Skip to main content

မိသားစု (FAMILY)

ကျွန်မလမ်းမှာတွေ့တဲ့ အလုပ်သမားတွေကို " မင်္ဂလာပါ"
အသိတွေတွေ့ရင်...ဟေး..နေကောင်းလား..စသည်ဖြင့်ပြုံးချိုစွာနှုတ်ဆက်တယ်။
အကူညီလို့ရင်..ကျေးဇူးပြုပြီး ကျွန်မကို......ဟာ ကျေးဇူးများကြီးတင်ပါတယ်...
လူစိမ်းတွေနဲ့တွေ့ရင်တောင်အရမ်းကိုယဉ်ကျေးစွာနှုတ်ဆက်ကြပါတယ်။
အလုပ်ကပြန်ရင် သွားတော့မယ်နော်..နောက်နေ့တွေ့မယ်...ချိုသာလိုက်တာ...
အိမ်ကိုပြန်ရောက်ရင်တော့..မျက်နှာအမူအရာနဲ့စတိုင်ကချက်ချင်းကိုပြောင်သွားပါတော့တယ်။
ကျွန်မချစ်တဲ့သူတွေကြီးကြီးငယ်ငယ်ဘယ်လိုများဆက်ဆံပြောဆိုမိပါလိမ့်လို့မတွေးမိပါဘူး။
ညနေပိုင်းမှာ ကျွန်မညနေစာကိုချက်ပြုတ်နေချိန်မှာ
ကျွန်မသားက အနားမှာလာရပ်နေတယ်..တစ်ဖက်လှည့်ပြီးပစ္စည်းလှမ်းယူလိုက်တဲ့အခါ
သားလေးကိုဇွန်းနဲ့ ခေါက်မိကာနီးဘဲ.
အာ..သွားစမ်း..ဝေးဝေးမှာသွားနေ၊ မီးဖိုချောင်ထဲလာရှုပ်မနေနဲ့ လို့အော်လိုက်တယ်။
သားလေးကစိတ်မကောင်းစွာမျက်နှာလေးငယ်ပြီးလမ်းလျှောက်ထွက်သွားတယ်။
ငါဘာလို့သားလေးကိုအလကားနေဟောက်လိုက်မိပါလိမ့်လို့မတွေးမိပြန်ဘူး
ကျွန်မအိပ်ချိန်ရောက်တော့ အိပ်ရာပေါ်လှဲချလိုက်တဲ့အခါ..နားထဲမှာတစ်စုံတစ်ယောက်က
"မင်းတစ်စိမ်းတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ၊ သုံးနေကျချိုသာတဲ့စကားနှုတ်ခွန်းဆက်
တာလေး
တွေကိုသုံးတတ်ပေမယ့်မင်းမိသားစုနဲ့ဆက်ဆံတဲ့အခါကျတော့တော်တော်
ရိုင်းစိုင်းတာဘဲ၊
အခုမင်းမီးဖိုချောင်ကိုပြန်သွားကြည့်လိုက်စမ်း၊တံခါးနားမှာချထား
ခဲ့တဲ့ပန်းလေးတွေကိုတွေ့
လိမ့်မယ်၊အဲဒါမင်းသားလေးကမင်းအတွက်ယူလားထား
ပေးတဲ့ပန်းလေးတွေပေါ့..သူကိုယ်တိုင်
ခြံထဲကအလေ့ကျပေါက်ပင်တွေကပွင့်နေ
တဲ့ပန်းလေးတွေကိုခူးလာခဲ့ပေးတာ၊ အရောင်စုံလေး
တွေ၊ သူမင်းဘေးမှာတိတ်တိတ်
လေး လာရပ်နေတာ..မင်းကိုတအံ့တစ်သြမဖြစ်စေချင်လို့ပါ၊ မင်း
သူ့မျက်လုံး
သေးသေးလေးမှာ ပြည့်လျှံနေတဲ့မျက်ရည်တွေကိုမမြင်ဘူးလား။"

လို့တိုးတိုးလေးကြားရပေမယ့် ကျွန်မနားထဲမှာစကားသံတွေမြည်ဟိန်းနေပြီးရှက်ရွံ့သိမ်ငယ်
လာပါတယ်။ကျွန်မမျက်ရည်တွေကျလာတယ်။ တိတ်တိတ်လေးကျွန်မသားလေးအိပ်ရာဘေး
ကိုလျှောက်သွား
လိုက်ပြီး..
သားလေး.ထပါအုံးသားလေး..ပန်းလေးတွေမေမေ့အတွက်ယူလာပေးတာလား။
(သားလေးကချက်ခြင်းဘဲပြုံးလိုက်ပြီအားတက်သရောနဲ့..)
ဟုတ်မေမေ..ကျွန်တော်ကိုယ်တိုင်ခြံထဲမှာသွားခူးလာခဲ့တာ၊ မေမေ့အတွက်၊ ဘာလို့လဲဆိုတော့ ပန်းလေးတွေက မေ့မေ့လိုဘဲအရမ်းလှတယ်။ မေမေကြိုက်မယ်လို့သားထင်သားဘဲ..အထူးသဖြင့် နှင်းပန်းအဖြူလေးတွေ။
သားလေး..မေမေဒီနေ့သားကိုဆူငေါက်မိတာတစ်ကယ်စိတ်မကောင်းပါဘူး၊မေမေမဟောက်သင့်ဘူး
ဟာမေမေကလဲရပါတယ်၊ စိတ်မကောင်းမဖြစ်ပါနဲ့။ဘာဘဲဖြစ်ဖြစ်သားမေ့မေ့ကိုချစ်ပါတယ်။
(ကျွန်မမျက်ရည်တွေစီးကျလာပြီး)
မေမေလဲသားကိုချစ်ပါတယ်သားရယ်၊သားယူလာပေးတဲ့ပန်းလေးတွေမေမေအရမ်းကြိုက်တယ်
အထူးသဖြင့်နှင်းပန်းဖြူလေးတွေ

အကယ်လို့သင်ဟာမနက်ဖြန်သေသွားမယ်ဆိုရင် သင်အလုပ်လုပ်နေတဲ့ companyက သင့်နေရာ
မှာအစားဝင်မယ့်သူကိုတစ်ရက်အတွင်းချက်ချင်းရှာခန့်လိုက်လို့ရပေမယ့် ကျန်ရစ်ခဲ့တဲ့သင့်မိသားစု
ကတော့ သင့်နေရာမှာကွက်လပ်တစ်ခုအနေနဲ့သင့်ကိုတစ်သက်လုံးသတိရနေရစ်ခဲ့မယ်ဆိုတာစဉ်း
စားမိကြလားဟင်။
ဒီအကြောင်းရာလေးကရိုးရှင်းတဲ့အဖြစ်ပျက်တစ်ခုဖြစ်ပေမယ့်သေချာလေးလေးနက်နက်ပြန်တွေး
ကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့ရဲကအချိန်တွေကိုအလုပ်ထဲမှာထက်၊မိသားစု၊ချစ်ခင်သူဆီမှာပိုပြီး
မြုပ်နှံသင့်တယ်ဆိုတာနားလည်လာပါလိမ့်မယ်။ ဒါစဉ်းစားဥဏ်မရှိတဲ့အတွေးတစ်ခုပါ၊ ပိုက်ဆံရှိမှ
မိသားစုကိုထောက်ပံ့နိုင်မယ်လို့မတွေးပါနဲ့။ တစ်ကယ်တမ်းကျွန်မတို့လိုအပ်နေတဲ့မေတ္တာတွေကို
ငွေဘယ်လောက်ပေးပေးဝယ်ယူလို့မရနိုင်ပါဘူး။ ကျွန်မတို့ဘာကြောင့်ခုထိ၊ဒီအခြေနေထအောင်
ရပ်တည်ဖို့၊လေကဒဏ်ကိုရင်ဆိုင်ဖို့အားတွေရှိနေတာလဲ။ မိသားစုကအနောက်ကနေထောက်ပံ့
ထားတဲ့မေတ္တာကြောင့်ပါ။
မိသားစု/Family ဆိုတဲ့ဝေါဟာရရဲအဓိပယ်ကိုသိလားဟင်..
F = Father
A = and
M = Mother
I = I
L = Love
U = You
မြန်မာလိုဆိုရင်တော့ ဖခင်၊မိခင်နဲ့ ကျွန်တော်/မ တို့တစ်ဦးပေါ်တစ်ဦးချစ်ခြင်းမေတ္တာတွေနဲ့
တည်ဆောက်ထားတာကိုမိသားစုလို့ခေါ်တယ်။

အမှန်တော့ကျွန်မလဲဒီလိုပါဘဲ၊ ဒီပုံပြင်လေးကိုဖတ်ပြီးကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြီးနောင်တရမိတယ်
လုပ်ဖော်ကိုင်ဖက်၊သိပ်မရင်နှီးတဲ့သူငယ်ချင်းတွေ၊ အမှတ်မထင်လမ်းမှာတွေ့တဲ့တစ်စိမ်းသူရန်တွေ
ပေါ်မှာချိုသာစွာပြောဆိုဆက်ဆံတတ်ပေမယ့် မိသားစု၊ အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ကိုယ့်ချစ်သူ
ဆိုရင်တော့သူများကိုစိတ်တိုတာတွေ၊ အလုပ်မှာအဆင်မပြေတာတွေ၊ နေမကောင်းတာတွေအကုန်
ရောချပြီးစကားကောင်းကောင်းကိုမပြောချင်ဘူး။ဘုနဲ့ဘောက်ဘဲ။ ကျွန်မမိသားစုနဲ့ပြောဆိုဆက်ဆံ
တာကိုကျွန်မအကြောင်းမသိတဲ့သူကကြားမယ်ဆိုရင်ဒီကောင်မလေးကိုယ့်မိဘအပေါ်ရိုင်းလိုက်တာ
လို့ထင်ချင်ထင်မယ်။ ကျွန်မအမေကတော့သူတစ်ကာကိုလိုက်ရှင်းပြတယ်၊ သူကနေမကောင်တော့
အလိုလိုနေရင်းစိတ်တိုနေတာအမြဲတမ်း၊ ခွင့်လွှတ်နားလည်ပေးပါစသည်ဖြင့်ပေါ့။ အဖေကဖျော်ရည်
သောက်မလားမလားမေးရင်တောင်ပြန်မဖြေဘူး။စိတ်ထဲမှာဖြေစရာမှမလိုတာ၊ငါဖျော်ရည်မကြိုက်
တာငယ်ငယ်လေးကတည်းက၊အဖေသိရက်သားနဲ့လာမေးတယ်။အပိုတွေ၊ဆိုပြီးမဖြေဘူး။
အမေကဆေးခန်းသွားဖို့အတင်းခေါ်ရင်ဆေးခန်းရောက်ရင်အမေ့ကိုလုံးဝစကားမပြောတော့ဘူး။
စိတ်တိုလို့၊ ငါ့ကိုဒီလိုဖြစ်အောင်သူတို့ဘဲလုပ်တာဆိုပြီ။ အတွေးတွေကလွဲချော်နေတယ်။ ပြန်တွေး
ကြည့်ရင်တစ်ကယ်ကိုစိတ်မကောင်းဘူး။ ကျွန်မချစ်သူ၊ ကျွန်မအရမ်းရင်းနှီးတဲ့သူတွေကိုလဲ ကျွန်မ
စကားကောင်းကောင်းတစ်ခါမှမပြောဘူး။ ဘုနဲ့ဘောက်။ ပြောပြီးတိုင်း..ဖုန်းချတိုင်း ငါဘာလို့ဒီလို
ပြောမိပါလိမ့်၊ နောက်ဆိုငါချိုချိုသာသာကောင်းကောင်းပြောမယ်လို့ဆုံးဖြတ်ချက်ချတာလဲ အကြိမ်
ကြိမ်၊ နောက်တော့အသံစကြားတာနဲ့အလိုလိုအကျင့်ကိုဖြစ်နေတော့ဘယ်လိုပြုပြင်ရမှန်းကိုယ့်ကို
ကိုယ်မသိတော့ပါဘူး။
ဒီအဖြစ်ပျက်လေးကိုဖတ်ပြီးနောက်ဆိုရင်စကားကိုချိုချိုသာသာဘဲပြောတော့မယ်။ ကိုယ်ချစ်တဲ့သူ
ကိုယ့်ကိုချစ်တဲ့သူတွေကိုစိတ်ထိခိုက်အောင်ဘယ်တော့မှမလုပ်တော့ဘူးလို့ကျွန်မကတော့ဆုံးဖြတ်
လိုက်တယ်။ သူငယ်ချင်းတို့ရော ???
(မှတ်ချက်၊ ကျွန်မကိုစိတ်တိုအောင်မပြောရင်ပြောတာပါ၊ ပြုပြင်တော့မယ်လို့)

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ