Skip to main content

ကျွန်မကိုကိုက်ခဲ့သောအကောင်

ကျွန်မ...တက္ကသိုလ်မှာတော်တော်နာမည်ကြီးပါသည်။ စာတော်သည်၊ လိမ္မာသည်၊ အလွန်ချောသည် ဆိုသောဂုဏ်ပုဒ်များနှင့်မဟုတ်ပါ။ နာမည်တစ်လုံးနှင့် ဗြောင်းဆန်အောင်ဆိုးပါသည်။ ဆိုးသည်ဆိုရာတွင်..ဖက်ရှင်ရှိုးတိုင်းတွင်ထိပ်ဆုံးမှ.. မာနလည်းကြီး၊ တော်ရုံမိန်းကလေးအချင်းချင်းတောင်အဖက်လုပ်စကားမပြောပါ။ စာကြည့်တိုက်တွင်လဲ စာမဖတ်ပါ.. ကာတွန်းနှင့် မဂ္ဂဇင်းများ၊ ၀တ္တုတိုများကို စေ့စေ့ဌဌရှာဖတ်သည်။ ဌားလို့မရလျှင်လွယ်အိတ်ထဲထည့်ခိုးပြီးအဆောင်ကိုယူသွားသည်။ စာကြည့်တိုက်မှူးစိတ်လေသည်မှာ ပြောဖွယ်မရှိ။ စာကြည့်ချိန်တွင်..ချီးပိုးထိုးကောင်ကိုဖမ်း.. စာရွက်မှာနာမည်ရေးပြီး ကြိုးနဲ့ချည်ပြီး ပြန်လွှတ်သည်.. ကျသည့်စားပွဲမှပိုးကောင်တွင်ချည်ထားသောစာကိုဖတ်မိလျှင် ၀ါးလုံးကွဲအောင်ထရီကြသည်။ တနင်္ဂနွေ သူတကာအလုပ်ဆင်းချိန်တွင် ကျွန်မယောင်လည်လည်နှင့် ငါးသွားမျှားသည်။ အဆောင်မှူးအိပ်လျှင်ခိုးထွက်ပြီး သူများဂရုတစ်စိုက်ဆိုက်ထားသောဌက်ပျောပင်မှမမှည့်သေးသော ဌက်ပျောခိုင်များကို လိုက်ခုတ်ချသည်။ စည်းကမ်းတင်းကျပ်လွန်းသောအဆောင်တွင်နေရသည်မှာ ကျွန်မအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်ပါ။ တစ်ခုသာရှိသည်၊ မနက်ဆိုရင်မထနိုင်ပါ။ ၅နာရီခွဲ အဆောင်မှူး သံချောင်းခေါက်သည့်အချိန်တွင်ဝုန်းကနဲ့ထပြီး မျက်နှာသစ်သွားတိုက် (၆) နာရီ ခန်းမဟောထဲအရောက်.. ဒီတစ်ခုတော့ တော်တော့ကိုစိတ်ပျက်ပါသည်။ မနက်မထနိုင်သည်မှာ တော်တော်ဆိုးလှသည်။ အဆောင်မှူးခေါက်သည့်သံချောင်းကို သွားဖွက်ထားသည်မှာလဲခဏခဏ၊ လက်သည်တော့မပေါပါ.. သပ်ရပ်သည်ကိုး။။။
၁၉၉၉ခု မေလ...ကျွန်မ summer class ယူသည်။ အဖေကပြောတယ် ။ နွေရာသီအိမ်မှာဘဲပြန်နေပါ.. ကျောင်းမတက်ပါနဲ့..
စကားနားမထောင်ပါ။ ဘယ်ကြောင့်ဆိုသော်သူငယ်ချင်းတစ်ချို့ summer class မှ intermediate accounting ကိုယူမည်။ ကျွန်မလဲ သူငယ်ချင်းများနှင့်အတူတက်ချင်သည်။ ထို့ကြောင့်မိဘစကားနားမထောင်ဘဲ ကျောင်းဆက်တက်ခဲ့ပါသည်။ တစ်ရက်.. တစ်ခြားမြို့တစ်ခုသို့သွားပြီးစက်ရုံတွေကို analysis လုပ် ညမှပြန်ရောက်သည်.. report တင်ရန်ရေးစရာရှိသော်လည်း ပင်ပန်းလွန်းလို့ ခဏလှဲလိုက်တာ အိပ်ပျော်သွားသည်။ ပြန်နိုးတော့ မနက် (၂) နာရီထိုးနေပြီး.. ခေါင်းထဲကိုဖျတ်ကနဲ့ဝင်လာတာ.. ငါ report တင်ရမယ် ဘာမှမရေးရသေးဘူး. class က (၇)နာရီစမှာ.. ဖြစ်သေးပါဘူး..ဆိုပြီးအိပ်ရာပေါ်မှလူးလဲထ.. မျက်နှာသစ်ဖို့အခန်းအပြင်ကိုထွက် ရေဗုံးထားတဲ့နေရာကိုသွား..ရေဗုံးကိုလှမ်းအယူ...
အား..........
ပူလိုက်တာ..ပူလိုက်တာ.. ခြေချောင်းလေးတွေကိုရေနွေးပူးပူနဲ့ ဖျန်းလိုက်သလိုခံစားမှုနဲ့အတူ ကျွန်မလန့်ပြီးခုန်လိုက်တယ်.. ပြီးတော့ အခန်းဝဆီပြန်ပြေးသွားပြီး ရေဗုံးတွေထားတဲ့နေရာကိုလှမ်းကြည့်လိုက်တော့....
မျက်လုံးနီနီနဲ့ ကျွန်မကိုကြည့်နေတယ်လို့ထင်ရတဲ့ ပင်ကူအကြီးကြီးတစ်ကောင်...အမဲရောင်..အမွှေးတွေနဲ့...

သိလိုက်ပါပြီ...ဒီအကောင်ကျွန်မကိုတစ်ခုခုလုပ်လိုက်ပြီဆိုတာ... ကျွန်မ အခန်းထဲပြန်ဝင်.. ခြေမက ပူတာပိုဆိုးလာတယ်။ ဒါနဲ့ ကျွန်မကြားဖူးသလောက် အဆိပ်ရှိတဲ့အကောင်ကိုက်ရင် ကြက်သွန်နီကို ခြမ်းပြီးပွတ်ပေးရတယ်ဆိုတော့ ကြက်သွန်နီလိုက်ရှာ၊ ခြမ်းပြီး ခြေမမှာ ကပ်ထားလိုက်တယ်.. ပိုပူလာတယ်.. မျက်ရည်တွေကျလာတယ်..ခြေချောင်းလေးတွေနီရဲလာတယ်။ နောက်ခြေထောက်တစ်ချောင်းလုံးအနီရောင်တွေဖြစ်လာတယ်... ကျွန်မမခံနိုင်တော့ဘူး...သူငယ်ချင်းတွေပင်ပန်းလို့အိပ်နေကြတော့မနှိုးရက်ဘူး...မခံရပ်နိုင်တဲ့အဆုံးကျွန်မငြီးမိတယ်။ အဲဒီမှာ သူငယ်ချင်းယောင်းမ (သူ့အကိုနဲ့ကျွန်မကိုသဘောတူနေတဲ့)က.. ကူးကူး.. ဘာဖြစ်တာလဲဆိုပြီး ထလာတယ်.. ကျွန်မလဲ ပင့်ကူကိုက်တဲ့အကြောင်းပြောလိုက်တယ်... ကျွန်မဘာမှမသိတော့ဘူး... ခြေထောက်တစ်ချောင်လုံးနီရဲပြီး ပူတာမခံမရပ်နိုင်အောင်ဘဲ... နောက် တစ်ခြားသူငယ်ချင်းတွေလဲနိုးလာတယ်.. မဖြစ်ဘူးဆိုပြီး dean of student ကိုသွားခေါ်တယ်.. နောက်တော့ ဒီတိုင်းမဖြစ်သေးဘူး..ကျောင်းအုပ်မိန်းမ ဒေါက်တာကိုသွားခေါ်ကြတယ်.. အဲဒီအချိန် တစ်ခြားအခန်းကသူတွေလဲနိုးလာပြီးတော့ ဘယ်မှာလဲ ကိုက်တဲ့အကောင်ဆိုပြီးလိုက်ရှာပြီးတွေ့တော့ တစ်ယောက်တစ်ချက်ဝိုင်းသတ်ကြတာ..ပင့်ကူညက်ညက်စိကြေရော...
မှတ်မိသလောက်တော့ ဒေါက်တာရောက်လာတယ်။ ကျွန်မကို ဆေး (၄)လုံးလောက်ထိုးလိုက်တယ်တယ်တယ်.. နောက်တော့ ကျွန်မကို ညစောင့်တဲ့ကျောင်းသားတစ်ယောက် ဗလတောင့်တောင့် ကျွန်မကိုချီပြီး ကားဆီကိုသယ်သွားတယ်.. ကျွန်မကိုယ်လုံးကိုချီနိုင်တယ်ဆိုတော့ နဲတဲ့အားမဟုတ်ဘူး... နောက်ဆုံးသတိရတဲ့အချိန်ကတော့ ကျွန်မဆေးရုံပေါ်က ကုတင်မှာ...ကျွန်မခြေထောက်ကပူလွန်းလို့ ခြေဖမိုးတစ်ခုလုံး မီးလောင်သလိုအဖုတွေအများကြီးဖြစ်လာတယ်.. မီးလောင်တဲ့အဖုက အရေခွံပါးပါးလေး..အခုဟာက အရေခွံထူတော့.. အဲဒီအရည်တွေကို ဆေးထိုးအပ်နဲ့ဆုပ်ထုတ်ရတယ်။ အမဲရည်တွေပေါ့..ပင့်ကူအဆိပ်တွေ.. ဆီးသွားလဲ အမဲရောင်...ခြေထောက်တစ်ဖက်လုံး ရစရာမရှိအောင်အရေပြားပေါ်က သွေးကြောတွေပြတ်ကုန်တယ်.. ဆရာဝန်တွေလဲဘာမှမတတ်နိုင်ဘူး.. ကျွန်မလမ်းလဲမလျှောက်နိုင်တော့ဘူး... ဆရာဝန်တွေကတော့ အခြေနေသိပ်မကောင်းရင်ခြေထောက်ဖြတ်ဖို့ အလားအလာရှိတယ်လို့ပြောတယ်။ ကျွန်မ..အဲဒီအချိန်တုန်းက.. ဖြတ်ချင်လဲဖြတ်...ခံရခက်လွန်းလို့သေတော့မယ်... မီးလောင်သလိုအဖုကြီးတွေကလဲ ခြေဖမိုးမှာအပြည့်... ဆေးထိုးအပ်နဲ့ဆုပ်ထုတ်လဲ..နောက်နေ့ဆို ထပ်ဖောင်းပြီးအရည်တွေပြည့်နေပြီး.. သူတို့ပြောတာကတော့ ကြပ်ပင့်ကူ ကိုက်တာတဲ့။ ကြပ်ပင့်ကူလား ကြက်ပင့်ကူလားတော့မသိဘူး။တစ်ချို့တောရွာတွေမှာ အဲဒီအကောင်ကိုက်တဲ့သူဆိုရင် သေတာဘဲ။ သူက မကိုက်ခင်မှာ ကြက်ကလေးလိုအသံပေးတယ်တဲ့..ပြီးရင် ပက်လက်လှန်တယ်။ ပြီးတာနဲ့ တန်းခုန်ပြီး ကိုက်တာ.. ဘယ်လောက်ဝေးဝေး သူ့ target ကိုမလွဲဘူးလို့ ကျွန်မတို့ကျောင်းအုပ်ကြီးကရှင်းပြတယ်။ မသေရင်တောင်ခြေထောက်ကရစရာမရှိတော့ဘူး..အသားတွေအဖတ်လိုက်ကွာကျတယ်တဲ့...
တော်တော်ဆိုးတဲ့အကောင်... ငါ့ကိုမှလာကိုက်လေခြင်း... မာမီကတော့ နေ့တွင်းချင်းဘဲလိုက်လာတယ်.
သူငယ်ချင်းတွေ၊ ဆရာတွေလဲနေ့တိုင်းလာကြည့်ကြတယ်။ ဆေးရုံကုတင်ဘေးက အန်တီက သူ့သားကို ဘာအရွက်တွေမှန်းမသိယူလာခိုင်းတယ်။ ပြီးတော့ကျွန်မကိုဝါးစားခိုင်းတယ်။ ကျွန်မစားပါတယ်..ဘာဖြစ်ဖြစ်ပေါ့... ဆုဘဲတောင်းနေတာအချိန်တိုင်း...ဆရာဝန်လဲမကယ်နိုင်ဘူး. ဘုရားကိုဘဲအားကိုးရတာပေါ့.. ဆေးရုံမှာ ခြေထောက်ဖြတ်ရတယ်လို့အိပ်မက်ခဏခဏမက်တယ်... မာမီကတော့ ငိုနေတာဘဲ... ကျွန်မကတော့ ခြေထောက်တစ်ချောင်းလုံးပူပြီး နေမရအောင်ဖြစ်နေတော့ စောင်အပါးမှာရေဆွတ်ပြီးပတ်ထားပေးတယ်။ မာမီက တစ်ချိန်လုံးယပ်ခပ်ပေးနေရတယ်။ ဒီလိုနဲ့ ဆေးရုံမှာ ၃ ပတ်နီးပါးနေပြီးတော့ အတင်းတောင်းဆင်းတယ်။ ပြီးတော့ ဦးလေးအိမ်မှာနေတယ်။ အိမ်ရှေ့ဧည့်ခန်းမှာ ဖျာလေးခင်းပြီး ပန်ကာအမြဲဖွင့်ထားရယ်။ အဆိပ်တွေကတော့မကုန်သေးပါဘူး. ရေနွေးပူလိုအပူဖုတွေက နေ့တိုင်အဆိပ်ရည်တွေပြန်ပြန်ပြည့်နေတယ်။ ဒါကို ဆေးထိုးအပ်နဲ့အမြဲဆုပ်ထုတ်ရတယ်။ ဒီကြားထဲမှာ အိပ်နေရင်းပက်လက်နဲ့ စာဖတ်သေးတယ်။။ စာမေးပွဲဖြေဖို့.. ခေါင်းမာတာလေ... ဆရာက သနားလို့ ပေးဖြေပါတယ်. စာမေးပွဲခန်းမှာတော့မဟုတ်ဘူး.. ကျွန်မက အိပ်ရာပေါ်ကနေဖြေတာ... A တော့မရပေမယ့် B+ လောက်တော့ရသေးတယ်။ နောက်တော့ မာမီကရန်ကုန်ကိုပြန်ခေါ်သွားတယ်။ ပါးပါးကတော့ အဲဒီအချိန်ကစပြီးပင့်ကူတွေ့သမျှအကုန်လိုက်သတ်တာဘဲ..သေးသေးကြီးကြီး...နောက်ပိုင်း (၃) လလောက်လမ်းမလျှောက်နိုင်ဘူး... နောက်ပိုင်းမှာတော့လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မစွန့်လွှတ်လိုက်ရတဲ့အရာတွေတစ်ချို့တော့ရှိတာပေါ့.. ကြာကြာတော့မလျှောက်နိုင်တော့ဘူး...ကြာခဲ့ပါပြီ ဒါပေမယ့်အခုချိန်ထ အဆိပ်ကအထဲမှာကျန်သေးတော့တစ်ခါတစ်လေအရမ်းကိုက်တယ်. ခြေထောက်တစ်ချောင်ကအခုထိအရမ်းပူတယ်။ နေပူတဲ့နေ့တွေဆို လူများတဲ့နေရာမှာဆို ယပ်တောင်တစ်ချောင်းနဲ့ ခြေထောက်ကိုယပ်ခပ်နေရတယ်။ သာမာန်လူတွေလိုတော့ မလျှောက်နိုင်မပြေးနိုင်ပေမယ့်... ဘုရားကျေးဇူးဘဲ...အခုထိတော့လမ်းလျှောက်လို့ရသေးတယ်။
ကျွန်မငယ်ငယ်က Modelအရမ်းဖြစ်ချင်တယ်... ၀ါသနာလဲပါတယ်. ဒါပေမယ့်အဲဒါတွေကိုစွန့်လွှတ်ပြီး အခုတော့ စာရင်းအင်း လိုင်းဘက်မှာ အလုပ်လုပ်နေရပြီ... တစ်ခါတစ်လေကိုယ်ဖြစ်ချင်တာတစ်မျိုး၊ ဖြစ်လာတာတစ်မျိုး။။
ဒါပေမယ့် ဘုရားသခင်က ကျွန်မတို့တစ်ယောက်စီတိုင်းအတွက် ကိုယ်စီကိုယ်ဌသင့်တော်တဲ့နေရာမျိုးကိုရောက်အောင်လမ်းဖွင့်ပေးပါတယ်။ အခုတော့ အိနြေ္ဒရရ ရုံးခန်းမှာထိုင်..ကွန်ပြူတာနဲ့ စာရင်းဇယားတွေနဲ့တည်ငြိမ်တဲ့ဘ၀လေးမှာနေပျော်နေပါပြီ..

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ