Skip to main content

Cebu ခရီးစဉ် (၂)



ကျွန်မတို့တည်းတဲ့ hotel (၅) ထပ်မြောက်၊ အခန်းထဲမှာ ခုတင် (၃) ခုရှိတယ်... triple room ဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျွန်မနဲ့ သူငယ်ချင်း နှစ်ယောက်ဘဲဆိုတော့ အလယ်က ခုတင်မှာ ကွန်ပြူတာတင်ထားလိုက်တယ်။ ထုံစံအတိုင်းရောက်ရောက်ချင်းညမှာဘဲပင်ပန်းလွန်းလို့ အိပ်ပျော်သွားတာ ခုတင်ပေါ်က ပြုတ်ကျမှဘဲ နိုးတော့ တယ်။ မှတ်မိသလောက်တော့ ခုတင်ပေါ်ရအောင်ပြန်ခွေတက်ပီး အိပ်ပျော်သွားပြန်ရော။။ နောက်နေ့တော့ ခုတင်နှစ်လုံးဆက်ပီး အိပ်တော့ မပြုတ်ကျတော့ ပါဘူး။  သူငယ်ချင်းအမကြီးကလာနှိုးတယ်..ထတော့.. ကျွန်မက အင်း..ဆိုပီးပြန်အိပ်ပျော်သွားရော..သူကမနက်စာကျွန်မအတွက်ပါသွားယူလာထားပေးတယ်..
အသီးနှံတွေရယ်၊ sandwich ရယ်၊ နို့တစ်ဗူးရယ်၊ ခေါက်ဆွဲကြော်( ဆီမတွေ့ပါ) နဲ့...nuts လေးတွေ...
ကျွန်မလဲမထလို့မရတော့ဘူး..အသဲသန်ထ ရေချိုးခန်းထဲပြေးဝင်...အိတ်ထဲကိုပစ္စည်းတွေထည့်.. အ၀တ်စား ၀တ်ပီး ပြေးရတာ.. bus no.1  ကားပေါ်တက်တော့ အားလုံးကလက်ခုပ်ဝိုင်းတီးပီး စကြတယ်... နောက်ကျတာ ကိုး။  ကျွန်မလဲ အိပ်ချင်မူးတူးဆိုတော့ ကားကြီးကြီးရဲ့ လျှောက်လမ်းကိုတောင် ရိုင်တိရိုင်တိုင်ဖြစ်နေလို့ အနောက်က သူငယ်ချင်းအမကြီးက လှမ်းထိမ်းထိမ်းနေရတယ်..ထိုင်မယ့်ခုံနေရာရောက်တော့ ပြတင်းပေါက် နားကပ်ထိုင်းရင်း.. နံနက်စာအထုပ်ထဲက စားလို့ရသမျှအကုန်စားပစ်လိုက်တယ်..ပီးရင်တော့လွယ်ထားတဲ့ အိတ်အကြီးကြီးထဲက အလှပြင်ပစ္စည်းတွေထုတ်... ကားပေါ်ရောက်မှ အလှပြင်ရပါတယ်... eyeliner နဲ့ mascara ကတော့ ကား မီးပွိုင့်မိလို့ခဏရပ်တဲ့အချိန် မှာ ဆိုးရတယ်... Tour guide အမကြီးကတော့ အရှေ့ဆုံးမှာရပ် နေပီးစကားရွှန်းဆိုနေအောင်ပြောပါတယ်...ပထမဆုံးသွားမယ့် တရုတ်ဘုန်းကြီးကျောင်း လှေခါးအဆင့် ဘယ်နှစ်ဆင့်ရှိတယ်ဆိုတာကအစ သေချာရှင်းပြပါတယ်.. လမ်းဘေးတစ်လျှောက်လှမ်းကြည့်တော့ ထူးထူးဆန်းဆန်းလှတာမရှိပေမယ့် tourist တွေစိတ်ဝင်စားအောင် ပြောတတ်တာ၊ သူတို့နိုင်ငံလေးကို လူအများစိတ်ဝင်စားအောင် နိုင်ငံခြားဝင်ငွေတွေရအောင်လုပ်နိုင်တဲ့ အစွမ်းကိုတော့ ချီးကျူးမိပါတယ်။
တော်တော်လေးမြင့်တဲ့ တောင်ကုန်းပေါ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းပါ။ အထဲကိုတော့ ဓာတ်ပုံရိုက်ခွင့် မပေးပါဘူး။ အထဲဝင်မယ်ဆိုလဲ လက်ပြတ်တို့ အတိုတို့ မ၀တ်ရပါဘူး။ ၀တ်ရုံရှည်တစ်ခု ခြုံပေးမှ ၀င်လို့ရပါတယ်။ လက်ဘက်ရည်ကြမ်းတော့ အလကားတိုက်ပါတယ်။ နှစ်ခွက်လောက်သောက်ခဲ့တယ်။ မြန်မာ ပြည်ကရေနွေးကြမ်းနဲ့အရသာလေးကွာပေမယ့် တက်လာရတဲ့အမောတော့ ပြေသွားတယ်လေ။




ဒါအပေါ်တစ်ဝက်ရောက်တော့ လှမ်းရိုက်ထားတဲ့ မြင်ကွင်းပါ။


အုန်းဌက်ပျောလို့ခေါ်မလားအပင်ကြီးတစ်ခု ဖြာထွက်နေတာ အတက်လှေခါးဘေးမှာ ရှိတယ်...လာတဲ့သူတွေ စာတွေရေးထားတာအများကြီး...ဘာတွေလဲတော့မသိဘူး...


ဟုတ်တယ်..ဒီလိုရောင်စုံနဲ့ ကာတွန်းလိုကားလေးတွေက ဒီမှာတော့ bus ပေါ့...  ကားမောင်းသမားကိုပိုက်ဆံ ပေးရင် ကားစီးတဲ့သူတွေစီတစ်ဆင့်ပီးတစ်ဆင့်လှမ်းပေးကြတယ်။ စပယ်ယာလိုဘူးပေါ့။


လမ်းမကြီးအလယ်မှာလဲ ဒီလိုလေးတွေအလှဆင်ထားသေးတယ်..


ကျွန်မခုံဝင်မထိုင်ခင်လေးမှာ အပြင်ကဆိုင်တန်းမှာ လက်ဆောင်ပစ္စည်းလေးတွေရောင်းတာတွေ့တယ်။


နောက်ထပ်သွားတဲ့နေရာတွေကတော့ ရှေးဟောင်းဘုရားကျောင်းတွေနဲ့ ပွဲတော်တွေစည်ကားနေတာပါ။ ကျွန်မကတော့ သူများတွေအောက်ဆင်းလျှောက်ကြည့်တဲ့အချိန် ကားပေါ်မှာ ခွေပီးအိပ်နေကျန်ခဲ့တော့ ပုံတွေမရိုက်ဖြစ်တော့ဘူး။ ကားပေါ်ကနေ လှမ်းရိုက်ဖြစ်တဲ့ တစ်ပုံဘဲပါလာတယ်။


ညနေပြန်ရောက်တော့ ညစာစားပီး အခန်းထဲပြန်ဝင် ချောင်းလဲအရမ်းထပ်ဆိုးနေပီး ကိုယ်လဲ ပူနေပြန်ပါတယ်။ ခရီးပန်းတာနဲ့ဖျားတတ်တဲ့ကျွန်မအကျင့်ဆိုးကိုလဲမုန်းမိပါတယ်။ မနက်ဖြန်တော့ bohol ဆိုတဲ့ ကျွန်းလေးကိုသွားလည်မှာပါ။ ဒီအကောင်လေးတွေရှိတယ်.. အရမ်းချစ်ဖို့ကောင်းတဲ့အကောင်လေးတွေ.... ကမ္ဘာပေါ်မှာအသေးဆုံးမျောက်လေး တွေပေါ့။  ဆက်ရေးမယ်နော်.








Comments

  1. ဓာတ်ပုံတွေနဲ့ ပြထားလို့
    ဒီကနေပဲ အလည်သွားလိုက်တယ်နော်
    ဆက်ရေးဦးနော်
    အားပေးလျက်ပါ

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ