Skip to main content

မွေးနေ့မှသည်

အောက်တိုဘာ (၂၇)ရက်နေ့သည် ကျွန်မမွေးနေ့ဖြစ်ပါသည်။ မွေးနေ့ရောက်တိုင်း
ကျွန်မချစ်သူခင်သူတို့နှင့်အဝေးမှာတစ်ယောက်တည်းရှိနေခြင်းတို့ကအလိုလိုတွဲ
လျှက်ပါလေ့ရှိသည်။ ကျွန်မအသက် (၁၈) နှစ်တုန်းက၊ သူငယ်ချင်းတွေကအမလို့
ခေါ်သည်။ အမှန်သူတို့သည်ကျွန်မထက်အသက်များစွားကြီးသည်။ ကျွန်မကဘဲ
ရင့်လို့ဖြစ်မှာပေါ့လေ... နောက်ပိုင်းအလုပ်ထဲရောက်တော့လဲ.တော်ရုံအမကြီးတွေ
ကျွန်မကိုအမလို့ခေါ်သည်။ မရှင်းပြဖြစ်တော့ဘဲသူတို့ခန်းမှန်းထားသောအသက်ကို
သာအတည်ယူပြီး ကိုယ့်ကိုကိုယ်လူကြီးပုံစံနှင့်နေလိုက်တော့တယ်။ ကျွန်မမွေးနေ့
မရောက်ခင်အောက်တိုဘာလစကတည်းက မွေးနေ့နှုတ်ဆက်စကားတွေပြောတာ
ကြားနေရသလိုရုံးကသူငယ်ချင်းအမကြီးများရဲ့ ဟေ့ ကူးကူးမေ မွေးနေ့ရောက်တော့
မယ်ဟေ့..လို့ဝိုင်းပြောနေတာလဲခဏခဏကြားရတတ်တယ်။
ကျွန်မအတွက်တော့မွေးနေ့ရောက်တိုင်းစိတ်မကောင်းဖြစ်တတ်ပါတယ်။ ပျော်ရမယ့်
နေ့မှာဘာလို့စိတ်မကောင်းဖြစ်ရလဲဆိုတာ... အတွေးသမားလို့ပြောပြော ကျွန်မအမေ
ကျွန်မကိုမွေးလိုက်တဲ့နေ့မှာဘယ်လောက်နာကျင်ခံစားရမလဲဆိုတာရယ်။ ကျွန်မလို
အမြဲချူချာတဲ့သူတစ်ယောက်ကိုပိုးကောင်မွေးသလိုဘယ်လောက်ပင်ပင်ပန်းပန်းဂရု
စိုက်ရလဲဆိုတာရယ်၊ ပါးပါးရော၊ မာမီရောညီမလေးမောင်လေးကပါကလေးတစ်
ယောက်လိုအစစအလိုလိုက်အကြိုက်ဆောင်ပေးနေရတာတွေရယ်..အဝေးမှာအလုပ်
လုပ်နေပေမယ့် အိမ်ကနေရင်တမမနဲ့အမြဲဆုတောင်းပေးနေတဲ့မိသားစုတွေရယ်၊
အဝေးအနီးကကျွန်မကိုဂရုစိုက်ချစ်ခင်ကြတဲ့သူတွေကိုပါတစ်နှစ်ပိုဒုက္ခပေးမိနေပြန်
ပါလားဆိုတဲ့အတွေးက၀င်လာတယ်။ ဒါပေမယ့်သူတို့ပို့သတဲ့မေတ္တာတွေကြောင့်သာ
ခုထိကျွန်မအသက်ရှင်နေနိုင်ပြီးတစ်နှစ်တိုးလာပြန်ပီဆိုတာစဉ်းစားမိပြန်တော့လဲ
ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ ကျွန်မမွေးလာတဲ့နေ့မှာစိတ်ညစ်နေမယ့်သူများရှိ
မလားမသိဘူး။ ရုံးကလုပ်ဖော်ကိုင်ဖက်တွေကတော့တစ်ယောက်တည်းနေတဲ့ကျွန်
မကိုမနက်ရုံးရောက်ကတည်းကမွေးနေ့သီချင်းဝိုင်းဆိုပေးပြီးတော့တစ်ယောက်ပြီး
တစ်ယောက်လာချီကြတယ်။ (မိန်းကလေးသူငယ်ချင်းများသာ)မပြီးသေးပါဘူး..
ထုံးစံအတိုင်းလာဖက်ကြ..နှဖူးကိုနမ်းသွားကြနဲ့.. ပြီးခဲ့တဲ့(၃)နှစ်လောက်ကတော်
တော်စိတ်ပျက်တယ်.. အခုတော့ရိုးသွားပြီ။ ကျွန်မအတွက် ဘန်နာတစ်ခုလုပ်ထား
ပေးတယ်။ ကျွန်မကယုန်လေး တွေချစ်တော့ယုန်ပုံလေးတွေနဲ့ပေါ့။
ရုံးခန်းဝင်ဝင်ခြင်းမှာကျွန်မစားပွဲဘေးနံရံမှာဘန်နာနဲ့ယုန်လေးတွေအပြည့်၊ ပြီး
တော့သူငယ်ချင်းပင့်ခ် ပေးတဲ့ဖားစိမ်းလေးတစ်ကောင်ရယ်၊ ကိတ်တစ်လုံးရယ်က
အဆင်သင့်စောင့်နေပြီ။ ကျွန်မမွေးနေ့မှာလက်ဆောင်ထက်မြတ်နိုးတာကတစ်ကူး
တစ်ကကျွန်မပျော်အောင်ရှာကြံလုပ်ပေးတတ်တာလေးတွေကိုပါ။ ချစ်ကိုကြီးတစ်
ယောက်ကကျွန်မမွေးနေ့ပွဲမှာသူငယ်ချင်းတွေကိုကျွေးဖို့ဆိုပြီး ပီဇာဗူး (၂၀)လောက်
မှာထားပေးတော့ ပီဇာစားကြနဲ့ပျော်စရာကြီးကိုဖြစ်နေတာပေါ့။ ကျွန်မညီမလေးက
ကျွန်မအတွက် အိကျီနှစ်ထည်ဝယ်ထားပေးတဲ့အကြောင်းအွန်လိုင်းwebcam ကင်
မရာကနေပြတယ်။ မောင်လေးကတော့လှော်ကားသွားတုန်းကဒရယ်ကြီးကြီးကို
ဂျိုကိုင်ထားပြီးမွေးနေ့ဆုတောင်းရေးထားပေးတဲ့ဓာတ်ပုံပို့ပေးတယ်။ ပါးပါးနဲ့မာမီက
တော့မွေးနေ့အတွက်ကြိုတင်ပြီးမွေးနေ့ကဒ်ပို့ထားပေးတယ်။ ကျွန်မချစ်တဲ့ပဒုန်မာ
ဖိုရမ်ကသူငယ်ချင်းတွေကလဲမနက်အစောကြီးထဲကမွေးနေ့ဆုတောင်းလေးတွေ
အများကြီးရေးထားပေးတယ်။ကျောင်းမှာနေတဲ့ကျွန်မညီမလေးဝမ်းကွဲနဲ့မြန်မာ
လူနည်းစုလေးကကျွန်မအံ့သြသွားအောင်ပါတီပွဲလေးကိုကြိတ်စီစဉ်နေပေမယ့်...
ဟီဟီကျွန်မသိသွားပါတယ်။ ညနေပိုင်းရုံးပြီးတာနဲ့ရေချိုးပြီးပီဇာဗူးတွေကိုင်ပြီး
ကျောင်းဝင်းကိုသွားလိုက်တယ်။ ဆရာကစန္ဒားတီးပြီးမွေးနေ့သီချင်းဆိုကြတယ်။
ဆရာ့ကတော်ကတော့ကျွန်မကြိုက်တဲ့ကိတ် (ဌက်ပျောသီးကိတ်) ကိုဖုတ်ထား
ပေးတယ်။ ဖျော်ရည်ရယ်၊ ရေခဲမုန့်ရယ်၊ ပီဇာရယ်ပေါ့...
မွေးနေ့ကိတ်ကတော့တစ်ယောက်ပို့လိုက်တာဘယ်သူလဲဆိုတာကိုလိုက်မေးလို့မရ
သေးဘူး။ ပိုင်ရှင်ရှာတုန်းဘဲ။ဘာဘဲဖြစ်ဖြစ်ကျွန်မဘေးပတ်ဝန်းကျင်ကသူတွေပျော်
ရင်ကျွန်မလဲပျော်ပါတယ်။



Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ