Skip to main content

ငါးဆန်ပြုတ်

ငယ်ငယ်ကလုံးဝမစားခဲ့တဲ့အစာတွေ အခုအသက်လေးရလာတော့ အကြိုက်တွေပြောင်းကုန်တယ်။  ဆန်ပြုတ် ဆို ဖျားရင်တောင်မစားခဲ့ဘူး။ ပဲမြစ်လဲအရင်ကလုံးဝကိုမစားခဲ့တာ.. အခုတော့ ကြိုက်တတ်နေပြီ။ 
ဆန်ပြုတ်လဲ ဒီနှစ်ထဲမှာမှ အန်တီတစ်ယောက်ပြုပ်ထားတာ အတင်းကျွေးလို့စားမိရာက အရမ်းကိုကြိုက်သွား တယ်။  ကချင်ဆန်ပြုတ်ဆိုလား၊ ပျစ်ပျစ်လေးနဲ့ အရမ်းစားလို့ကောင်း။ 
ဒီမှာ ဈေးနေ့ဆို ဆန်ပြုတ်ရောင်းတယ်၊  တစ်ခေါက်သွားဝယ်စားမလို့ သူက porridge chicken/ pork ဆိုတော့ ပန်းကန်ထဲထည့်နေရင်း ကျွန်မက chicken, no pork OK? ဆိုတော့သူတို့က ရတယ်ရတယ် ဆိုပီး ကျွန်မ ရှေ့မှာတင် ခွက်ထဲက ၀က်သားဖတ်တွေခပ်ထုတ်နေတယ်၊ ရီလဲရီချင်တယ်.မစားတော့ဘူးပြန်လှည့်ခဲ့တယ်။ 

ဆန်ပြုတ်ကို ထမင်းလွတ်တော့စားလို့မဖြစ်ဘူး၊ ကျွန်မ ထမင်းပျော့ပျော့စားရင်တောင်ခဏခဏဗိုက်ဆာ တတ် တယ်။  အဲတော့ စားချင်တဲ့ဆန်ပြုတ်ကို ဒီတစ်ခါတော့ ပထမဆုံးကိုယ်တိုင်ပြုပ်ပါတယ်။  ပထမဆုံးငါး ကို ဂျင်းနဲနဲ နဲ့ထည့်ပြုပ်ပါမယ်။
  • ငါးပြုပ်အသားနွှာ
  • ဂျင်းအနည်းငယ်
  • ငရုတ်ကောင်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူဆီချက်
  • ကြက်သွန်မိတ်
  • ငရုတ်သီးမှုန့်
  • သံပုရာသီ
ဆန်ကောင်းကောင်းလေးနဲ့ပြုပ်ရင်ပိုမွှေးပါတယ်။ ဒီမှာတော့ ထိုင်းက သွင်းတဲ့ Jasmine ကိုသုံးပါတယ်။ ဆန်ကိုဆေးရေအများကြီးထည့်၊ ကြက်သွန်နီအဖြူ မျိုးကို ပါးပါးလှီးထည့်ပြီးပြုပ်ထားလိုက်ပါ။ ပွက်ပွက်ဆူလာရင် ဆန်ပြုတ်ရည်က အစမ်းရောင်လေးသန်းနေပါလိမ့် မယ်။ ငါးပြုပ်အသွားနွှာထားတာကိုထည့်လိုက်ပါ။ ဆားထည့်ပါ၊ ငါးငံပြာရည်နဲနဲထည့်ပြီး ပိုပြီး ပျစ်လာအောင် တည်ပါ။ ဆန်လုံးတွေကြေပြီးခပ်ပြစ်ပြစ်ဖြစ်လာပြီဆိုရင်တော့ ငရုတ်ကောင်းထည့်မွှေပြီး သုံးဆောင်လို့ ရပါပြီ။ တွဲဖက်စားဖို့ ဆီချက်ရယ်၊ ကြက်သွန်မိတ်ရယ်၊ ငရုတ်သီးမှုန့်၊ သံပုရာရည်တစ်ခါတည်းညှစ်ထည့် ပြီးသုံးဆောင်ပါ။ ငရုတ်ကောင်းပိုကဲချင်ရင်ထပ်ထည့်လိုက်ပါအုံး....

ငါးမဟုတ်ဘဲ ကြက်သားနဲ့ဆိုရင်တော့ ဆန်ကိုစပြုပ်တဲ့အချိန်မှာ တစ်ခါတည်းရောပြုပ်လိုက်ရုံပါ။

Comments

  1. ကျမလည်း အတူတူပဲ အရင်ကဆန်ပြုပ်မစား
    တတ်ဘူးအခုတော့ အရမ်းကြိုက်တယ်။ ဘဲသား
    ဆန်ပြုပ်ငါးရံ့ ဆန်ပြုပ်၊ ကြက်သားဆန်ပြုပ်၊ ထိုင်းကဆန်ပြုပ်ကို နံနက်စာ အဖြစ်စားကြတယ်။ ရောက်တုန်းဝယ်စားတာ အရမ်းကောင်းတာပဲ။ ဂျင်းဖတ်မျှင်မျှင်လေးနဲ့ အသားကိုငါးဆုပ်လုံးလေး
    တွေလို လုပ်ပြီး ကြက်သွန်မိတ်၊ ငရုတ်သီးမှုန့်နဲ့ စားလို့အရမ်းကောင်းတယ်။ ဒီမှာတော့ ဆန်ပြုပ်အတွက် သီးသန့် ထိုင်းက စကွဲတွေရတယ် တမင်လုပ်ထားပုံပဲ။ အရမ်းမွှေးတာပဲ။

    ReplyDelete
  2. ဟုတ်တယ် ခုမှ ဆန်ပြုတ်ကြိုက်တတ်လာတာ။ အိမ်မှာတော့ maggie ကဆန်ပြုတ်ထုတ်ပြုတ်လိုက်တာပဲ။ ဆေးဘဲဥ၊ ကြက်သွန်မိတ် နဲ့ ငရုပ်ကောင်းထည့်စားရင် အရမ်းစားလို့ကောင်းတယ်။

    ReplyDelete
  3. တို့လဲ ဆန်ပြုတ်ဆို ချဉ်ငန်စပ်စားတယ် :)

    ReplyDelete
  4. ဆန်ပြုတ်ကိုသံပုရာရည်ငရုတ်သီးမှုန့်နဲ့မစားဘူးသေးဘူး။
    စားကြည့်အုံးမယ်။ကျမလည်းဆန်ပြုတ်ကြိုက်တယ်။

    ReplyDelete
  5. ကူးကူးရေ

    ဆန်ပြုတ်ကို သံပရာသီးညှစ်ပြီးတော့ မစားဘူးဘူး

    စားချင်စရာ ငါးဆန်ပြုတ်လေးပါ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  6. ငယ်ကတည်းက ဆန်ပြုပ်ကြိုက်တယ်..။
    အိမ်က ဆိုင်ကြောင့် ကြက်ရိုးတွေပေါများနေတတ်တယ်။
    ဆိုတော့..ကြက်ရိုး ကြက်တောင်ပံ ကြက်ခြေထောက်စွပ်ပြုပ် လုပ်စားဖြစ်တယ်..။
    အခုဒီမှာက ကြက်သား ရယ် မုန်လာထုတ်တွေရယ်
    ရောပြီး ချက်တဲ့ ဆန်ပြုပ်ကြိုက်တယ်..။
    အီကြာကွေးနဲ့ စားရတဲ့ဆန်ပြုပ်လဲကြိုက်တယ်။
    ငြုပ်သီးမှုန့် သံပုရာသီးနဲ့တော့ မစားဖူးဘူး။


    ပေါက်

    ReplyDelete
  7. ဆန်ပြုတ်ကြိုက်တာများ ပြောမပြောချင်ဘူး ငယ်တုန်းကလေ ဖျားပြီဆိုအရမ်းပျော်တာ
    ဘာလို့ဆိုတော့ ဆန်ပြုတ်စားရတော့မယ်ဆိုပြီးလေ..
    အိမ်မှာက ဒီတိုင်းဆော့ဆန်ပြုတ်မစားကြဘူး ဖျားမှ ဆိုင်ကနေ ၀ယ်ကျွေးတာဆိုတော့ ဖျားပြီဆိုသိပ်ပျော်တာဘဲ...
    ခုထိလည်းဆန်ပြုတ်ကြိုက်တုန်း
    ကချင်ဆန်ပြုတ်တော့ အရွက်လေးတွေပါ ပါတယ်လေ..
    ကြိုက်တယ်.. ဆန်ပြုတ်ဆို ဘယ်လိုပြုတ်ပြုတ်ကြိုက်ပြီးသားဘဲ..

    ReplyDelete
  8. ဆန်ပြုတ်ကို နေမကောင်းရင်တောင် မစားဘူး။ ခုလို သံပုရာသီး၊ ငရုတ်သီးမှုန့်နဲ့ဆိုတော့ စားချင်လာပြီ။ ချဉ်စပ်လေးဆို ကြိုက်တတ်တယ်လေ။ ပြုတ်သောက်ကြည့်ဦးမယ် မမကူးရေ။

    ReplyDelete
  9. ချမ်းအေးအေးနဲ့ ဆန်ပြုတ်ပူပူလေး သောက်သွားပါတယ် ကူးရေ...

    ReplyDelete
  10. သွေးတိုးသမားနော် သတိထား.... အစားတွေ ဆင်ခြင်ဦး :P :P :P

    ReplyDelete
  11. ငါးဆန်ပြုတ်လေး သောက်သွားပါတယ်.. :)

    ReplyDelete
  12. သွေးတိုးသမားပေမယ့် ဆန်ပြုပ်လေးတော့သောက်ခွင့်ပေးပါကွယ်..ကွိရယ်..း))) ဟီးးး

    ReplyDelete
  13. ဆန်ပြုတ်လေး လာမြည်းကြည့်သွားတယ် မမကူးရေ... စကားမစပ်လေ မမမှာ Facebook ရှိလားပာင်။ ရို့စ် ဖေ့ဘုတ်မှာ စန္ဒကူး Sandakuu ဆိုတဲ့ နာမည်နဲ့ သွားအက်ဒ်ထားတယ်။ မမမှ ပာုတ်ပါ့မလားလို့။ အခုက နာမည်ကြီးတဲ့ သူတွေဆို အတုတွေ လုပ်ပြီး Facebook Account တွေ လုပ်ကြတယ်လေ။ အဲ့ဒါကြောင့် မေးတာ။ မမနဲ့ ခင်ချင်တယ်။

    ReplyDelete
  14. I used to be able to find good advice from
    your content.

    Also visit my homepage :: http://rhiyo.com/dlcwiki/index.php?title=User:KristyDry

    ReplyDelete
  15. Useful info. Fortunate me I discovered your website accidentally, and I'm stunned why this accident didn't came about earlier!

    I bookmarked it.

    Feel free to surf to my web blog: ford ranger

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ