Skip to main content

ဌက်ပျောသီးကိတ်

ကူးကူးဘလော့စရေးတုန်းကရည်ရွယ်တာကိုယ့်မိသားစု၊ချစ်သူနဲ့သူငယ်ချင်းတွေဖတ်ဖို့
ပါ။ စပြီးနောက်ပိုင်းမှာတော့အမြင်ကျဉ်းတဲ့ကျွန်မ ဘလော့ဆိုတာသူတစ်ကာဖတ်ပြီးနောက်
မိတ်ဆွေအသစ်တွေပါထပ်ထပ်တိုးလာတယ်။ ကောမန့်လေးချန်ထားတာကိုတစ်ကူးတစ်က
စောင့်စောင့်ဖတ်ရတာလဲခံစားမှုတစ်ခုဘဲ။ မြန်မာမှာဘလော့တွေဖွင့်ရတာခက်လို့မိဘနဲ့
မောင်လေးကသိပ်မဖွင့်ဖြစ်ပေမယ်မာမီကတော့ဦးလေးလူပျိုကြီးဆီရောက်ရင် freedom နဲ့
ကျွန်မဘလော့ကိုဖတ်ပြီးသဘောကျလေ့ရှိပါတယ်။ ညီမလေးကထိုင်းမှာ၊ သူအလုပ်လုပ်တဲ့
ကျောင်းမှာလဲ ဘန်း တာတွေများတော့မဖတ်ဖြစ်ပေမယ့်ကျွန်မက PDF နဲ့လုပ်ပြီးပို့ပို့ပေး
တယ်။ ကျွန်မချစ်သူလား.. တစ်ခါမှမဖတ်ဘူး။ ပြောသေးတယ်ကိုယ့်အကြောင်းလူတကာ
ဖတ်နေတာ ရှက်ဖူးလားတဲ့.. ရှက်ဖူးလို့..ပြောလိုက်တယ်။ အခုနောက်ပိုင်းတော့သူလဲဝင်ဝင်
ဖတ်ပြီး ရစ်. တတ်နေပါပီ။ ကောမန့်တွေလဲလိုက်ရေးပြီးပျော်နေတယ်ထင်ပါ့။ အမြဲလိုလိုလာချောင်းနေတဲ့သူတွေကိုလဲကျေးဇူးတင်ပါတယ်။ သူငယ်ချင်းဟောင်း
တွေလဲကျွန်မဘလော့မှန်းမသိပေမယ့်သူတို့ကဖတ်ပြီး ကူးကူးနဲ့တူတယ်ဆိုပြီးခန့်မှန်းလာ
မေးကြတိုင်းကိုယ့်ကိုကိုယ်သဘောတွေကျနေတာ.. ဒါလဲ blog psycho ဘဲထင်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိတ်မုန့်လုံးဝကိုမစားတတ်တဲ့ကျွန်မဌက်ပျောသီးကိတ်ကိုတော့အစမ်းစားကြည့်တော့ကြိုက်
သွားတာနဲ့ကိုယ်တိုင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာအစားသောက်တွေကိုနှစ်သက်စား
နေပေမယ့်တစ်ခါတစ်လေတော့အပျင်းပြေပီဇာလေး၊ ကိတ်မုန့်လေးစားတတ်ပါတယ်။ ကိတ်
ကိုကိုယ်တိုင်လုပ်တော့မယ်ဆိုတော့ အင်တာနက်ပေါ်တက် (how to bake banana cake)
နည်းလမ်းနဲနဲရှာပြီးတော့..အရင်ဆုံးပြင်ဆင်ရတာ..
သီးမွှေးဌက်ပျောသီး (၄)လုံး
ဂျုံမှုန့် (၁.၃)
သကြား (လိုသလောက်)
ထောပတ် (butter)
ထောပတ်ဆီ
ကြက်ဥနှစ်လုံး
မုန့်ဖုတ်ဆော်ဒါ (baking powder)

သီးမွှေးလေးလုံးကိုအခွံနွှာ၊ ပါးပါးလှီးခက်ရင်းနဲ့သမအောင်ခြေပါတယ်။
ဂျုံမှုန့်ကို သကြားထည့်၊ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ထည့်ပြီး
မွှေ၊ ပြီးရင်တော့ထောပတ်ခဲလေးတွေထည့် ထောပတ်ဆီနဲနဲထည့်၊ ကြက်ဥနှစ်လုံးဖောက်
ထည့်ပြီးရင်တော့မွှေပါလေတော့...
လဖက်သုပ်အထုတ်ထဲကမြေပဲဆန်လေးတွေပါတွေ့တော့ဌက်ပျောသီးထဲထပ်ထည့်ပြီးအကုန်
ရောမွှေပြီးနှံနေပြီဆိုရင်တော့ဖုတ်မယ့်ခွက်ထဲကိုဂျုံလေးနဲနဲပါးပါးဖြူးပြီး ရောသမမွှေကိုလောင်း
ထည့်လိုက်ရင်ပြီးပါပီ။ မီး ၁၉၀ ဒီဂရီနဲ့ ၁နာရီဖုတ်လိုက်ရင်..အရမ်းကိုမွှေးနေတဲ့ဌက်ပျောသီး
ကိတ်လေးရပါတယ်။ ဖုတ်ပြီးတော့ကြွားမယ့်သူမရှိလို့အွန်လိုင်းမှာ ညီမလေးကိုကြွားပါတယ်။
အဲလောက်များတာဘယ်သူ့တွေကိုကျွေးမလို့လဲတဲ့... အင်း.. တစ်ယောက်တည်းဘဲစားရမှာ
ပေါ့.. မကုန်ရင်သိမ်းထား..နောက်နေ့ထပ်စား.. အရသာကတော်တော့်ကိုကောင်းပါတယ်။
ပထမဆုံးအကြိမ်လုပ်တာအောင်မြင်သွားလို့ခုန်ဆွခုန်ဆွဖြစ်နေတာနဲ့ချစ်သူနဲ့နေ့လည်က
စိတ်ကောက်နေတာမေ့သွားပါတယ်။



Comments

  1. တော်လိုက်တာ ကိတ်မုန့် ဖုတ်တတ်တယ်။ ကြိုက်လို့ ယူသွားပြီနော်။
    စားတာတော့ စားတတ်တယ်
    :D

    ReplyDelete
  2. ငှက်ပျော်သီး ကိတ် လုပ်နည်း မသိခင်ကတော့ တော်တော်ခက်မယ်ထင်တာ။ အမ ကူးကူး ချက်ပြလိုက်တော့လည်း လွယ်တယ်နော်။ ကျွန်တော်တောင် စားချင်လာပီ။ ကော်ဖီနဲ့ ငှက်ပျော်သီးကိတ်နဲ့ဆို မိုက်မှ မိုက်ပဲ။ မှတ်သားသွားတယ်နော်။ ကျေးဇူးပဲ။

    ReplyDelete
  3. စားချင်တယ်။ ကြိုက်လောက်မယ်ထင်တယ်။ ကိတ်မုန့်ဆို ဘာကိတ်ဖြစ်ဖြစ် ကြိုက်တယ်။

    ReplyDelete
  4. what is amount of ဂျုံမှုန့် (၁.၃) ?

    ReplyDelete
  5. ဘယ်မှာ သင်ထားတာလဲ ဟင် ကူးကူး၊၊
    ရိုးကိုမရိုးနိုင်အောင် တော်တော်လေး ကိုချက်နိုင်တာပဲနော်၊၊

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ