Skip to main content

လုပ်စား

နာဂစ်ကြောင့်အသက်ဆုံးရှုံးသွားသူများထဲမှာကျွန်မသိသော အယောက်ပေါင်း ၃၃ ယောက်
နဲ့ တစ်ရုံးတည်း အောက်မှာ ကွင်းဆင်းလုပ်နေတဲ့ အလုပ်ဖော်ညီမငယ်တစ်ယောက်အသက်
ဆုံးရှုံးခဲ့ရပါတယ်။ သူကပိုက်ဆံကိုင်တဲ့သူဆိုတော့ သူ့မှာပိုက်ဆံ (၁၀)သိန်းကျော်အထုပ်ကို
လွယ်ထားပြီးဂျင်းဘောင်းဘီနဲ့ ကျန်တဲ့ယောက်ျားလေးတွေမနဲရုန်းပြီးအသက်လုရှင်ကျန်ခဲ့ပေ
မယ့်သူ့ကိုတော့ခုထိရှာလို့မတွေ့တော့လို့သေပြီလို့ဘဲယူဆလိုက်ရပါတယ်။ တစ်ချို့ကတော့ရေ
ပြန်ကျသွားတော့သူခန္တာကိုယ်ကတော့အပင်ပေါ်မှာညိကျန်ရစ်ခဲ့တယ်လို့ပြောပါတယ်။ အခုမှ
ဘွဲ့ရလို့အလုပ်ဝင်ခါကလေးပါ။ အရမ်းသနားဖို့ကောင်းပါတယ်။ ဌားထားတဲ့လက်သမားဆရာ
တွေပန်းရန်တွေကတော့အကုန်အသက်ဆုံးရှုံးသွားကြပါတယ်။သူတို့ကတော့လပွတ်တာမှာ
တံတားသွားဆောက်ပေးနေတဲ့အဖွဲ့ထဲကပါ။
ပြင်စလူမှာတာဝန်ကျတဲ့အဖွဲထဲကခေါင်းကိုထက်ဝက်ကွဲသွားတဲ့ကျောင်းနေဖက်သူငယ်ချင်း
ကတော့ကံကောင်းစွာအသက်ရှင်ကျန်ရစ်ပါတယ်။ လက်ရှိသူတို့အဖွဲ့ရထားတဲ့သတင်းက
တော့အဲလောက်မဆိုးရွားပေမယ့်နေ့လည် ၁၂ နာရီလောက်မှာမုန်တိုင်းကအရမ်းကိုအရှိန်ပြင်း
ပြင်းနဲ့ဦးတည်လာပြီဆိုတာကိုရွာကလူကြီးတွေသူ့ကိုသတိပေးတဲ့အချိန်မှာ သူတို့အားလုံးမြင့်
တဲ့နေရာဘက်ကိုပြေးသွားကြပါတယ်။ ဒါပေမယ့်သူကတော့ရွာသူကြီးမိန်းမအထုပ်အပိုးတွေ
ကိုသွားကူပြီးသယ်ပြေးဖို့ပြေးသွားပါတယ်။ မုန်တိုင်းကအရှိန်ပြင်းစွာတိုက်လာလို့သူနဲ့အဖွဲသား
လေးယောက်ကျောင်းဆောင်ဘက်ကိုပြေးကပ်ပြီးအကာကွယ်ယူဖို့သွားပါတယ်။အစပိုင်းတော့
သူတို့လုံခြုံပြီလို့ထင်ပေမယ့်ကျောင်းဆောင်တစ်ခုလုံးပြိုကျသွားတဲ့အခါသူတို့အားလုံးအခြား
တစ်နေရာကိုပြေးဖို့ကြိုးစားချိန်မှာဘဲကျောင်းဆောင်အမိုးတစ်ခုသူ့ခေါင်းပေါ်ပြုတ်ကျပြီးလဲကျ
သွားပါတော့တယ်။သူသတိထားမိတဲ့အချိန်မှာဘဲသူ့ခေါင်းမှာသွေးတွေနဲ့ခေါင်းကွဲသွားပြီလို့
သိလိုက်တာနဲ့သူကဆံပင်အရှည်ထားတဲ့သူမို့အဲဒီဆံပင်တွေကိုခေါင်းကွဲသွားတဲ့အပေါ်မှာဖုံး
အုပ်ပြီးအုပ်ထုပ်ကိုစွပ်ဖိချထားလိုက်ပါတယ်။သူအဲဒီရွာမှာဘဲနှစ်ရက်လောက်ကျန်ရစ်ခဲ့ပြီးနောက်
မှာမော်တော်ဘုတ်တစ်စီးအကူညီနဲ့မြောင်းမြကိုရောက်လာခဲ့ပါတယ်။သူမြို့ပေါ်ရောက်ရောက်ခြင်း
ဆေးရုံမှာဆရာဝန်ကိုသွားပြခဲ့ပေမယ့်ဆရာဝန်ကအနာကအရမ်းကြာနေပြီမို့ချုပ်ဖို့အချိန်နောက်
ကျနေပြီလို့ပြောပါတယ်။ဒါပေမယ့်သူ့အထက်ကတစ်ယောက်ကတွေ့သွားတဲ့အခါမှာတော့သူ့
ကိုဆေးရုံတင်ခိုင်းပြီး အနာကိုသန့်ရှင်းရေးလုပ်ပြီး (၂၂)ချက်ချုပ်ပေးခဲ့ပါတယ်။ သူဆေးရုံပေါ်မှာ
သုံးရက်လောက်ဆက်နေပေမယ့်ဆိုးဆိုးရွားရွားမခံစားရပါဘူး။ ရွံ့ရေတွေလူသေတွေနဲ့ညစ်ပတ်
နေတဲ့ရေတွေကြားမှာအသက်လုခဲ့ရပေမယ့်သူ့ခေါင်းကအနာပေါ်မှာရောဂါပိုးမကူးစက်တာဘုရား
ကိုကျေးဇူးတင်ရပါတယ်။သူရွာမှာကျန်ခဲ့တဲ့နှစ်ရက်မှာတော့အသက်ဆက်ဖို့အုန်းဖူးနဲ့အုန်းရည်ကို
သာမှီဝဲခဲ့ရပါတယ်။ အခုအချိန်မှာတော့ချုပ်ရိုးဖြေပြီးတာနဲ့တစ်ပြိုင်နက်သူ့အလုပ်ဖြစ်တဲ့ကယ်ဆယ်
အရေးအလုပ်တွေကိုဆက်လုပ်နေပါတယ်။
ဒီထက်ရင်နာစရာကောင်းတဲ့အဖြစ်ပျက်တွေအတွေ့ကြုံတွေအများကြီးကြားမြင်တွေ့နေရပေမယ့်
ကိုယ့်နဲ့အရင်းနှီးဆုံးသူတွေရဲ့အဖြစ်ပျက်တွေကိုသာဝေဌတာပါ။
မုန်တိုင်းနောက်ကွယ်မှာတစ်ကယ့်ကိုဒုက္ခရောက်နေတဲ့သူတွေရှိသလို သူတို့တွေနဲ့ရောယောင်ပြီး
နေတဲ့သူတွေလဲရှိပါတယ်။ တစ်နေ့ကဖိုင်တစ်ခုထဲကိုစစ်ကြည့်လိုက်တော့ ဒုက္ခသည်တွေထိုင်ပြီး
သူများအစာဝေတာစောင့်နေကြတဲ့အထဲမှာ ခမောက်တွေ၊ စက်ဘီးတွေ (တစ်ချို့ကပန်းဘီးနဲ့
တောင်လာတောင်းတာ)နဲ့အသေချာအကျနလာထိုင်နေတာတွေ့ရပါတယ်။ စေတနာရှင်တွေ
လှူကြတဲ့အထဲမှာတစ်ချို့ကရှိလို့လှူသလို၊ မရှိတဲ့အထဲ ကိုယ်စားနေတဲ့အထဲကလဲဖဲ့လှူတဲ့သူတွေ
ရှိတဲ့အတွက်အဲဒါတွေကိုတစ်ဆင့်လှူပေးတဲ့သူတွေရော၊ အလှူလက်ခံတဲ့သူတွေကပါရိုးသား
စေတနာပါဖို့အရေးကြီးတယ်လို့ကျွန်မကတော့မြင်ပါတယ်။ ပိုက်ဆံတစ်ဒေါ်လာတိုင်းကသူ့တန်
ဖိုးနဲ့သူရှိပြီးသားပါ။ အလကားရလို့လှူတယ်ဆိုတာတစ်ယောက်မှမရှိပါဘူး။ တစ်ခါတစ်လေကျ
တော့စိတ်ထဲမှာမကောင်းဘူး။ လှူတဲ့သူတွေကလှူတယ်၊ လုပ်အားပေးတဲ့သူတွေအပင်ပန်းခံပြီး
ကိုယ်တိုင်ကိုယ်ကျသွားလှူတယ်။အဲဒီအထဲမှာ လုပ်စား တွေအများကြီးဘဲ။ ကျွန်မအဖေပြောတဲ့
စကားတစ်ခွန်းကိုသတိရမိတယ်။ စေတနာနဲ့လှူတဲ့ပိုက်ဆံကိုဘယ်တော့မှအလွဲသုံးစားမလုပ်မိ
စေနဲ့တဲ့။ ကိုယ်ကအိုးအိမ်နဲ့နေရပေမယ့်လမ်းဘေးမှာထိုင် နေစရာမဲ့တဲ့သူတွေစားစရာမပြောနဲ့
ဘာမှမရှိတဲ့သူတွေနဲ့ရောပြီးနေတဲ့အခါ(အလကားရတာကိုး)နောက်ဆုံးရလဒ်ကတော့အမှန်တစ်
ကယ်ဒုက္ခရောက်သူတွေကိုပြန်ခိုင်းတာတွေ၊ မထင်မှတ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုခံနေ
ရတာကတော့အစစ်မှန်ဒုက္ခရောက်သူတွေပါ။ စိတ်ထဲမှာမတင်မကျဖြစ်နေတာကြာပြီ။
အိပ်ရာပေါ်ကမထနိုင်လို့စာမရေးဖြစ်တာ။ အခုတော့ရေးချလိုက်ပြီ။ မကျေနပ်ရင်လဲကျွန်မကိုဘဲတိုက်ရိုက်ရှင်းကြပေါ့။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ