Skip to main content

ဘွဲ့နှင်းသဘင်

စနေနေ့ကတည်းကဘွဲ့ယူမယ့်သူငယ်ချင်းတွေကသူတို့ဧည့်သည်တွေ ကျွန်မတို့အပါဝင်ပေါ့
မြန်မာထမင်းဟင်းတွေချက်ပြုပ်တာပြင်ဆင်လုပ်ကိုင်ဖို့ကျွန်မကျောင်းကို (၅)နာရီလောက်သွား
လိုက်တယ်။ ဆရာ့အိမ်မှာ။ ဘယ်သူမှမရောက်သေးဘူး။ ကျွန်မစိတ်ထင်ထမင်းကြွေးမလားလို့
အိမ်ကဘာမှမစားသွားဘူး။ ဗိုက်ဆာလိုက်တာပြောမနေနဲ့။ ဆရာမကကျွန်မဗိုက်ဆာလားတဲ့။
ဆာတယ်လို့ပြောတော့အခုဘဲချက်လိုက်မယ်လေဒါဆိုတဲ့။ ကျွန်မကမစောင့်နိုင်တော့ဘူး။ သူက
သူလုပ်ထားတဲ့ ဒိုးနပ် (Donuts) တွေကိုချကြွေးပါတယ်။ ဖျော်ရည်လဲဖျော်တိုက်တယ်။ ညီမ၀မ်း
ကွဲတာဝန်က အာလူးပြုပ်ထားဖို့။ သူပြုပ်ထားတဲ့အာလူးတွေကိုဒီဘက်ဆရာအိမ်ကိုသယ်လာဖို့
သူတစ်ယောက်တည်းမနိုင်ဘူး။ သူ့မှာမျောက်လောင်းလေးတစ်ကောင်လဲရှိသေးတာကိုး။ ဖုန်း
ဆက်တော့ဘာလုပ်နေလဲလို့မေးတော့သူ့ယောကျာ်းနဲ့ယောက်ကထီးစားဖို့ဟင်းချက်နေတယ်တဲ့။
ကျွန်မကငါလဲလာစားမယ်လို့ပြောတော့နောက် (၁၅)မိနစ်ဆိုအားလုံးကျက်ပြီတဲ့။ဒေါနပ်တွေထိုင်
စားနေရင်းနဲ့၊ ဗိုက်ဆာလို့သာစားရတယ်၊ ဒိုးနပ်ဆိုတာကျွန်မလုံးဝကိုမစားတဲ့အရာ၊ဒါပေမယ့်ဆရာ
မကကိုယ်တိုင်လုပ်ထားတဲ့ဟာဆိုတော့အရသာရှိတယ်။စားလို့လဲကောင်းတယ်။ညီမအိမ်ရောက်
တော့ထမင်းဝင်စားတော့တာဘဲ။ သူ့ယောက်ျားနဲ့ယောကထီးနဲ့။ ဘာဟင်းလဲဆိုတော့တူနာငါးကို
ငရုတ်သီးကြက်သွန်နီနဲ့ကြော်၊ တူနာငါးကိုအလွတ်ကြော်၊ မုန်လာထုပ်ကိုကြက်ဥနဲ့ကြော်ဗိုက်ဆာ
ဆာနဲ့(၂)ပန်းကန်လောက်စားလိုက်တယ်။ ပြီးတာနဲ့အာလူးအကြောင်းပြောရင်းအာလူးကိုသယ်လာ
ကြတယ်။ကျွန်မကမျောက်လောင်းကိုချီ၊ ညီမကအာလူးတွေကိုသယ်။ဒီဘက်ဆရာအိမ်လဲရောက်
တော့မောလိုက်တာ။အာလူးသယ်တဲ့သူကမမောရဘူး။ ကျွန်မကမောတာ။ရောက်တာနဲ့ ကြက်သွန်
နီအခွံခွာ။ ကြက်သွန်ဖြူ၊ခရမ်းချဉ်သီး၊ အာလူးကိုပါးပါးလှီး။ ကိုကြီးကဆရာမကိုအာလူးပြုပ်ထားပေး၊
ကြက်သွန်နီ၊ ဖြူကိုတော့ blender နဲ့ရိုက်ထားပေးပါလို့မှာတာနားကြားလွဲပြီးဆရာမကအာလုံးကို
blender နဲ့ရိုက်ဆိုတော့အောင်မလေးလေး။ မလွယ်ဘူး တစ်ခါမှမကြားဖူးပါလား။မထူးဘူးသူအနှစ်
ရချင်လို့ဖြစ်မယ်။အတုံးသေးသေးတုံးဆိုပြီး၊ နောက်ကျွန်မတို့သုံးယောက်အပြင်မြန်မာကောင်လေးနဲ့
ယူတဲ့ဒီကနိုင်ငံသူတစ်ယောက်ပါလာပြီးကူလုပ်ပေးတော့မနဲတော့မြန်မြန်ပြီးပါတယ်။ ကျွန်မကစိတ်ပူ
နေတာ၉နာရီကျော်ရင်ကားမရှိတော့ဘူး၊ဒါကြောင့်နာရီတကြည့်ကြည့်နဲ့၊ ငရုတ်သီးတွေလဲအသုပ်ထဲ
ထည့်ဖို့လှီးရမှာ၊ အမြန်ပြီးအောင်ဆိုပြီး၅-၆လုံးတန်းဆီပြီးဓါးနဲ့ပါးပါးလှီးချတာ..လက်ပူမှာတော့သိတယ်။
မတတ်နိုင်ဘူး၊ အချိန်လဲမရှိဘူး၊ ဟိုတစ်ယောက်နဲ့ညီမကတော့ကလေးအငယ်တွေနဲ့ဆိုတော့စောစော
ပြန်သွားကြပြီ။
ပြင်ဆင်ခြင်း







ကျွန်မပြန်တော့ ၁၀နာရီကျော်ပြီ၊ ကားလဲမရှိတော်တော်စိတ်ပျက်တယ်။တော်သေးတယ်
ရုံးကအန်တီကကျောင်းကိုကိစ္စတစ်ခုနဲ့လာရင်းကျွန်မကိုလှမ်းတွေ့လိုက်လို့ကားပြန်ကွေ့လာပြီးလာခေါ်
တယ်။ အိမ်ထိပြန်လိုက်ပို့တယ်။ အဲဒါလဲဒီမှာတစ်ဒုက္ခ။အိမ်ပြန်ရောက်တော့မှလက်တွေပူနေတာသတိ
ထားမိတယ်။ ပူတာမှတော်တော့ကိုပူတာ..ထိုင်ပြီးအော်နေလိုက်တယ်တစ်ယောက်တည်း။ ကြားတဲ့သူ
ဆိုရင်တော်တော်နားငြီးမှာ။ပင်ပန်းတော့စောစောအိပ်..
နောက်နေ့တနင်္ဂနွေရောက်တော့ပန်းဝယ်ဖို့ကိစ္စကိုစဉ်းစားရတယ်။ ဘယ်မှာဝယ်ရင်ကောင်းမလဲ၊ အချိန်
လဲမရှိနေကအသေပူ။ ကားလာခေါ်တော့ ၁၁း၃၀ ရှိပြီ။ ဘွဲယူတဲ့အစီအစဉ်က ၃း၀၀နာရီစမှာ၊ ကျောင်းနဲ့
ကျွန်မနေရာနဲ့ဆို ၄၅ မိနစ်လောက်ဝေးသေးတယ်။ကျောင်းကတော့ကျွန်မတို့ရုံးလက်အောက်ကကျောင်း တွေအများကြီးထဲကတစ်ကျောင်းပါဘဲ၊ ကျွန်မနေတဲ့မြို့နဲ့နီးတဲ့နေရာမှာuniversity၂ခု (ရုံးကဖွင့်ထားတဲ့) ရှိတဲ့အထဲမှာဒီကျောင်းက ပိုနိုင်ငံခြားသားများပြီးကျောင်းသားပေါင်းသောင်းချီရှိတယ်။ ဈေးလဲပိုသက်သာ
တယ်။ဘာလို့လဲဆိုတော့နိုင်ငံခြားသားprofessor နည်းတယ်။ကားမောင်းတဲ့သူကို ကိုကြီးက shortcut
ဆိုတဲ့လမ်းကိုမောင်းခိုင်းတာ။ ဖုန်တွေချည်းဘဲ။ ကျွန်မဒေါသထွက်လို့စိတ်ထဲကနေခေါင်းခေါက်နေတာ
အကြိမ်ကြိမ်။မထွက်ဘဲနေနိုင်ရိုးလား။နေကအရမ်းပူတာ၊ အရေးထဲမှာဘာဝတ်ဝတ်ကိုပူနေလို့အပါးဆုံး
အိကျီကိုရွေးဝတ်တာသိပ်မသင့်တော်လို့ ပုဝါပါးပါးကိုလည်ပင်းကနေသိုင်းချည်ပြီးအောက်ကိုချထားတာ၊
ဖုန်ထူတဲ့လမ်းမှာတောပုန်းကြီးစံဖဲလိုမျက်နှာကိုကာထားရတယ်။ ဟိုလဲရောက်တော့မျက်နှာကိုကိုင်ကြည့်
တော့ဖုန်တွေ..ပူအိုက်လွန်းလို့ဆံပင်ချည်ကြိုးလုပ်လိုက်ရတယ်...
အားလုံးစုပြီးစားကြမှာရေကူးကန်ဘေးမှာ။ဘယ်သူမှမရောက်သေးဘူး။ရေကူးကန်ကတောင်အောက်ဘက်
မှာ။လှေခါးနဲ့အိုးတွေကိုသယ်၊ ဆင်ရတာယောက်ျားလေးတွေသယ်ပါတယ်။ ဟိုရောက်မှအဲဒီအခန်း (အကာ)
မပါမှာတံမြက်စည်းလှည်း၊ ခုံတွေခင်း၊ ဂေါ်ဖီတွေသုပ်ဖို့လုပ်တော့လှီးထားတဲ့ဂေါ်ဖီတွေကအကုန်ပုပ်ကုန်ပြီ။
ဆိုးပါ့။အဲဒီနေ့မနက်ညကမလှီးဘဲကျန်တဲ့ဂေါ်ဖီကိုထပ်လှီးထားတာအဲဒါတော့နဲနဲကောင်းသေးတော့ရေခပ်
ရေစင်စင်ဆေးပြီးသုပ်ရတော့တာပေါ့။စားဖို့ပြင်ဆင်ထားတာ(၆၀)စာ။ လာတော့လူက ၂၀ လောက်၊ အဲဒီ
အထဲမှာတစ်ချို့တွေကအလှပြင်ပြီးသားဆိုတော့မစားတော့ဘူး။ပိုလိုက်တာအများကြီး။
အတိုချုံးပြီးရေးရမယ်ဆိုရင်တော့ဘွဲ့လက်မှတ်ပေးမယ့်နေရာကဘောလုံးကွင်းနှစ်ကွင်းစာလောက်ရှိတဲ့
ကွင်းပြင်ကြီးမှာကုန်တွေအများကြီးချထားတယ်။ဘွဲ့ယူတဲ့သူတွေတထောင်လောက်ရှိမယ်ထင်တယ်။
အများ
ကြီးဘဲ။ နေပူပူမှာ၊ ဒါတောင်အကျနေနော်..ကျွန်မဆိုချွေးတွေထွက်တာပြောမနေနဲ့။အစီစဉ်စမှာ၃နာရီ
သီချင်းဆိုတဲ့အဖွဲ့ကနေကာမျက်မှန်တွေနဲ့တက်ဆိုပြီးပြီ၊ဘွဲ့ယူသူတွေများတာလဲမပြောနဲ့ IT, Education,
nursing, dentist, science,others Degree,Bachelor,Mastor,Doctoral အစုံဘဲ။ သူတို့တန်းစီနေတဲ့
အချိန်မှာကားအကြီးကြီးမှန်အလုံပိတ်ရောက်လာပြီးတော့ ရှေးခေတ်ကားတွေထဲကဗြိတိန်စစ်ဗိုလ်တွေလို
ဝတ်စုံအပြည့်စုံနဲ့။ ဦးထုပ်တွေကလဲဌက်မွှေးလိုမျိုးတွေထောင်ထောင်အရှည်ကြီးတွေ၊နဲ့ ဗိုလ်တွေဓားတွေ
ကိုင်ပြီးဆင်းလာတော့ကျွန်မကဘာများလဲလို့။ နောက်တော့သူတို့ကအရင်ဆုံးချီတက်သွားတယ်။ မိုက်
လိုက်တဲ့ဘဲတွေကွာ.ရုပ်မချောပေမယ့်သန့်ခန့်ပြန့်၊ အရပ်တွေက..အမြင့်ကြီးတွေ၊၀တ်စုံတွေနဲ့၊ ဆံပင်ညှပ်
ထားတာသပ်ရပ်၊(ဘဲတွေငန်းရတာတော့တန်သွားတယ်ဟိဟိ)၊ သူတို့ချီတက်ပြီးတော့စင်အောက်နားမှာ
နှစ်ဖက်ခွဲရပ်ပြီးဓားတွေကိုမိုးပေါ်ထောင်ပြီးမိုးလိုက်တယ်။ပြီးမှဘွဲ့ယူတဲ့သူတွေကအောက်ကနေတစ်
ယောက်ချင်းလျှောက်သွားကြတာ..အဲဒါကိုတော့တော်တော်ခိုက်သွားတယ်။ ဓာတ်ပုံရိုက်ဖို့တောင်မေ့ပါ
တယ်ဆိုအဲတာသာကြည့်...ဟီးဟီး...
ငါလဲ PhDယူပြီးရင်ဒီကျောင်းမှာလာပြီး Marching လုပ်အုံးမှလို့စိတ်ကူးယဉ်...

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ