Skip to main content

Posts

Showing posts from August, 2009

အမဲရိုးစွပ်ပြုပ်

နံရိုးစွပ်ပြုပ်လုပ်သောက်ဖို့အတွက် အမဲ နံရိုးနုလေးတွေကို ၁ နာရီလောက်ကားမောင်းရတဲ့ တောင်ပေါ်တက် ပီး သွားဝယ်ရပါတယ်။ စူပါမားကတ်တွေနဲ့၊ အသားဆိုင်တွေမှာလဲရောင်းပေမယ့် ၀က်သားနဲ့ တွဲတွဲထားလို့ ကျွန်မစား လို့မရတာကြောင့်မ၀ယ်ဖြစ်ပါဘူး။ အသားစားချင်ရင်တစ်ကူးတစ်က တောင်ပေါ်မှာသွားသွားဝယ်ရပါတယ်။ အဲဒီမှာတော့ အမဲသားအကုန်သီးသန့်ရောင်းတာမို့ ခေါင်းကနေ အမြီးအဆုံး အကုန်ဝယ်လို့ရပါတယ်... ၀က်သားတွေ ရောင်းတဲ့ဆိုင်မှာ ၀က်နားရွက်လေးတွေရောင်းတာတွေ့ဖူးတယ်။ ကျွန်မချစ်သူပြောခဲ့ဖူးတဲ့ နွားနရွက် သုပ်စားချင်တယ် စကားကြောင့် ဒီလို စုံတဲ့နေရာမှာ နွားနားရွက်လေးများရောင်းတာရှိမလားလို့ မျက်လုံးဝေ့ လိုက် ရှာကြည့်သေးတယ်။ မရှိဘူး။ အမြီးတော့တွေ့တယ်..း) ခေါင်းအရေခွံတွေလဲတွေ့တယ်.. ရာဘာလိုအပြားတွေ... ကဲဒါနဲ့ဘဲ လိုရင်းကမရောက်ဘူး။ ရင်နူးရိုး၁ ကီလိုဝယ်လိုက်တယ်။ အရိုးကလေးတော့ ၁ကီလိုကနဲနဲဘဲရပါတယ်။ အသားတွေလဲ ကပ်ပါနေသေးတယ်... နောက်တော့ အသားနဲနဲထပ်ဝယ်ပီး ပြန်လာခဲ့တယ်... ရေနဲ့သေချာဆေး..အချွဲအသားလေးတွေလှီးထုပ်ပီး... ဆားနဲ့ နယ်ပီး ၅ မိနစ်နောက်ထားထားလိုက်တယ်။ နောက်မှ ပြုပ်မယ့်အိုးကို ပူအောင်တည်ပီး အရိုးတုံးတွေထည့် အရေခွံတင်းလာအောင်ခဏ မွှေလိုက်ပါ

မိုဘိုင်း upload

ရုံးပိတ်ရက်တစ်ရက်မှာ အိမ်ဘေးက အန်ကယ်အန်တီတို့နဲ့ မောလ် တွေဆီပါသွားတာ.. သူတို့ က တော့  nuts တွေလိုက်ရှာဝယ်တာနဲ့ ကူးကူးကတော့ ၀ယ်စရာထွေထူးမရှိတာမို့ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံ လိုက်ရိုက်ပီးယူလာခဲ့ပါတယ်... နံပြားလိုTortillas တစ်ထုပ်တော့ဝယ်ခဲ့တယ်။ နံနက်စာ အထဲမှာ ပဲ၊ အသီးရွက်နဲ့ cheese ထည့်လိပ်ပီး စားဖို့။ (သိပ်မကြာခင်မ၀ယ်စားတော့ဘူး..ကိုယ်တိုင်လုပ်ဖို့အစီစဉ်ရှိတယ်..လုပ်ဖြစ်မှတင်တော့မယ်၊ ၀ယ်ရတာဘဲ ပို ကုန်မလား...ကိုယ်တိုင်လုပ်မှပိုကုန်မလာမသိဘူး..ဆင်ဖိုးထက် ချွန်းဖိုးကြီးနေလဲမကိုက်ဘူးလေ) နှင်းဆီ ခရမ်းရောင် ပထမဆုံးတွေ့ဖူးချင်းပါ... အရမ်းလှတယ်... ထမင်းစားပွဲပေါ်အလှတင်ဖို့လုပ်ထားတဲ့ ပုလင်းရှည်လေးထဲမှာ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတွေ စီရီ ထည့်ထားတာလဲ ချစ်စရာလေးတွေ.... (လိုချင်သူများစာရင်းပေးနိုင်သည်..ပုလင်းအကြီးတော့ မရဘူး..သေးသေးလေးဝယ်ပေးမယ်) သူတို့ရိုးရာအရုပ်တွေမဲတူးတူးနဲ့ (ကိုကြီးသူသာလျှင်တောင်သတိရမိသေး..ဟိဟိ) နားကွင်းကြီးတွေနဲ့ထိုင်နေတဲ့ သစ်သားရုပ်တုတွေ...သိမ်းဌက်တွေလဲလှတယ်... အကြိုက်ဆုံးကတော့ မီးပုံးအနောက်က ချိတ်ထားတဲ့ အိကျီတွေပါ..နွေရာသီနဲ့တော့ တော်တော်အဆင်ပြေမှာ... နေကြာစေ့တွေအများကြီးတေ

သီးမွှေးဌက်ပျောသီးပူတင်း

ဌက်ပျောသီးကို ပူတင်းလုပ်ထားတာ၊ နှစ်ပတ်လောက်တော့ကြာခဲ့ပီ။ ဒီနေ့မှာ ပုံတွေ ထည့်လို့ရတာမို တင်လိုက်ပါတယ်။ ဘာလို့ခွက်ကလေးတွေနဲ့ထည့်လဲဆိုတာ တော့သူငယ်ချင်းတွေယူသွားကျွေးရင် လွယ်အောင်လို့ပါ။ အမှန်က စက္ကူလေး တစ်ထပ်ခံရမှာ... ခွက်လေးတွေဘဲဝယ်ပီ စက္ကူအခံလေးတွေ ၀ယ်ဖို့မေ့သွားတာနဲ့။ အောက်မှာထောပတ်ဆီလေးသုပ်ထားတော့ ဖုတ်ပီးကျက်ရင်နဲနဲလောက် ဇွန်းအရှည် လေးနဲ့ ထိုးခွာလိုက်ရင်ကြယ်ပုံလေးတွေရပါတယ်။ အပျင်းပြေစားစား၊ ထမင်းစားပီး အချိုပွဲအနေနဲ့စားစား၊ အလုပ်လုပ်ရင်းဗိုက်ဆာလို့စားစား..အဟာရလဲရှိ...ဗိုက်လဲပြည့်တဲ့ ဌက်ပျောသီးပူတင်းလေးပါ။ သီးမွှေး ၆ လုံး ဂျုံမှုန့် - ၃ ဇွန်း ကြက်ဥ နှစ် - ၂ လုံး နွားနို့ - ၂ ခွက် သကြားအနည်းငယ် ထောပတ်ဆီ ၁ ဇွန်း.... သီဟိုစေ့အနည်းငယ်

ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီ

မ၀ါ Tag ထားတာရေးပါ့မယ်။ ကူးချစ်သူတောင်မသိသေးတဲ့အကြောင်းရာမို့ သူ့ကိုပါ ဒီနေရာက နေ ကြို တောင်းပန်ထားလိုက်ပါတယ်။ ကူးကူး ၉တန်းရောက်တော့ရန်ကုန်ပြောင်းရတယ်။ ငယ်သူငယ်ချင်းကျောင်းနေဖက်တွေနဲ့ခွဲရတော့ငိုလို့မဆုံးပေါ့။ အဲဒီအထဲမှာ မအိ လို့ခေါ်တဲ့ အိအိအောင် (သူ့အမေနဲ့ ကျွန်မအမေ ဆေးရုံကြီးမှာ အခန်းတူတစ်ရက်ခြား ကျွန်မတို့ နှစ်ယောက်ကိုမွေးခဲ့ရာကတည်းကခင်ကြတာပါ) နဲ့ ကိုဖြိုး လို့ခေါ်တဲ့ လှိုင်ဖြိုးထက် (ကျွန်မမူကြိုတက်ချင်လို့ တမာပင်ပေါ်ချောင်းကြည့်တုန်းသူတွေ့သွားပီး သူ့အမေကိုအတင်းဝယ်ခိုင်းရာက သူ့အမေကျွန်မတို့ဆီရောက်လာ ရင်းနဲ့ခင်သွားတာ) ကိုတော့ အလွမ်းဆုံးပဲ။ ရန်ကုန်ရောက်တော့ ကျောင်းအသစ် သူငယ်ချင်းတွေအသစ်မှာ ကိုယ်က senior ဖြစ်မှန်းမသိဖြစ်နေပီ။ အဲဒီအချိန် သူငယ်ချင်းမလေးတွေက ဟေ့...လာပီလာပီ.. ဘယ်ညာ..ဘယ်ညာ...နဲ့လှမ်းအော်ကြတော့ ကျွန်မလဲ ယောင်ပီး လှမ်းကြည့်မိတော့ ဘောင်းဘီနက်ပြာအရှည်လေးနဲ့ အိကျီကော်လံအဖြူလေးနဲ့ ဖြူရှည်ရှည် ကောင် လေးတစ်ယောက် စာအုပ်လေးကို လက်မှာဆုပ်ကိုင်ထားပီး လျှောက်လာတာတွေ့လိုက်တယ်။ သူငယ်ချင်းတွေကပြောတာ အဲဒီကောင်လေးက ချင်းတောင်ကလာတာဆိုပဲ၊ စာအရမ်းတော်တယ်၊ သူက ၈ တန်း၊ မာနာကြီးတယ်၊ စကားနည်းတယ်။ ဂ

မှိုဂျင်းမုန်ညှင်းစိမ်း

အခုတစ်ပတ်ကတော့နေရာပြောင်းတော့ ချက်ပြုတ်တဲ့တိုလီမုတ်စလေးတွေဘယ်အထုပ်ထဲ ထည့်မိမှန်းမသိဘူး။ ဟင်းချက်မယ်လုပ်မှ ကြက်သွန် ဖြူနီ လဲမတွေ့၊ ငရုတ်ဆုံလေးလဲမတွေ့၊ ဆားလဲမတွေ့ နဲ့အဆင်မပြေဖြစ်လိုက် တာ။ အိမ်ပြောင်းတော့လဲဒီလိုပါဘဲ။ ခဏပေါ့။ မြူးစ်ရဲ့ဘလော့ကမုန်ညှင်းဟင်းချိုလေးတွေ့တော့အားတက်သွား တယ်... ဈေးနေ့က တောင်ပို့မှိုလား၊ တောမှိုတွေတောင်ပေါ်က အသည်တွေလာဆင်းရောင်းကြတာတွေ့လို့ဝယ်ထားတာ၊ သေချာတိုက်ချွတ်ဆေးကြောပီးရေခဲတဲ့အကန့်ထဲမှာထည့်ထားတာရှိတယ်။ မုန်ညှင်းစိမ်းလေးဝယ်ထားတာနဲနဲရှိ တာနဲ့၊ အမြန်ချက်လို့ရ၊ အဆင်လဲပြေမယ့်ဟင်းတစ်မယ် ဒီနေ့ နေ့လည်စာအဖြစ်စီစဉ်လိုက်ရပါတယ်။ ရုံးက function hall /cafe ထဲဝင်ပီး ကြက်သွန်ဖြူတစ်လုံးနဲ့ ဆားနဲနဲသွားတောင်းလာခဲ့တယ်။ မှိုကိုတော့ မနေ့ ညကတည်းက ရေနည်းနည်းနဲ့နွမ်းအောင် ဂျင်းအပြားလှီးထည့်ပီး နူးအောင်လုံး ထားပီးသားမို့ မုန်ညှင်းကိုဘဲ ရေစင်စင်ဆေး၊ အနေတော်လှီးပီး.. ကြက်သွန်ဖြူကို ဟင်းချက်သုံးတူအသေးလေးနဲ့ ထုထားလိုက်ပီး ဆီသတ်၊ မုန်ညှင်းစိမ်း (အခါးမျိုးမဟုတ်) တွေကို ထည့် ရေထည့်၊ အရသာဆား၊အချိုမှုန့်ထည့်ပီး...ပွက်ပွက်ဆူလို့ နွမ်းရင်တော့ လုံးထားတဲ့ မှိုအကောင်လိုက် တွေကို မုန်ညှင်းဟင်းချိုထဲကိ

ကြောင်လျှာသီး craving

အရင်နှစ်ပတ်လောက်ကဘလော့တစ်ကာလိုက်လည်ရင်း ကြောင်လျှာသီးကြော်၊ ဖုတ်၊ တင်ထားတာတွေ့တော့ စိတ်ကထိမ်းလို့မရဘူး.စားချင်တာအရမ်းဘဲ။ ဒါ..နဲ့ဘဲ.. မာမီက လူကြုံနဲ့ဘာထည့်ပေးရမလဲမေးတော့ jungle food တွေထည့်ပေးလိုက်ပါ လို့.. ကြောင်လျှာသီးလဲမမေ့ပါနဲ့လို့ မှာလိုက်တော့ သတင်းစာရွက်နဲ့ ထုပ်ထားတဲ့ ကြောင်လျှာသီး ၂ချောင်း၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ ဒညင်းဝက်ကြော် နဲနဲ နဲ့ ဆားမပါတဲ့ နေကြာစေ့ တွေရောက်လာ ပါတယ်။ ကြောင်လျှာသီးကိုတွေ့တွေ့ချင်းပျော်လိုက်သည်ဖြစ်ခြင်း၊ ရုံးကိုယူသွားပြီး..သူငယ်ချင်းတွေကိုအသီးရှည်နဲ့ နောက်က လိုက်ထိုးပီးစနေတာ.. သူတို့ကလဲ ဘာအသီးမှန်းမသိတော့အရမ်းကိုစိတ်ဝင်စားပီး ၀ိုင်းအုံနေကြ တာ။ တစ်ယောက်ပီးတစ်ယောက်ဝိုင်းကိုင်လို့ STOP လို့ပြောထားရတယ်။ သူတို့ကမှ jungly countries.. တွေက လာကြာတာ.. :P.. ကြောင်လျှာသီးတော့လူတိုင်းကြော်တတ်ကြတယ်ဆိုတော့ ဘယ်လိုကြော်လဲတော့မရေးတော့ပါဘူး။ ၄ပိုင်းလောက် ၁ လက်မအတိုလေးတွေကိုတော့ microwave ထဲထည့်ပီး ဖုတ်လိုက်ပါသေးတယ်.. ထမင်းနဲ့စားမလားလို့ ဒီတိုင်းဘဲ ကိုက်စားပစ်လိုက်တော့တာပါဘဲ...း) ကြောင်လျှာသီးလေးနဲ့ ထမင်းလေးနဲ့ ပဲဟင်းပူပူလေးရယ်.. ငရုတ်သီးထောင်းလေးရယ်နဲ့ စားရတာ ကောင်းမှကောင်းး..

ငပိရည်ကျို တို့စရာချို

ကျွန်မတို့အကြိုက်ငပိရည် ကိုစားတဲ့နေရာမှာ အမျိုးမျိုးလုပ်စားခဲ့ဖူးပါတယ်။ အရင်ကတော့ ငပိရည်ထဲမှာ ခရမ်းချဉ်သီးပြုပ်/ဖုတ် ထောင်းထည့်၊ ကြက်သွန်ဖြူ မထည့်မနေရလို့ မှတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးမျိုးစားဖူးလာပါတယ်။ အဲဒီအထဲကမှတ်မိသလောက်လေးတွေပြောပြချင်တာပါ။ ကျွန်မစားဖူးတဲ့သိတဲ့ ငပိရည်ဖျော်နည်းလေးတွေနဲ့သူငယ်ချင်းတွေကောမန့်မှာချန်ထားပေးတဲ့နည်းလေးတွေပါ။ ငပိရည်ကျိုကို၊ ခရမ်းသီးမီးဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထည့်ပီးစားတယ်။ ငပိရည်ကျိုကို၊ ထမင်းပေါ်လောင်းချပီး၊ အချိုမှုန့်နဲနဲဖြူး၊ ငရုတ်သီးမှုန့်နီရဲအောင်ထည့်နယ်စားဖူးတယ်။ ငပိရည်ကျိုကို၊ ပူပူလေးအိုးကအချမှာ ကြက်ဥပြုတ်ကိုပါးပါးလှီးထည့်ပီး ထမင်းနဲ့နယ်စားဖူးတယ်။ (ဒါကတော့သူငယ်ချင်းနီလာရဲ့ နည်းလေးပါ) ငပိရည်ကျိုကို၊ ငရုတ်သီးမှုန့်ဖြူး၊ ကြက်သွန်နီ တောက်တောက်စင်းထည့်ပီး စားဖူးတယ်။ ငပိရည်ကျို ထဲမှာ ငါးပြုပ် အသားတွေ နွှာပီးထည့်ထားတာလဲစားဖူးတယ်။ ငပိရည်ကျိုကို၊ ငရုတ်သီးစိမ်း တံစို့ထိုးပီးကင်၊ ခရမ်းသီး၊ ကြက်သွန်ဖြူမီးဖုတ် ထောင်းထည့်တာကို အကြိုက်ဆုံးဘဲ။ ငါးခူကိုမီးဖုတ် အသားနွင် ငါးရုတ်သီးမီကင်ထောင်း နဲ. ငါးပိရည်ကျိုရောကျို ဆူရင် နံနံပင်တွေအုပ် vista

မြန်မာ့မြေမှ တိုင်းတပါးသို့ (၁)

ကျွန်မမြန်မာပြည်ကထွက်လာတုန်းက ကြောက်ရွံစိတ်တစက်ကလေးမှမရှိပါဘူး။ ကျွန်မချစ်သူက ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ နိုင်ငံရက်ခြားမှာကြုံတွေ့ရမယ့်အခက်ခဲတွေကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုတာရယ်၊ လေယဉ်စီး ရင်ဘယ်လိုနေရမယ်၊ ခါးပတ်ကိုဘယ်လိုသတိထားရမယ်၊ အိတ်တွေကအစ၊ ပတ်စပို့..ကိုမိတ္တူကူးထားဖို့၊ လူများ စကားလာပြောတိုင်းမယုံဖို့ အချက်လက်တွေအများကြီးကို အသေးစိတ်ရေးထားပေးတဲ့ ၄ မျက်နှာစာရွက်ကို print ထုတ်ပီး ခပ်တည်တည်နဲ့ထွက်လာခဲ့တာပါ။ ဘန်ကောက်အထိသူငယ်ချင်းတစ်ယောက်အဖော်ပါလို့ check-in လုပ် တဲ့အခါ အဆင်ပြေပေမယ့် ကီလိုပိုလို့ ၄၀၀၀၀ လောက်ထပ်ပေးခဲ့ရသေးတယ်။ luggage အကြီးကြီးတစ်လုံး၊ အလတ် တစ်လုံး၊ ကွန်ပြူတာအိတ်တစ်လုံး၊ မှတ်မှတ်ရရ နန်းထိုက်တော်ဝင် က အင်းလေးချည်သားကို လက်ပြတ် လေးချုပ်ထားတာရယ်၊ ဘောင်းဘီရှည်အမဲ အဖြူစင်းကျားနဲ့ ၄ လက်မ ဒေါက်ဖိနပ်နဲ့ပါ၊ ဆံပင်က ကောက်ထားတာ ကိုပြန်ဖြောင့်ထားတဲ့ ကြွက်စုတ်ကေလေးနဲ့၊ TG နဲ့ လေယဉ်စတက်တော့ ပျော်လိုက်သည်ဖြစ်ခြင်း၊ ပေးသမျှအစာတွေစား၊ ရေတွေသောက်၊ မကြာလိုက်ပါဘူး ဘန်ကောက်ရောက်ရော... ဘန်ကောက်ရောက်တော့ သူငယ်ချင်းက သူ့လမ်းသူသွား၊ ကျွန်မက ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ညီမလေးကလာစောင့်နေမှာဆိုတော့ အပြင်

ပဲပြားခရမ်းသီးကင်နှပ်

သတ်သတ်လွတ် ပဲပြားနဲပခရမ်းသီးရောချက်ရအောင်... potluck ရှိရင်ထုံးစံအတိုင်းခေါင်းစားရပါတယ်။ သတ်သတ်လွတ်ပဲယူသွားခွင့်ရှိတဲ့အတွက် စဉ်းစားရတာအမြဲပါပဲ။ အစဉ်သင့်ဖြစ်အောင် ညဖက်မှာပဲပြားလေးတွေအပြားရှည်လေးတွေကြော်ထားလိုက်ပါတယ်။ မနက်မှခရမ်းသီးကိုပြားပြားလှီးပီး အိုးပူပူမှာကပ်ပီးကင်တော့မယ်ဆိုမှ တစ်ကယ်ချက်မယ့်မနက်မှာ gas ကုန်သွား လို့ဗျာများခဲ့ရပါသေးတယ်။ လျှစ်စစ်မီးဖိုနဲ့ပဲ အိုးထူထူ non-stick ကိုအပူပေးပီး ခရမ်းသီးတွေကိုပါးပါးလှီးနဲနဲအညိုရောင်သန်းအောင်ကင်လိုက် ပါတယ်။ ကြော်ပီးသားပဲပြားတွေကိုတော့ တြိဂံပုံလေးတွေဖြစ်အောင် ကတ်ကြေးနဲ့ကန့်လတ်ဖြတ်ညှပ်လိုက်ပါတယ်။ အနှစ်အတွက်ကိုတော့ ခရမ်းချဉ်သီး (၄)လုံး၊ ငရုတ်သီးအနီတောင့် ၁ တောင့်၊ ဂျင်းအနဲငယ်၊ ကြက်သွန်ဖြူနီ အကုန် ဘလန်ဒါထဲထည့်မွှေလိုက်ပါတယ်။ ပီးရင်တော့ ဆီနဲနဲနဲ့ မွှေးကြိုင်လာအောင်ကြော်ပါတယ်။ နနွင်းနဲ့ အရောင်တင်လေးလဲထည့်ဖို့မမေ့နဲ့အုံး.. ဟင်းထည့်မယ့်ပန်ကန်လုံးကြီးမှာ ညှပ်ထားတဲ့ပဲပြားတွေရယ်၊ ကင်ထားတဲ့ခရမ်းသီးတွေရယ်ကိုစီပြီးထည့်ထား လိုက်ပါနယ်။ဲပြီးရင်တောင့် ခရမ်းချဉ်သီး ချဉ်စပ်မွှေးမွှေးကိုအပေါ်ကနေလောင်းချလိုက်ပါတယ်။ ကြွက်နရွက်မှိုလေးတွေကိုရေစိမ်ပါးပါးလှီးပီး... ပဲငံပြာ

မိုးဦး မျှစ်စိမ်းတာလပေါ့

နွေ၊မိုး၊ဆောင်း ပုံမှန်ရာသီလိုမရှိပေမယ့် မိုးစရွာတဲ့ရာသီကိုမိုးဦးရာသီလို့ဘဲသတ်မှတ်လိုက်ပါတယ်။ အခုရက်ပိုင်းမှာမိုး က တရစပ်ကိုရွာနေတာမို့ အပြင်ထွက်ရလဲခက်ပါတယ်။ ခါတိုင်းတော့အမြဲလိုလို မိုးရွာနေပူ မုန်တိုင်းတွေဖြစ်နေ ပေမယ့် ပီးခဲ့တဲ့ အပတ်ကတည်းက ရွာလိုက်တဲ့မိုးရယ်တစ်ခါမှမစဲတော့ပါဘူး။ အိမ်ကိုလဲသတိရတယ်၊ မြန်မာပြည် ကအစာတွေလဲလွမ်းတယ်။ လုံးဝရှာမရတဲ့အစာတွေအထူးသဖြင့် ကြောင်လျှာသီး၊ ဇီးဖြူသီး၊ ဖန်ခါးသီး၊ ကတက် ချဉ်၊ အင်ဥ၊ မျှစ်... အကုန်ကိုစားချင်နေတော့တာပါပဲ။ မျှစ်ကတော့ကြံဖန်လုပ်လို့ရတဲ့အရာဆိုတော့ ကျန်တဲ့ဟာတွေကိုတော့အိမ်ကလှမ်းမှာရတာဘဲ။ မိုးဆက်တိုက်ရွာ နေတဲ့အချိန် မိုးလေးနဲနဲစဲတော့ ခြံထဲက အလှစိုက်ထားတဲ့ဝါးရုံတွေအောက်ခြေမှသွားချောင်းချောင်းနေတာ.. မနေ့ ညနေက ၀ါးပေါက်စို့လေး ၂ ခုတွေ့တော့ဝမ်းသာအားရ ဒီနေ့ ၀ါးရုံအောက်သွားမျှစ်သွားချိုးလာခဲ့ပါတယ်။ ရင်ကခပ်ခုန်ခုန်ရယ်၊ ၀ါးရုံကြီးကလေတိုက်တိုင်းကျိ ကျိကျိ နဲ့အော်နေတော့ သရဲခြောက်သလိုလို၊ အထဲကအကောင်ရှည်များ ထွက်လာမလားခပ်ကြောက်ကြောက်ရယ်။ စားချင်လွန်းလို့သာအရဲစွန့်ရသပ။ ၀ါးပင်အခွံအဖတ်လေးတွေကိုခွာပီး အထဲကအနုလေးတွေရေစိမ်ပီး၊ တစ်ရေလောက်ပြုပ်လိုက်ပါတယ်။ ဆန်လှော်၊ ကြေအေ

သူ့နည်းသူ့ဟန်

တောမကျမြို့မကျတောမြို့လေးတစ်နေရာမှာ အဆောက်အုံကြီးကြီးတစ်ခုဆောက်ပီး တစ်ခြမ်းကိုဆိုင်ခန်းဖွင့်ထား သတဲ့။ ကုန်စုံဆိုင်ပစ္စည်း လဲစုံ၊ အကုန်စုံရလို့ရွာသူရွာသားတွေဝယ်ကြတာပေါ့.. တစ်ခုဘဲ..ဆိုင်မှာထိုင်ရောင်းတဲ့သူ ဆက်ဆံရေးတစ်စက်မှအဆင်မပြေဘူး။ အပြောဆိုကလဲကြမ်း၊ ကုန်စုံလာဝယ်တဲ့သူတွေကိုလဲသူခိုးဖမ်းတဲ့မျက်လုံး နဲ့ (ရန်ကုန်က စူပါဝမ်းက မမတွေကိုသတိရမိပါရဲ့) ဒေါက်ထောက်ကြည့်နေသေးသတဲ့..ရွာသားတွေအကြားရေပန်းစားနေတာပေါ့..ညနေရေခပ်ဆင်းချိန်၊ထင်းခွေ ချိန်၊ ခြင်းခတ်ချိန်တွေမှာ အဲဒီစတိုးဆိုင်ကမိန်းမအချိုးမပြေတဲ့အကြောင်းပြောစရာတစ်ခုလိုဖြစ်နေတော့တာပေါ့။ ရွာသားတွေလဲဒီလိုဆိုင်မျိုးဝယ်မယ့်အစားသိပ်မဝေးတဲ့ မြို့လေးပေါ်တက်ကုန်စုံဝယ်ကြသတဲ့။ သိပ်မကြာပါဘူး..အဲဒီစတိုးဆိုင်ဘေးကအခန်းမှာ ဆိုင်လေးအသစ်တစ်ခုထပ်ဖွင့်လာတယ်၊ ဆိုင်ရှင်ဆက်ဆံရေး ကောင်းပုံများ လာဝယ်သူတိုင်း စိတ်ချမ်းမြေ့ကြရသတဲ့။ လူ့သဘာဝ ရွဲ့ချင်၊စောင်းချင်စိတ်လေးအရင်းခံလဲရှိတော့ အသစ်ဖွင့်တဲ့ဆိုင်မှာပုံအောပီးလူတွေဝိုင်းအုံးဝယ်ကြတုန်း ပထမဆိုင်မှာတော့ ၀ယ်သူတစ်ယောက်မှမရှိ ဆိုင်ရှင်လဲ ယပ်တောင်တစ်ခပ်ခပ်နေအလုပ်မရှိထိုင်နေရသတဲ့... ဒီလို..ဒီလို..နဲ့ အချိန်ကာလတစ်ခုကြာမြင့်ပီးနောက်

ထမင်းဘူး ကိုဖွင့်

အသက် (၄)နှစ်မှာကျောင်းစတက်တော့ မှတ်မှတ်ရရလွယ်အိတ်လေးတစ်လုံး၊ ထမင်းဗူးလေးတစ်ခုနဲ့ အော်ငိုတာ ဗြောင်းဆန်နေအောင်ပါဘဲ။ အမှတ်(၁၆) အထက၊ မန္တလေးမှာပေါ့။ ကျောင်းတံခါးကြီး ဂျိန်း ဆိုပီးပိတ်သံနဲ့အတူ ကျွန်မနဲ့ ကလေးများပေါင်းစုံအော်ငိုသံကဆူညံသွားခဲ့တာအမှန်ဘဲ.. အဲဒီထဲမှာအဆိုးဆုံးက ကျွန်မ။ ဆရာမတွေ လိုက်ဖမ်း၊ ကျွန်မကထွက်ပြေး၊ မုန့်ဆိုင်တွေဆီပတ်ပြေး၊ ကျောင်းဝင်းသံတိုင်နားမှာတစ်ချိန်လုံးရပ်ပီးထစောင့်နေတဲ့ ပါးပါး ဆီကိုပြေးတာ၊ ပါးပါးက ဒီကနေလှမ်းကြည့်နေမယ်။ ကျောင်းခန်းထဲသွားဝင်လို့ပြောတယ်။ ကျောင်းခန်းပြတင်းပေါက်နားမှာထိုင်ပီး ငိုယိုပီး ခြံစည်းရိုးနားမှာရပ်နေတဲ့အဖေ့ကိုလှမ်းကြည့်ရင်းနဲ့ တစ်လကျော်ကြာတဲ့အခါ ကျောင်းပျော်ဖြစ်သွားပါတယ်။ ငယ်ငယ်တည်းက မုန့်ဖိုးဆိုတာတောင်းဖို့စိတ်မ၀င်စားသလို၊ အခြားအတန်းဖော် ကလေးတွေမုန့်စားဆင်းချိန် မုန့်ဆိုင်ပြေးတဲ့အချိန်ကျွန်မကတော့ အိမ်ကထည့်ပေးတဲ့ထမင်းဘူးကိုဝါးတီးဖွင့်နေ ခဲ့ပါတယ်။ ထမင်းစားဆင်းချိန် ဆိုရင်တော့ အိမ်ကိုပြန်ပီးထမင်းစားတယ်။ ပိန်လှီလှီလေးနဲ့ကျွန်မ ထမင်းတော့ အများကြီးစားပါတယ်။ တစ်ရက် ၅ ခါလောက်ပုံမှန်ကိုစားတယ်။ ကျောင်းဆင်းတာနဲ့ အိမ်ကသိပ်မဝေးတော့ အိမ်ပြန်ထမင်းစားပါတယ်။ ထမင်းစ