်း နပ်စ် တွေက အရမ်းနာနေလား.. နာတယ်ပြောရင် မော်ဖိန်းပါတဲ့ ဆေးထိုးပီး အိပ်ခိုင်းလိုက်ရော.. နောက်နေ့အလုပ်ပျက်...
အလကားရတာဘဲ ဒါတွေသီးခံရမှပေါ့လေလို့ စိတ်ထဲအမြဲရွတ်နေပေမယ့်..တစ်ခါတစ်လေလဲ တစ်ခုခုဖြစ် ဆေးခန်းချက်ချက်သွားချက်ချင်းကုလို့ရတဲ့နေရာမျိုး ကိုတော့ ပြန်တောင်းတမိတာ အမှန်ပါဘဲ။ တစ်ခုဘဲအရမ်းကိုစိတ်ချမ်းသာရတာကတော့ စောင့်ရတာနဲ့တန်အောင် တာဝန်က ျဆရာဝန် နပ်စ်တွေက အရမ်းကိုဖော်ရွေ သဘောကောင်းပြီးယဉ်ကေ ျးကြတာပါဘဲ။ ချစ်သူမောင် ကေ ျာက်ကပ်ကေ ျာက်တည်လို့ ဆေးရုံတက်ရတုန်းက လူနာစောင့်တောင်မလိုဘဲ နပ်စ် တွေရော၊ နပ်စ်အောက်က အကူတွေရော လိုလေးသေးမရှိ အကုန် လုပ်ပေးသွားတာ.. ဘာမှပြောစရာမရှိဘူး။ ရှင်းရှင်းပြောရရင် ကျွန်မတောင်းသူတို့လို မပြုစုတတ်ဘူးလေ.. အစားသောက်ဆိုလဲ ဆေးရုံက မီးဖိုချောင်ခန်းလေးမှာ အကုန် အလ ျံပယ် ထားထားပေးပါတယ်။
က ျမ်းမာရေးအာမခံ ကို အလုပ်က တစ်ဝက်ပေးပေးတဲ့ နေရာတွေရှိသလို အလုပ်က လုံးဝမပေးဘဲ ကိုယ့်ဘာသာကိုယ်လစဉ်ပေးပီးဝယ်ထားလို့လဲရပါတယ်။ ဒါပေမယ့် ပြန်တွက်ကြည့်ရင် တစ်လကို ဒေါ်လာ ၁၀၀ ကေ ျာ် ပေးပီး အာမခံဝယ်ထား တာထက်စာရင် လစဉ်ဝင်ငွေထဲက  ၁၀၀ လောက်ဖယ်ထားပီး လိုအပ်တဲ့အချိန်မှ အဲဒီထဲ က ထုတ်သုံးတာပိုအဆင်ပြေမှာပါ။
ကျွန်မကတော့ အလုပ်က ပေးထားတဲ့ အာမခံကိုဝယ်ထားရပါတယ်။ တစ်လကို ဒေါ်လာ ၁၄၀ ဖြတ်ပါတယ်။  အကြောင်းက လဲ အာမခံတိုင်းဆေးအကုန်မပေးပါဘူး။ အထူးသဖြင့် ကျွန်မသောက်နေရတဲ့ဆေးဆိုရင် တစ်လ ကို ၁၂ လုံးဘဲ ပေးပါတယ်။ ၁၂ လုံးကို အာမခံမရှိဘဲဝယ်မယ်ဆိုရင်အခွန်ထည့်ပေါင်း ဒေါ်လာ ၃၅၀ ပေးရပါတယ်။ အာမခံနဲ့ဆို ရင် ၃၀ လောက်ဘဲ ထပ်ပေးရတယ်။ အမျိုးသားဆီက အာမခံကဒ်ကိုပါထည့်ပေါင်းလိုက်တော့ တစ်ပြားမှပေးစရာမလိုတော့ဘူး။  ဒါကြောင့် အာမခံ ဝယ်တော့ မယ်ဆိုရင်တောင် ကိုယ်လိုအပ်တဲ့ ဆေး၊ ကိုယ့်အတွက် အသုံးဝင်မယ့် အရာတွေအတွက် သူ့တို့စည်းထဲဘောင်ဝင်မဝင်အရင်တွက်ကြည့်၊ က ျမ်းမာရေးကောင်းသူတွေအတွက် တော့ လစဉ်သီးသန့်လေးဖယ်ပီး ဆေးဖိုးဝါးခစုထားရင် အဆင်ပြေမှာပါ။ဒါကတော့ က ျမ်းမာရေးနဲ့ပတ်သတ်သမ ှ ျ သိမှတ်လေ့လာရတာလေးတွေပါ။
ကနေဒါကို အရင်ကအလုပ်ကိစ္စနဲ့ ရောက်ဖူးပေမယ့် အပီးပိုင်ပြောင်းလာတော့ မယ်ဆိုတော့ ပထမဆုံးစဉ်းစားရတာ အလုပ်အသစ်ပါ။ ကျွန်မအလုပ်လုပ်ဖူးနေတဲ့ အဖွဲ့စည်း တည်ရှိတဲ့ မြို့ က ကျွန်မအခြေချမယ့်နေရာနဲ့ အရမ်းကိုဝေးနေပါတယ်။  အလုပ်နေရာပေါ်လာတိုင်း သွားချင်ပေမယ့် ချစ်သူမောင်က ဒီလောက်အကြာကြီးအဝေးမှာခွဲနေပီး ပီ၊ အခုနောက်တစ်နေရာ အလုပ်သွားလုပ်အုံးမှာလား ဘာညာကွိကွ ပြော့တဲ့အခါ... ကျွန်မလက် လျှော့ပီး ကိုယ်နေထိုင်တဲ့နေရာမှာဘဲ အလုပ်သစ်ရှာဖို့ စလုပ်ရပါတယ်။  သူကတော့ အလုပ်မလုပ်စေချင်လို့ ဘာမှမကူညီပါဘူး.. ကျွန်မဘဲတစ်ယောက်တည်း အိမ်မှာ ကျန်နေခဲ့တဲ့အချိန်လေး အွန်လိုင်းမှာ အလုပ်နဲ့ပတ်သတ်တာတွေအကုန် လိုက်ကြည့်တော့ အဆင်ပြေမယ့် အချိန်ပိုင်းအလုပ်တွေရယ်၊ ကိုယ့်အိမ်နဲ့နီးတဲ့နေရာက ခေါ်တဲ့အလုပ်မှန်သမှ လိုက်မေးမိခဲ့ပါတယ်။ ဒီနေရမှာ မကျွမ်းကျင်တဲ့ကျွန်မ ကိုယ်ရေး cv ကို ကိုယ်လျှောက်တဲ့အလုပ် နဲ့လျော်ညီအောင်ပြုပြင်ပြင်ဆင်သင့်တာကိုမသိခဲ့တာကြောင့် သူတို့က အလုပ်ကိုင်အတွေ့ကြုံနဲ့ရထားတဲ့ ဘွဲ့တွေနဲ့ ဒီအလုပ်လာလျှောက်တာမသင့် တော်ပါဘူးလို့ဘဲ စာတွေပြန်ရခဲ့တယ်။ စိတ်ကလဲ ပျက် ကိုယ့်က ကလဲတစ်ခါမှ အလုပ်မပြောင်းဘူးတော့ ဘာဆက်လုပ်ရမလဲ မသိခဲ့ဘူး။  ဒါနဲ့ဘဲ ဆရာတစ်ယောက်ပြောခဲ့ဖူးတဲ့ သူကနေဒါ စရောက်တုန်းက အေဂျင်စီတွေနဲ့ အလုပ်လိုက်လုပ်ဖူးခဲ့တာသတိရတော့ ကိုယ်လဲ ကိုယ်လုပ်ဖူးတဲ့ စာရင်းကိုင်နဲ့ ပတ်သတ်တဲ့ အေဂျင်စီတစ်ခုမှာ စာရင်းသွင်းပီးလေ ျာက်ပီးနောက်နေ့မှာဘဲ အင်တာဗျူးလုပ်ဖို့ ခေါ်ပါတယ်။  အင်တာဗျ ူးသွားတော့ ကိုယ့်အချက်လက်တွေ နဲ့ အောင်လက်မှတ် မိတ္တူတွေအကုန်သူတို့ယူထားပီး ဖိုင်ထဲမှာ သိမ်းထားမယ်ပြောခဲ့တယ်။ ပထမဆုံးသူတို့ လိုချင်ကတော့ ကနေဒါ ပညာရေးအဆင့်ပါဘဲ...  ကျွန်မကံကောင်းထောက်မစွာ ဘွဲ့လက်မှတ်ကို WES (World Education Services (WES) non-profit credential evaluation service in North America) ကို လှမ်းပို့လိုက်တော့ သူတို့ က ဒီက ပညာရေးစနစ်နဲ့ ညီတူတဲ့ လက်မှတ်တစ်ခုထုတ်ပေးပါတယ်။
အစပိုင်းကတော့ ကျောင်းဘဲ ပြန်တက်ရမလို နဲ့ ယောင်လည်လည်ဖြစ်နေတုန်းမှာ အေဂျင်စီက လက်ခံလိုက်တော့ အစီစဉ်ဖျက်လိုက်ပီး သိပ်မကြာခင်မှာဘဲ အင်တာဗျူးသွားဖို့ လှမ်းအကြောင်း ကြားခဲ့ပါတယ်။  ပထမဆုံး လုပ်ငန်းခွင်အင်တာ ဗျူး မှာ ၁၅ မိနစ်ဘဲကြာပီး ပြန်ထွက်လာတော့ ကိုယ့်နောက်က စောင့်နေတဲ့ ၄ ယောက်လောက် ကို ကြည့်ပီး စိတ်ထဲမှာတော့ ရချင်မှရပါမှာလေဆိုပီး အိမ်ပြန်အိပ်နေတုန်း ညနေပိုင်းမှာ အေဂျင်စီက မန်နေဂျာက အလုပ်ခန့်လိုက်တဲ့အကြောင်း တနင်္လာ ကနေစဆင်း ရမှာဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ အစပိုင်းမှာတော့ အရမ်းကိုစိုးရိမ်ခဲ့ပေမယ့် အစစရာရာအဆင်ပြေချောမွေ့ခဲ့ပါတယ်။ အေဂျင်စီလက်အောက်မှာ ၂ လ ခွဲလောက်လုပ်ပီး မန်နေဂျာ ချုပ်က သူတို့ဆီမှာ အလုပ်ဝင်ဖို့စိတ်ဝင်စားမှုရှိမရှိ၊ လစာဝင်ငွေနဲ့ အက ျိုးမြတ်တွေ အကြောင်းရှင်းပြပါတယ်။ အစပိုင်းမှာတော့ အေဂျင်စီနဲ့ ဆက်နေပီး နေရာစုံမှာ လှည့်ပြောင်းပီးအလုပ်ဆက်နေဖို့ စဉ်းစားမိပေမယ့် ဘယ်အလုပ်ပြောင်းပြောင်း ကနေဒါအလုပ်အတွေ့အကြုံဆိုတာ ပထမဆုံး မေးခံရမှာမို့တစ်နှစ်လောက် ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။  အလုပ်ထဲက သူတွေကလဲ အရမ်းကို သဘောထားပြည့် ကူညီကြပါတယ်။ သိုးမဲကတော့ ရှိစမြဲမို့ အစဉ်မပြေတာတွေ နေရာမပေးချင်တာလေးတွေ ဆရာလာလုပ်ချင်တာလေးတွေကတော့ ကြုံ ရတာပေါ့လေ..ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်မြောက်ပြောတာတော့ မဟုတ် ဘူး ကျွန်မတို့ မြန်မာတွေဟာ အလုပ်ကြိုးစားပီး ရိုသေကျိုးနွံ အလိုက်သိသူတွေမို့ အလုပ်အထွေထွေထဲမှာ ဘယ်နေရာ ဘယ်အပိုင်းကနေနေ ထူးချွန်ကြသူတွေချည်းပါဘဲ။  ဘာသာစကားအရသာ အခက်ခဲအနဲငယ်ရှိနေကြပေမယ့် ကနေဒါလို နိုင်ငံမှာတော့ ဘယ်သူမှ မကဲ့ရဲ့ကြသလို အလေးစိုက်နားထောင်ပီးအရေးပေးကြပါတယ်။ တစ်ခုဘဲသတိထားရတာ အေးရှား (ဖား၊ ဗလချိုက်၊ဘဂုန်း၊ သိရိလင်္ဂါ) က သူတွေပါဘဲ... ) သူတို့တွေက ဒီမှာကျောင်းတက်ပီးစကားကိုမွတ်နေအောင်ပြောတတ်ပါတယ်.. ဆရာလဲ လုပ်ချင်ကြသလို.. လစ်ရင်လစ်သလိုလဲ ဘာသာစကားပေါ်အခြေခံပီး သရော်တတ်ကြပါတယ်။
ကျွန်မကတော့ ရုံးမှာသူတို့တွေမရှိလို့ စိတ်ချမ်းသာတယ်။ ရှိတဲ့သူတွေက လဲ ထုတ်လုပ်ရေးအပိုင်းမှာဆိုတော့ကိုယ့်ကိုဆရာလာကျမယ့်သူမှရှိဘူး။
နောက်တစ်ခုက ကိုယ်ဘာဝတ်ဝတ်၊ ဘယ်လိုနေနေ လာကဲ့ရဲ့မဲ့သူမရှိသလို ဘယ်သူမှလဲ ဝေဖန်တီးတိုးမလုပ်ကြဘူး။ ကိုယ်လုပ်စရာရှိတာလုပ် သွားစရာရှိတာသွား..လွတ်လပ်လှပါတယ်။
...ဆက်ရန်...

Comments

  1. မျှော်နေမယ်..
    အိုင်အိုရာ

    ReplyDelete
  2. ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
    ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
    ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
    ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

    *မင်းရဲ့ချစ်သူကို ပြန်ရဖို့။
    * ပြန်လည်ညှိနှိုင်းရန်
    *ကိုယ်ဝန်ဆောင်ရန်
    *ကင်ဆာကို ကုသရန်
    *လက်စားချေရန်
    *စီးပွားရေးကိုမြှင့်တင်ရန်
    * သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
    *HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
    သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
    Whatsapp- +2349046229159

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ