Skip to main content

တနင်္ဂနွေ ဈေးလျှောက်ခြင်း

ဒီနေ့တော့အိပ်ရာနိုးတော့ ၉နာရီရှိပီ၊ အပြင်ကိုလှမ်းကြည့်လိုက်တော့မိုးအုံ့နေတာနဲ့ဈေးသွား
လိုက်တယ်။ ဈေးရောက်ရင်ဝယ်တာမရပ်နိုင်တာဆိုးတယ်။ နောက်မစားနိုင်ရင်အလကားဖြစ်
ရော။ ဈေးသွားပြီးတိုင်း၊ မစားနိုင်ဘဲလွှင့်ပစ်ရတိုင်းကိုယ့်ကိုကိုယ်သတိပေးရက်ကြားကတစ်ခါ
တစ်လေ၀ယ်ဝယ်မိတယ်။ ဒီနေ့တော့ မုန်ညှင်းဖူးလေးတွေတွေ့တော့ဝမ်းသာအားရ၀ယ်လာ
သေးတယ်။ တစ်ခါမှမတွေ့ဖူးဘူးလေ။ အကြံရှိတယ်။ မုန်ညှင်းဖူးဟင်းထုပ်လုပ်စားမယ်။ လုပ်
ပြီးမှဘဲတင်ပေးတော့မယ်။ သပွတ်သီးလဲတွေ့တော့စားလို့ကောင်းမလားမသိစမ်းကြည့်အုံး
မှဆိုပြီးဝယ်လာသေးတယ်။ ကျောင်းတုန်းကရခိုင်ဘက်ကအမကြီးတွေကတောထဲကသပွတ်
သီးတွေခူး၊ ငရုတ်သီးစိမ်းငါးပိနဲ့ဆီမပါချက်တာအရမ်းစားလို့ကောင်းတယ်။သူငယ်ပြန်တာတော့
မဟုတ်ဘူးလေ။ ငယ်ငယ်ကအကြောင်းပြန်သတိရလို့။ ပိန္နဲသီးအမှည့်အနံ့လေးကလဲအရမ်း
ကိုဆွဲဆောင်နေတော့ ၁ဒေါ်လာဖိုးလောက်ဝယ်လာသေးတယ်။
နောက်တော့ဖရဲသီး (မနေ့ညကကိုးရီးယားကား LastScandal ကြည့်တာဖရဲသီးစားတာတွေ့
တော့စားချင်စိတ်ပေါ်လာ)
ဒူးရင်းသြဇာ (ဒါပထမဆုံးအကြိမ်ဝယ်ဖူးခြင်းပါ၊ ချိုချဉ်လေးစားလို့ကောင်းတယ်)၊ လိမ္မော်သီး
သေးသေးလေး၊ ပိန္နဲသီးအစိမ်းအလုံးလိုက်ကိုအခွံနွှာခိုင်းပြီးယူလာသေးတယ်။ အစီးတွေလက်
မှာကပ်လို့တော်တော်အလုပ်ရှုပ်ပါ့။ စားချင်တာကိုး၊ အဘိုးကိုသတိရလို့၊ ရွာသွားလည်ရင်
ပိန္နဲသီးအနုတွေအကွင်းလိုက်ပြုပ်ပြီးနွှာပြီးဆီစိမ်းနဲ့သုပ်စားတာအရမ်းကောင်းတယ်။
မုန့်ဟင်းခါးစားချက်စားချင်တိုင်းမုန့်ဖတ်မရှိလို့လက်လျှော့လိုက်ရတဲ့အကြိမ်ပေါင်းမနဲတော့ဘူး။ ဒါနဲ့မုန့်ဟင်းခါးဖတ်ပါနှစ်ထုတ်ဝယ်လာတယ်။ ဒါကထိုင်းကလာတဲ့ခေါက်ဆွဲအခြောက်ပါ။မုန့်ဟင်း
ခါးဖတ်နဲ့ဒီမှာတာ့အတူဆုံးဘဲ။ ဒါကြောင့်ဒါဘဲသုံးဖြစ်တယ်။

ဒီမှာအုန်းသီးပေါပေမယ့်အုန်းဖတ်ကိုလက်နဲ့အရည်ညှစ်ရတာတော်တော်အလုပ်ရှုပ်လို့ကျွန်မက
တော့ဗူးနဲ့ဟာဘဲသုံးဖြစ်တယ်၊ အနံ့လဲပိုမွှေးပြီးအုန်းဖတ်ကိုလက်နဲ့ညှစ်တာထက်ပိုပျစ်တယ်။
ကျောက်ကျောလုပ်ဖို့အတွက်အုန်းစိမ်းရည်လေးလဲဝယ်လာသေးတယ်။အုန်းစိမ်းရည်၊ သကြား၊
အာဂါးကျောက်ကျောမှုန့်တစ်ထုပ်၊ အုန်းနို့၊ ကီဝီနဲ့ ကျောက်ကျောတစ်ဗန်းလုပ်ထားလိုက်တယ်။

ကျွန်မမနက်စာကတော့အုန်းရည်သောက်လိုက်၊ ပိန္နဲသီးစားလိုက်နဲ့ဗိုက်ပြည့်နေပီ။ ထမင်းမစား
ချင်တာအတော်ဘဲ၊ လူကလဲတော်တော်slim လာလို့အသားစားရင်ကောင်းမယ်ဆိုကြိတ်မှိတ်ပီး
အသားကိုအာလူးနဲ့ချက်ထားတာ၊မနေ့ကလုံးဝကိုမစားချင်လို့အိုးလိုက်ရေခဲသေတ္တာထဲပြန်ထည့်
ထားရတယ်။ ဈေးမှာငါးတန်းဖြတ်တော့ ငါးခုတ်နေတာသွေးတွေတော့တော့စိတ်ထဲမှာတစ်မျိုးကြီး
ဖြစ်ပြီးပြန်လှည့်အထွက်၊ အသားတန်းအရောက်ဝက်ခေါင်းကြီးတွေ့တာနဲ့ လန့်ပြီးပြန်ကွေ့လာ။
ဒီမှာခရစ္စမတ်ဆိုဝက်ကိုအကောင်လိုက်ကင်ထားတာကိုရောင်းတယ်။ သနားပါတယ်။ဝက်သေး
သေးလေး။ ၀က်သားကတော့မွေးကတည်းကမစားပါဘူး။ ငါးဆိုလဲအကျည်းခွံမပါရင်မစားတော့
ရှာရခက်တယ်။ လောလောဆယ်တော့ဘာအသားမှမစားဖြစ်ဘူး။ အသားစားချင်စိတ်ကုန်ခမ်း
နေပီ။ ငါးခြောက်နဲ့ငါးပိတော့ရှောင်လို့မရသေးဘူး။ အသားလဲဘယ်တော့ပြန်စားချင်စိတ်ပေါ်
လာမလဲမသိသေးဘူး။ မောတယ်။ ဖြစ်သလိုဆံထိုးတစ်ချောင်းနဲ့လိမ်ပြီးထုံးထားတဲ့ကျွန်မဆံပင်
ကိုကဗျာဆန်လို့ဆိုပြီးသူငယ်ချင်းကဓာတ်ပုံရိုက်ထားတာ၊ ဒီမနက်တွေ့မှသတိရတယ်။ အဲဆံပင်
ကိုတစ်ခုခုလုပ်အုံးမှ အိမ်မပြန်ခင်။ တော်ကြာပါးပါးက ပဲပြုပ်သည်မဆံပင်အရောင်ဆိုပီးပြော
မှာသေချာတယ်။
ကျွန်မစိုက်ထားတဲ့ပူတီနံပင်လေးတွေ၊ ပင်စိမ်းလေးတွေနဲ့ငရုတ်သီးပင်ကတော်တော်လေးဝေ
ဆာနေတယ်။ အိုးလေးထဲမှာဘဲထည့်စိုက်ထားတာ။ မြေပေါ်ချလိုက်ရင်မြက်ရိတ်စက်စာမိမှာ
စိုးလို့။

Comments

  1. စိတ်ချမ်းသာတယ် ဖတ်ရတာ။ တကယ်ပြောတာပါ။

    ReplyDelete
  2. စုံပလုံစိနေတာပါလား ။ တနင်္ဂနွေဈေးဝယ်ထွက်တာ က ပျော်စရာကြီးဘဲ

    ReplyDelete
  3. ဒီနေ့
    ကျနော်လည်း..ဈေးနည်းနည်းပါးပါးဝယ်ခဲ့ပါတယ်
    ကူးကူးရေ...
    ပိန္နဲသီးစားချင်လိုက်တာ...နော်..
    အနံ့ရနေတယ်..

    ReplyDelete
  4. ပိန္နဲသီးအနုတွေ အကွင်းလိုက်ပြုတ်တာ နာလည်းစာချင်တယ်ဟ။ တို့ စား ကောင်းမှကောင်း အဟေး ရေးရင်းနဲ့  သားရေယိုလာပြီ။ ဒါနဲ့  slim ဖြစ်မှာကြောက်လို့  မစားချင်တဲ့အသားတော့ ကြိတ်မှိတ်မစားပါနဲ့ ဟာ။ ဆင်ပိန်ရင် ဆိတ်လောက်တော့ ကျန်ပါသေးတယ်။ဟေဟေး လမ်းကြုံလို့  ၀င်စသွားတယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ