Skip to main content

ဝါးတီး နှင့် တောက်တောက်တောက်

ကျွန်မဆရာရဲ့သမီးကြီးက Elementary Graduation Program ကိုဒီနေ့သွားတယ်။ နေ့လည်ကတော့ မြန်မာအဖွဲ့နဲ့ သူရဲ့ဆရာတွေဆရာမတွေကိုခေါ်ပြီး နေ့လည်စာကျွေးတယ်... အမှန်က ၁ နာရီမှစမှာ။ ကျွန်မက ရုံးက နေ့လည်စာစားချိန်နဲ့ မှန်းပြီးသွားလိုက်တော့ ၁၂ နာရီကြိုရောက်နေတော့လုပ်စရာမရှိတာနဲ့..ဆရာ့အိမ်က စန္ဒယားကို ပျင်းပျင်းနဲ့တီးနေလိုက်တယ်... စန္ဒယားကိုလက်နဲ့စထိတာ (၁၀)နှစ်ကျော်မှာ ဒါပထမဆုံးအချိန်ဘဲ... ကျွန်မငယ်ငယ်က မာမီက အတင်းကိုသင်ခိုင်းလို့ ၄-၈တန်းအထိ သင်ခဲ့ရတယ်..၀ါသနာတော့လုံးဝမပါဘူး...အမေဆူမှာကြောက်လို့သာသင်ခဲ့ရတာ...အခုတော့ စန္ဒယားကိုလက်နဲ့ပြန်စထိတော့မေ့နေပြီ... နဲနဲတော့သတိရသေးတယ်... ဒါနဲ့ဘဲလူစုံတော့အစားတွေစားကြတာပေါ့...စားမယ့်ဟာတွေကတော့အစုံဘဲ...အထူးသဖြင့် ဒံပေါက်..ထောပတ်ထမင်း၊ ပဲပြားသုပ်၊ ခရမ်းသီးအုန်းနို့ချက်၊ ငါးဟင်း၊ အာလူးချောင်းကြော်....အစုံအစုံပါဘဲ၊
ညနေကျတော့ ၆း၀၀ နာရီမှာ ဘွဲ့နှင့်သဘင်လိုမျိုးပေါ့..အစီအစဉ်စတယ်။ ကျွန်မမပြင်မထွက်ခင် ခန်းမကိုရောက်နှင့်နေတဲ့သူငယ်ချင်းတစ်ချို့က ပန်းဝယ်လာခဲ့ကူးကူး..သူ့ကိုဂုဏ်ပြုပန်းစည်းပေးဖို့ ဆိုတော့ ကျွန်မလဲပန်းဝယ်ဖို့လိုက်ပတ်ရှာတာ ပန်းဆိုင်တွေလဲပိတ်ကုန်ပြီ၊ ကျွန်မတော်တော်ခေါင်းစားသွားတယ်. နောက်ဆုံးတော့ မထူးပါဘူးဆိုပြီးပန်းပင်လေးတွေ ပျိုးရောင်းတဲ့နေရာမှာ သစ်ခွတစ်ပင်ပန်းအိုးနဲ့ အပွင့်ကခရမ်းရောင်ရင့်ရင့်တွေ..အဲဒါဘဲဝယ်ပြီးတော့ အရောက်သွားလိုက်တယ်... ကလေးတွေသင်တန်းဆင်းတယ် ဆိုတော့ ပျော်ကြတာပေါ့... ဓာတ်ပုံတွေရိုက်ကြ.. လူတော့သိပ်မများပါဘူး။ အရှေ့မှာထောင်ထားတဲ့အလံကိုကြည့်လိုက်တော့ (၃) ခုဘဲ.. ဒါကိုကြည့်ခြင်းအားဖြင့်သိလိုက်ပါပြီ။ ကျောင်းဆင်းတဲ့ကလေးတွေ ၁၇ ရောက်က (၃) နိုင်ငံကဘဲလာတယ်ဆိုတာ.. မြန်မာအလံလဲပါတော့ နဲနဲတော့ ဂုဏ်ယူမိသား။ နောက်တစ်ခုက ကိုးရီးယားအလံ..နောက်တစ်ခုကတော့ အနောက်နိုင်ငံတစ်ခုခုပေါ့...
အားလုံးလဲပျော်ကြပါတယ်။ အစီအစဉ်တွေအားလုံးပြီးတော့ ဆရာ့အိမ်မှာ ဒံပေါက်တွေကျန်သေးတာ ကိုပြန်သွားစားကြတယ်။ မနေ့တစ်နေ့က ကျောင်းသားအသစ်တစ်ယောက်ထပ်ရောက်လာတယ်လေ။ သူရယ် ကျွန်မသူငယ်ချင်းကိုကြီးရယ်။ ကျွန်မနဲ့ ကျောင်းနေဖက် ဘွဲ့ယူသွားတဲ့တစ်ယောက်ရယ်..
ဘာရယ်လို့တော့မဟုတ်ဘူး..သူတို့ရဲ့ motif အရောင်က အစိမ်းနုလေးတွေ ... Decoration လုပ်ထားတာလဲအရမ်းလှတယ်.. ဘောလုံးလေးတွေလဲအဖြူနဲ့အစိမ်းကိုစပ်ပြီး စီတန်းချထားတာအရမ်းလှတယ်.. အစိမ်းရောင်လေးက အရမ်းဆွဲဆောင်မှုရှိပြီးတော်တော်လှတာကိုသတိထားမိတယ်။ ကျွန်မက အနက်ရောင် နဲက အနီရောင်ကိုအကြိုက်ဆုံးဘဲ.. ဒါပေမယ့် အခုတော့အစိမ်းရောင်ကိုကြိုက်တတ်နေပြီ.. Attraction အရမ်းရှိတဲ့အရောင်ပေါ့... စားသောက်ပြီးတော့် ကျွန်မကို ကျွန်မသူငယ်ချင်းကိုကြီးနဲ့အသစ်ရောက်တဲ့ကျောင်းသားကလိုက်ပို့တယ်.. ဒီက ဘစ်ကားသေးသေးလေးတွေကိုစီးပြီးတော့ပေါ့... ကျွန်မအဲဒီကားလေးတွေစီးတိုင်းဒုက္ခရောက်တာက ကိုယ်ဆင်းချင်တဲ့နေရာရောက်ရင်... ပါရာ လို့မပြောရဲတာ.. ပါရာ (ရပ်) ဆိုတဲ့သဘောပေါ့။ ဒီမှာကမှတ်တိုင်ဆိုတာမရှိဘူး။ ကိုယ်ရှိတဲ့နေရာကနေကောက်တားလိုက်..ကားရပ်ပေးတယ်..ဆင်းချင်ရင် ပါရာ လို့တစ်ချက်ပြောလိုက်ရုံဘဲ.. အရင်ရောက်ခါစက ကျွန်မဒီကသူငယ်ချင်းနဲ့ မောလ်တွေသွားရင် သူက ကားဆရာကိုပိုက်ဆံလှမ်းပေးရင် ဒါလ၀မ် ဆီလန်း.. လို့ပြောတာကျွန်မက မှတ်မှတ်ထားတာ... သြော်ကားဆရာကို ပိုက်ဆံပေးရင် အဲဒီလိုပြောရတယ်ပေါ့... မှတ်မိသေးတယ်. သူငယ်ချင်းက သူ့အိမ်တောင်ဖက် အပိုင်းကိုပြန်သွားတော့ ကျွန်မမှာလဲမဖြစ်မနေ၀ယ်စရာလေးတွေရှိတော့ တစ်ယောက်တည်းစွန့်စားခန်းက ပြန်လာတော့ အဲဒီ ကားလေးစီးလာတယ်.. ခပ်တည်တည်နဲ့ ဒါလ၀မ်ဆီလန်း လို့ပြောလိုက်တော့ ကားဆရာကကြောင်တောင်တောင်နဲ့လှမ်းကြည့်တယ်.. ကားပေါ်ကလူတွေကလဲရီကြတယ်.. သူတို့ကကျွန်မတစ်ယောက်တည်းတက်လာတာတွေ့တာကိုး.. ဒါလ၀မ်ဆိုတာ နှစ်ယောက်လို့ပြောတာမှန်းနောက်မှသိတော့တယ်.. အဖြစ်ကဂလို.. မနေ့ကလဲ ကိုကြီးကပြောတယ်.နင် ပါရာ လို့ပြောရမှာ ခက်နေရင် လက်ကိုင်တန်းကို အကြွေစေ့နဲ့ သုံးချက်ခေါက်လိုက်တဲ့။ သူတို့ရပ်တယ်တဲ့.. ဒါနဲ့ ကျွန်မက အေး..ဒါဆိုမဆိုးဘူး စကားပြောစရာလဲမလိုတော့ဘူး (ဘာလို့လဲသိလား..ကျွန်မက ပါရာလို့ပြောရဲရင်တောင်သူတို့အသံထွက်မဟုတ်တော့ဝိုင်းဝိုင်းကြည့်ကြတာကိုရှက်လို့) ဒါနဲ့ ကိုကြီးနဲ့ ကျောင်းသားအသစ်က..ကဲခေါက်ဆိုတဲ့အချိန်မှခေါက်နော်.ဆိုတော့ကျွန်မလဲအကြွေစေ့တစ်စေ့ကိုင်ပြီးရယ်ဒီစောင့်နေတယ်။ ဒါနဲ့ ခေါက်တော့ဆိုတာနဲ့ ကျွန်မလဲ တောက်တောက်တောက်ဆိုပြီး (၃) ချက်လက်ကိုင်တန်းကိုခေါက်လိုက်တယ်။ ကားဆရာကလှမ်းကြည့်တယ်.. ဒါပေမယ့်မရပ်ဘူး.. ဒါနဲ့ဘဲ နေရာကကျော်နေပြီဆိုတော့ ကိုကြီးက ပါးရာ.. လို့ပြောမှဘဲရပ်တော့တယ်...
ကျွန်မတော်တော်စိတ်တိုတယ်..အစုတ်ပလုတ်တွေ..နင်တို့ပြောတော့သုံးချက်ခေါက်ရင်ရပ်တယ်ဆို..အခုတော့နေရာကျော်ပြီ ငါ့အိမ်ပြန်ဖို့နောက်တစ်ဆင့်ထပ်စီးဖို့မလွယ်တော့ဘူး..ဆိုတော့ ကိုကြီးက အဲဒါ ယောက်ျားလေးတွေခေါက်မှရပ်ပေးတာတဲ့... သူ့ခြေထောက်ကိုနှစ်ချက်လောက်ပြေးကန်လိုက်တယ်... မပြောလိုက်ချင်ဘူး....တော်သေးတယ်အိမ်ကိုချောချောမောမောပြန်ရောက်လို့..ဟူးးးးးးးးးးးးးးးးးးးးးး
ပုံတစ်ချို့တင်ထားတယ်..အစုံမပါသေးဘူး..တစ်ချို့ နောက်မှဆက်တင်မယ်..

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ