နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။ အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း)))
တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း))
သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်..
ကောင်းမှကောင်းး...... ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ...
ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ပေါင်နဲ့လည်း ကောင်းတယ်လို့ ညီမ၀မ်းကွဲလေးက ပြောပြပါတယ်။
- ပိန်းစွယ်ကို အရင်းဖြတ်ပြီး ငရုတ်ကျည်ပွေးလေးနဲ့ နဲနဲပြားအောင်ထုပြီး ဖြတ်
- ဒယ်အိုးထဲကို ရေနဲနဲထည့်ပြီးနူးအောင်အရည်တည်ပါ၊ ဆားနဲနဲထည့်ပါ။
- ပိန်းစွယ်လေးတွေနဲနဲနွမ်းလာရင်တော့ ကင်ပွန်းချဉ်ရွက်ကိုပါထည့်၊ ရေထပ်ထည့်ပါ။
- နှစ်မျိုးလုံးနူးအိလာရင်တော့ ကြက်သွန်နီ နိုင်နိုင်ပါးပါးလှီးထည့်ပါ။
- ကြက်သွန်ဖြူ လဲ ၂ မွှာလောက်ထောင်းထည့်ပါ။
- ငပိစိမ်းစား (သို့) ငါးငံပြာရည်နဲနဲထည့်ပါ။ ဆက်မွှေပါ
- ကြက်သားခဲ ထည့်ပါ (အချိုမှုန့်အစားသုံးတာပါ၊ အချိုမှုန့်ကြိုက်သူများ အချိုမှုန့်သုံးနိုင်ပါကြောင်း)
- အားလုံးနူးအိအောင် မွှေပြီးရင်တော့ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း နဲ့ ဆီကို နောက်ဆုံးမှ ထည့်ပါ။
- ဆီထည့်ပြီးချက်ချင်းမမွှေပါနဲ့အုံး.. ဆီစိမ်းနံ့ရတတ်လို့ပါ.. ဟင်းအိုး ဆူလာမှ ဆက်မွှေပါ..
ဒါကတော့ အင်မတန်အရသာရှိတဲ့ ချဉ်စပ် ပိန်းစွယ်ဟင်း တစ်ခွက်ပါ။
ကဲပိန်းစွယ်ဟင်းခါး အတွက်တော့
- ကြက်သွန်ဖြူ ၄မွှာ
- ငပိစိမ်းစား
- ကြက်သားခဲ
- ငရုတ်ကောင်းမှုန့်
- ရှောက်ရွက် အနဲငယ်..
- ပိန်းစွယ်ကို အရင်းဖြတ်ပြီး ငရုတ်ကျည်ပွေးလေးနဲ့ နဲနဲပြားအောင်ထုပြီး ဖြတ်ထားပါ။
- ရေနွေးပွက်ပွက်ဆူရင် ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီးထည့်။
- ငပိစိမ်းစားလေးနဲနဲထည့်၊ ကြက်သားခဲလေးထည့်၊ ဆားထည့်
- ဖြတ်ထားတဲ့ ပိန်းစွယ်လေးတွေထည့်... နဲနဲဆူအောင်ထပ်တည်။
- ငရုတ်ကောင်းမှုန့် နိုင်နိုင်ထည့်ပြီးရင်တော့ ရှောက်ရွက်လေးနဲနဲ ဖြတ်ထည့်လိုက်ပါ.
ပိန်းစွယ် /ပိတ်စွယ်