Skip to main content

မြွေ... သေပီ

၂၀၀၉ ဒီဇင်ဘာအိမ်ပြန်တုန်းက ညတစ်ညရဲ့သန်းခေါင်မှာ... ဘဲအုပ်တွေ အသည်းသန်အော်ပီး အစုလိုက် အိမ်နောက်ဘဲခြံထဲကထွက်ပြေးတယ်။ ကျွန်မတို့တစ်အိမ်လုံးလဲ လန့်နိုးလာတာပေါ့.. အမှောင်ထဲ ဓာတ်မီးနဲ့ လိုက်ကြည့်လဲမမြင်ရဘူး၊ သခိုးလား၊ အကောင်တစ်ကောင်ကောင်လား သို့လော သို့လောနဲ့ပေါ့။
၂၀၁၀ ဇန်န၀ါရီလထဲ တစ်ညနေခင်းမှာ အိမ်ကိုဧည့်သည်တွေထမင်းဖိတ်ကျွေးတဲ့နေ့ညနေ မောင်လေးနဲ့ သူငယ်ချင်းလဲရှိနေတဲ့ညနေမှာ ကြက်မကြီးက စူးစူးဝါးဝါးအော်ပီး ခွပ်နေတဲ့အသံတွေကြောင့်သွားကြည့်တော့ မှ တရားခံကိုရှာတွေ့တယ်။ မြွေ အကြီးကြီးပါ.. ကြက်ကလေးတွေကိုလာစားတာ ကြက်အမေကလဲ အသဲသန် ကာကွယ်တယ်။ နောက်တော့ မေ့လဲသွားရော.. မာမီက အဲဒီကြက်မကြီးနောက် အိမ်နောက်ဘေး အဆောင် သေးလေးမှာ သတ်သတ်သွားခွဲထည့်ပီး တံခါးလုံအောင်ပိတ်လိုက်တယ်။
ဧည့်သည်နိုင်ငံခြားသားတွေပြန်သွားတော့ မောင်လေးရယ်..မာမီရယ် ကူးသူငယ်ချင်းယောက်ျားလေး က ကြက်မကြီးကို အဲဒီအိမ်လေးထဲကနေထုတ်ဖို့ တံခါးလဲဆွဲဖွင့်လိုက်ရော.. ရှူးးးးး ကနဲ့ မြွေကြီးက ခေါင်းထောင် ပီး အဲဒီအိမ်အသေးထဲကနေထွက်လာပါတယ်။
မောင်လေးနဲ့ သူငယ်ချင်းက ထွက်ပြေးပါတယ်။ အမှောင်ထဲမှာမို့ မြွေကလဲကြီးတော့ မသတ်နိုင်ခဲ့ဘူး။
အဲဒီနေ့ကနေစပီးတော့ သူငယ်ချင်းက လယ်ယာပစ္စည်းတွေသွင်းတဲ့ သူဆီက မြွေသတ်တဲ့ဆေးမှာပေးခဲ့ တယ်။ ပေါင်ဒါမှုန့်လေးတွေပါ၊ အဆူးလေးတွေပါတယ် တဲ့..မြွေလာတဲ့လမ်းဖြူးထားရင် မြွေကဖြတ်လာလို့ သူ့ကိုယ်မှာအဲဒီအမှုန့်တွေထိမိရင် အဲဒီအမှုန့်ထဲကမမြင်နိုင်တဲ့ ဆူးလေးတွေက မြွေရဲ့ခန္တာကိုယ်ထဲ စူးဝင်ပီး အဆိပ်အဆိပ်ခြင်းမိပီး မြွေက အားနည်းလာပီး သူ့တွင်းထဲမှာဘဲ အပိုင်းပိုင်းပြတ်ပီး သေသွားတာတဲ့။
ဆေးပေးတဲ့သူပြောပြချက်အရပါ.. အဲဒါကို ကူးက ညီမလေးနဲ့တိုင်ပင်တော့ သူကပြောတယ် မြွေကိုအရမ်း ရက်စက်ရာများကျမလားပေါ့။ နောက်ပိုင်းလူကိုပါအန္တရာယ်ပေးနိုင်တဲ့အနေထားထိသူကဆိုးလာတော့ အဲဒီ တစ်ကောင်ကိုတော့ အဲဒီဆေးနဲ့ရှင်းလိုက်ရတယ်။ သေသွားလား၊ အိမ်ပြောင်းသွားလား..မသိဘူး။ မတွေ့တော့ ဘူး။
နောက်တစ်ကောင်.. ဒီအကောင်ကပိုဆိုးတယ်၊ ဆေးထိလဲမမှုပါဘူး၊ သူက ကြက်ဥဘဲလာလာခိုးစားတာပါ။
ကျွန်မနဲ့ညီမလေး အဝေးကနေနေ့တိုင်း (၃)လရှိပီ..အဲဒီမြွေကြောင့်စိတ်မအေးရဘူး။
မနက်မောင်လေး အွန်လိုင်းရောက်တာနဲ့..အရင်ကတော့ ပါးပါးမာမီနေကောင်းလားပေါ့  အခုတော့
မြွေ..မြွေ ဘာထူးလဲ..
မနေ့ညက ကြက်ကလေးနှစ်ကောင်
မြွေ မြွေလာသေးလား..
ညက ကြက်ဥတွေစားသွားတယ်..
မြွေမြွေ ကြက်ဥလာစားသေးလား...
ဘဲကလေးတွေ မြိုသွားတယ်..လိုက်သတ်လို့မရဘူးတဲ့...
ဒီလိုနဲ့ မနေ့ညကတော့ မောင်လေးက သူကိုယ်တိုင်အဲဒီမြွေကိုသတ်လိုက်တဲ့အကြောင်းပြောပြတယ်။
မြွေကတော်တော်ကြီးပါတယ်။ အောက်ဆုံးနှစ်ပုံက အဝေးကနေလှမ်းရိုက်ထားတာ.. ကြောက်လို့ 
11:19 AM Maung: hello
  good morning
 me: helo
11:20 AM yea
  any newsss snake?
11:21 AM Maung: last night i killed the snake
  i will send you pictures
 me: you??
  you killl?/
 Maung: ya
 me: how?
 Maung: yes
11:22 AM သူက ကြက်ဥလာခိုးစားနေတာ
  king cobra
 me: ohhh
11:23 AM Maung: yes
 me: where picture
11:24 AM Maung: i will send
11:26 AM ကြက်ဥ ၂ လုံးက ဗိုက်ထဲမှာ
နောက်တစ်လုံးက သူ့ပါးစပ်ထဲမှာ
11:27 AM me: you careful
  cozz if he picture your face
  his relatives will come
11:28 AM Maung: some people on the streets သူတို့ စားချင်တယ်ဆိုလို့ ပေးလိုက်တယ်
11:29 AM me: did you smash his head??
11:31 AM Maung: လက်တစ်ဖက်က မှိန်းနဲ့ လည်ပင်းကိုထိုးထားတာ
နောက်တစ်ဖက်က ဒုတ်နဲ့ သူ့ခေါင်းကိုရိုက်တာ
ရိုက်နေရင်းနဲ့ မြွေက မှိန်းကနေလွတ်ပြီးတော့ ပါးပြင်းထောင်လာရော
အိမ်နောက်မှာ
အိမ်ထဲလဲဝင်ပြေးလို့မရတော့ဘူး
နောက်တော့ မှိန်းနဲ့ထပ်ထိုးတော့ ငါ့ပဆိုးကျွတ်သွားရော
လက်တွေကလဲမအား
 me: arrrrrrrrr
 Maung: နောက်တော့ မှိန်းနဲ့ ထပ်ထိုးတာ သူ့ပါးပြင်းကိုဖောက်သွားတော့ သူဘာမှမတတ်နိုင်တော့ဘူး
11:32 AM သူသေကိုယ်သေပဲ
 me: hahahhaha
11:34 AM you no longyi and
  kill snake?
 Maung: စလွယ်သိုင်းထားတယ်
11:35 AM me: haha
  nobody help?
 Maung: papa want to help
  but he is inside home
 me: arrrrrr no
 Maung: they both worrying for me
 me: so you alone kill?
11:36 AM Maung: yes papa bring some sticks for me to kill သူငယ်ချင်းကလဲဝမ်းသာရှာပါတယ်။ မြွေအကြောင်းသူ့မှာတစ်မေးမေးနဲ့ တောင်ကြီးရောက်လဲ စိတ်ပူ၊ တစ်နေရာရောက်တိုင်းအွန်လိုင်းတက်ပီးမြွေအကြောင်းမေး တယ်။ ဒီနေ့တော့ မြွေသေသွားတဲ့အကြောင်းပြောတော့ သူက..
cnyinyi: မြွေမှာဟိုဆေးတွေပေနေသေးလားအရင်ရက်တွေက
အဲဒီဆေးတွေပေနေရင် အပူချိန်အမြင့်ဆုံးနဲ့ချက်မှရမှ
မဟုတ်ရင်လူကိုပါသေစေနိုင်တယ်
ဆေးရဲ့ဓာတ်တွေရှိနေရင်

10 minutes

12:35 PM Maung: oh
12:36 PM 
  i don't know
  ဘာဆေးမှမပေဘူးထင်တယ်
 me: ok
  coz if that medicine powder still in his bodydangerous to eat
 Maung: coz that snake came night before yesterday too
 

Comments

  1. မြွေကြီးက ကြောက်စရာ ညီမရယ် ...
    အစ်မတို့ဆို မြွေအရှင်လည်း ကြောက်။ အသေလည်း ကြောက် ..
    Zoo ထဲက မြွေလည်း ကြောက်တာပဲ ..

    ကူးကူး မောင်လေးက သတ္တိ ရှိလိုက်တာ။
    မြွေနဲ့ တိုက်ပွဲဝင်တာ သူသေ ကိုယ်သေပဲနော် ...
    ပုဆိုး ကျွှတ်သွားတယ် ဆိုလို့ ရယ်မိသေးတယ်။

    မချို

    ReplyDelete
  2. အရင်တစ်ခါ
    ဆောင်းနှင်းတို့ ခြံထဲ ၀င်တဲ့
    မြွေကတော့ လင်းမြွေ ..
    သရက်ပင်ပေါ်မှာ ရှိတဲ့ ငှက်သိုက်ကို လာတာလေ ..

    အားပါးးပါးးး ...
    တော်တော် ကြီးတာ
    အိပ်တဲ့ ကုတင် တစ်ခုလောက်များ
    ရှည်မလား မသိဘူးးး ..
    တော်တော် လည်း ရှည်တယ် ..
    ဗိုက်နေရာ ကလည်း ပူနေတယ် ..
    ကြည့်ရတာ ကြက်သီးတွေ ထသွားတာပဲ ..

    ReplyDelete
  3. အမတို့ခြံထဲလဲ မြွေကနေပါတယ်၊ အိမ်ထဲ ဧည့်ခန်းထိတောင် မြွေကြီးက မျက်စိလည်လည်လာလို့ အဖေက မေတ္တာပို့ ပရိတ်ရည်နဲ့ ရွတ်ဖတ်ပြောလိုက်တာ နောက် အိမ်အပေါ်တတ်မလာတော့ဘူး၊ ခြံထဲကိုလည်း လူသူအိပ်ချိန်မှ ထွက်တော့တယ် ၊ သူ့ခမျာ အပစ်မရှိပါဘူး သူ့အစာအတွက် အစာရှာရတာ ညီမရယ် ၊ သတ်ဖို့ထိတော့ သနားပါတယ် ၊ နောက်ဆို အမအဖေလုပ်သလိုလုပ်ကြည့်ပေါ့ ၊

    ReplyDelete
  4. မြွေကြီးကြောက်စရာကြီး....
    ကူးကူးမောင်လေးက အာဂပဲ..။

    ReplyDelete
  5. မမပန်းခရမ်းပြာ... ကူးလဲမြွေကြောက်ပါတယ်။ သူပြောတော့နောက်တယ်ထင်တာ.နောက်မှတစ်ကယ်ပုဆိုးကျွတ်တာတဲ့း).. သူက ငပြောင်..အစကတည်းက အဲဒီမြွေကို သူ မြှားတိုလေးတွေပစ်တာ လေ့ကျင့်ဖို့ ဆေးနဲ့မသတ်ချင်ဘူးတဲ့..

    ဆောင်း... ဟုတ်တယ်အရှည်ကြီးဘဲ.. အမြီးဖြတ်မြင် ကိုယ်ဖြတ်မြင်ဆိုတော့အဲလောက်ကြီးမှန်း မသိဘူး..

    Tina Kyi.. မရေ. သူများအဲလိုလုပ်တာရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမြွေကလေ တော်တော်ဆိုးတာ..မရဘူးရယ်.. ဆေးမှုန့်တွေဖျန်းတာလဲ သူမလာအောင်..လုပ်တာ..လာတာဘဲ.. ကြက်တွေ ဘဲတွေသတ်နေတော့ များလာတော့လဲ စိတ်တိုလာရော.. လမ်းထိပ်က ဆိုက်ကားသမားတစ်ယောက်လဲ အကိုက်ခံရတယ်... ဆေးရုံရောက်ပီးဘာသတင်းမှ မကြားတော့ဘူး

    မောင်လေးကတော့ မြွေသတ်နိုင်လို့ဝမ်းသာနေတယ်။
    အထူးသဖြင့် သူ့ကြက်ကလေးတွေ ဘဲလေးတွေ အသက်လုံလုံခြုံခြုံရှိရင်ကျေနပ်ပါပီလေ..

    ReplyDelete
  6. အကြောက်ဆုံးအရာဟာ မြွေပဲ။
    ကြက်သီးတောင်ထတယ်။

    ReplyDelete
  7. ညီမ မောင်လေး သတ္တိရှိလိုက်တာ..။ အမဆို ကြောက်တာနဲ့ သေမှာ..၊ အန္တရာယ်သိပ်များတာ ညီမ။ တော်သေးတာပေါ့ လူဘာမှ မဖြစ်တာ။

    ReplyDelete
  8. မြွေဆိုတအားကြောက်တာ

    ထော

    ReplyDelete
  9. မြွေတွေကလေ အငြိုးလည်း ကြီးတယ်နော်။ တစ်ကောင်သေသွားရင် နောက်တစ်ကောင်လည်း လာတတ်တယ် သတိထားသိလား။ နောက် မြွေက အမည်းကြီး အဲဒါ အဆိပ်များတယ် သူတို့သွေးတွေဘာတွေ သေချာဆေးပစ်နော်။ အိမ်ထဲလေည်း လုံအောင် ပိတ်ထားအုံး တိတ်တိတ်ဝင်နေမှာစိုးလို့ပါ။ ခန္ဓာသုတ်ရွတ်သိလား။

    ReplyDelete
  10. မကောင်းတဲ့ မတရားလုပ် ကြတဲ့ အကောင်တွေ (သူအစာ သူရှာစားပေမဲ့ ပိုင်ရှင်ရှိသည် လူလည်းကိုက်တော့ ) သေတာကောင်းပါတယ်..

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  11. သတ္တဝါတစ်ခု ကံတစ်ခုပေါ့၊ မြွေကို ကားနဲ့ ကြိတ်မိဘူးတယ် ဒီနေ့ထိ စိတ်မကောင်းဘူး၊

    ReplyDelete
  12. ဒီလောက်ကြီးတဲ့မြွေတခါမှမမြင်ဘူးသေးဘူး။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ