Skip to main content

စိတ်ကူးချစ်သူ နှင့် လက်တွေ့ချစ်သူ နှိုင်းယှဉ်ခြင်း

မနိုင်းနိုင်စနေ (စိတ်ကူးချစ်သူ)

ဖုန်းထဲက ကျွန်မရဲ့ “ဟလို..” ဆိုတဲ့အသံကို ကြားရုံနဲ့ ကျွန်မ စိတ်ညစ်နေမှန်း သူသိတယ်။ နားလည်ပေးမှုဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။
တွေ့ဆုံတိုင်း ကျွန်မရဲ့ခေါင်းကို ပွတ်သပ်ပြီး “ဟန်နီ... ဒီတစ်ပတ် လိမ္မာရဲ့လား” ဆိုတဲ့ သူ့အမေးကြောင်း အချစ်ခံရတယ်ဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။
ဟတ်ချိုးချေတိုင်း ပါးစပ်မပိတ်တတ်တဲ့ ကျွန်မကို “ကိုယ်တို့က လင်မယားအတိုင်းပဲ ပုံစံတူတယ်” လို့ ရီပြီးပြောတတ်တဲ့ သူ့ကြောင့် လွတ်လပ်မှုဆိုတာ ဘာလဲဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။
“ကိုယ်လုပ်လိုက်မယ်” ဆိုတဲ့ သူ့ရဲ့ ဦးဆောင်ချင်မှုကြောင့် ဘယ်လိုဆုံးဖြတ်ချက် ချရင်ကောင်းမလဲ ဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို ကျွန်မတွေးတောစရာ မလိုတော့ဘူး။
“ဆောရီးနော်” ဆိုပြီး သူ့အပြစ်တွေအတွက် ပွေ့ဖက်လာတတ်တဲ့ သူ့ကြောင့် ကျွန်မဆိုးချင်တိုင်း ဆိုးခွင့်ရခဲ့တယ်။
ညအိပ်ရာမ၀င်ခင် ဖုန်းဆက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ နှုတ်ဆက်တတ်တဲ့ သူ့ကြောင့် ညအမှောင် ရောက်လာမှာကို ကျွန်မ မကြောက်တော့ဘူး။
“မကြောက်နဲ့.. ဟန်နီ့အနားမှာ ကိုယ်အမြဲရှိတယ်” ဆိုတဲ့ သူ့ရဲ့ အားပေးစကားကြောင့် ဘ၀ကိုရင်ဆိုင်ဖို့ ကျွန်မ ယုံကြည်မှုတွေ ပိုခဲ့တယ်။
ပြီးတော့ ကျွန်မနဲ့အတူ ရှော့ပင်းထွက်တိုင်း မောတယ်၊ ပန်းတယ်လို့ ဘယ်တော့မှ မညည်းဘူး။ အင်္ကျီတွေယူပြီး ဘယ်တစ်ထည်လှသလဲလို့ မေးလိုက်တိုင်း ကျွန်မကို သေချာကြည့်ပြီး “ဟန်နီ ဘာဝတ်ဝတ် လှတယ်” တဲ့လေ။
ကျွန်မ ဘေးမှာ သူ မရှိတဲ့အချိန် ကျွန်မကိုယ်ကျွန်မ ရပ်တည်နိုင်တယ်ဆိုတာ သူသိတယ်။ ၂၄ နာရီရဲ့ စက္ကန့်တိုင်းမှာ သူ့ကို ကျွန်မ လွမ်းနေတယ်ဆိုတာ သူသိတယ်။ ကျွန်မရဲ့ အချစ်ကို သူတန်ဖိုးထားသလို ကျွန်မရဲ့ အားနည်းချက်တွေကို သူချစ်သတဲ့။ သူ့ရဲ့ အကြင်နာ၊ အယုယတွေက ကျွန်မအတွက်ပဲလေ....

အော်..... ပြောဖို့ မေ့နေလိုက်တာ ကျွန်မရဲ့ ချစ်သူနာမည်က “စိတ်ကူး” တဲ့။

ဒီစာကို ဖတ်နေရင်း စာထဲက ကောင်မလေးကို အားကျမိတယ်။ စာကို ပြုံးရင်းဖတ်မိသလို ဖတ်နေရင်းလဲ ကြည်နူးမိတယ်။ ဒါပေမဲ့ အောက်ဆုံးစာကြောင်းကိုလဲ ဖတ်မိရော့... “အင်း.. ဒီလိုပဲဖြစ်ရမယ်” ဒါမှမဟုတ် “ဟင်း.. အဲဒီလိုကြီးလား” လို့ ခံစားမိပြီး ဖတ်လေသမျှ သဲရေကျမိမလား...?

ဒီစာကို မိန်းကလေးဖက်က မဟုတ်ဘဲ ယောက်ျားလေးဖက်ကနေ ခံစားရေးဖွဲ့ပြီး အဆုံးသတ် စကားလုံးချင်း တူညီခဲ့ရင် “အင်း.. ဒီလိုပဲ ဖြစ်ရမယ်” လို့ တွေးမိကြမလား?

လူတိုင်းရဲ့ စိတ်ကူးထဲက ချစ်သူက ခြောက်ပစ်ကင်းတွေပါ။ ကိုယ့်အပေါ် နားလည်စာနာပေးသူ၊ သနားကြင်နာတတ်သူ၊ မလိမ်မညာ ကိုယ်ချင်းစာတတ်တဲ့ ချစ်သူကို အပြင်မှာလဲ လူတိုင်း ပိုင်ဆိုင်ချင်ကြတာပဲ။ ဒီလိုချစ်သူကို ရဖို့ ကိုယ့်ဖက်က စပြီး နားလည်ပေးတတ်ဖို့၊ စာနာပေးတတ်ဖို့ လိုအပ်တယ်။ ချစ်သူတွေကြားမှာ တစ်ချို့ကိစ္စက နှစ်ဦးနှစ်ဖက် နားလည်၊ ခွင့်လွတ်မှ ပြီးပြည့်စုံသွားတတ်တယ်။ ဒါမှ စိတ်ကူးထဲက ချစ်သူနဲ့ အပြင်ကချစ်သူ တစ်ထပ်တည်းတူနိုင်မှာဖြစ်တယ်။


ဒီစာပိုဒ်လေးကတော့ မနိုင်းနိုင်းစနေရေးထားတဲ့ဘလော့ထဲမှာ ဖတ်မိပြီး ချစ်သူကို တန်းပီးမြင်ယောင်မိလို့ ကူးမယ်လို့ခွင့်တောင်းထားတယ်။

ကျွန်မချစ်သူရော..
ဖုန်းထဲက ကျွန်မရဲ့ “ဟလို..” ဆိုတဲ့အသံကို ကြားရုံနဲ့ ကျွန်မ စိတ်ညစ်နေမှန်း သူသိတယ်။ ဟုတ်တယ်.. သူသိတယ်။ ကျွန်မအမေတောင်သိချင်မှသိမယ်.. သူကတော့ မျက်နှာလေးတစ်ချက်ညှိုးယုံ.. စကားသံလေးတစ်ခွန်းကြားတာနဲ့ ချက်ချင်းရိပ်မိတယ်..
စကားပြောတိုင်း အဆင်ပြေရဲ့လား..စားပြီးပီလား..ဆေးသောက်လား...ဆိုတာအမြဲမေးတယ်..
တူညီတဲ့ မကောင်းတဲ့အချက်လေးတွေတွေ့တိုင်း..ကိုယ်တို့လင်မယားအကျင့်တူတယ် .လို့ရီပြီးပြောတယ်။
အရေးတစ်ခုကြုံလာတိုင်း “ကိုယ်လုပ်လိုက်မယ်” ဆိုတဲ့ သူ့ရဲ့ ဦးဆောင်ချင်မှုကြောင့် ဘယ်လိုဆုံးဖြတ်ချက် ချရင်ကောင်းမလဲ ဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို ကျွန်မတွေးတောစရာ မလိုတော့ဘူး။ (အမှန်ကတော့ ကျွန်မကဆုံးဖြတ်ချက်ချဖို့အရမ်းခက်တဲ့ညဉ်လေး ရှိတော့ စိတ်ပူ စိတ်ညစ်တာကလွဲလို့ဘာမှမထူးလာတာမို့)
ဘယ်သူကဘဲစမှားမှား.. ဆောရီးပါ လို့ သူကဘဲတောင်းပန်တတ်တာမို့..ကျွန်မအတွက် ဆောရီး လို့ပြောဖို့အချိန်တောင်မရှိဘူး။
ညအိပ်ရာမ၀င်ခင်..နွေးနွေးထွေးထွေးအိပ်၊ ဆေးသောက်၊ လို့အမြဲသတိပေးပြီးပုံလေးတွေမရှိမဲ့ရှိမဲ့ရှာကြံပြီးပြောပြတတ်လို့..ညတိုင်းကို စိတ်ချစွာဖြတ်သန်းလာရတယ်။
အပြင်ထွက်တိုင်း စားချင်တာလေးတွေကို ကလေးတစ်ယောက်လိုပူဆာတိုင်းလိုက်ရှာပြီးဝယ်ကျွေးတယ်.. မတည့်တဲ့ဟာဆိုရင်တော့ စကားကိုလှီးလွှဲပြီးတော့.. ကျွန်မစိတ်ပြောင်းသွားအောင်လုပ်တတ်တယ်။
စိတ်ကူးယဉ်နေတာမဟုတ်ပါဘူး..ဒါလက်တော့ ဘ၀ ကျွန်မရဲ့ချစ်သူအကြောင်းပါ.မိန်းကလေးတော်တော်များများ ချစ်သူမရခင်/မထားခင်မှာ စံနှုန်းတွေထားတတ်ပေမယ့် ..ကျွန်မကတော့တစ်ခါမှ မတွေးထားခဲ့မိဘူး.. အရွယ်ရောက်လာတဲ့အချိန်မှာ.. ကျောင်းစာ၊ ဆေးရုံဆေးခန်း နဲ့ လုံးပန်းနေရတော့..ချစ်သူဆိုတာကိုမေ့မေ့လျော့လျော့ထားခဲ့ဖူးတယ်.. ဒါပေမယ့် သူငယ်ချင်းတွေက သူတို့ချစ်သူ စံ တွေပြောပြတိုင်းကျွန်မကတော့ ကျွန်မချစ်တဲ့သူ..ကျွန်မချစ်သူဖြစ်ရမယ်ဆိုတဲ့ ခံယူချက်လေးဘဲ စိတ်ကူးခဲ့ဖူးတာပါ။ ခြွင်းချက်အနေနဲ့ ကျွန်မက အရပ်မြင့် တော့ အရပ်ပုရင်တော့လုံးဝမစဉ်းစားဘူးလို့တော့ ကြေငြာခဲ့ဘူးတယ်။ ဒါပေမယ့်လဲ အချစ်ဆိုတာအရပ်ရှည်တာ တိုတာနဲ့မဆိုင်ပါဘူးဆိုတာ နောက်ပိုင်းမှသဘောပေါက်လာတယ်။ ကျွန်မချစ်သူ..ရုပ်လဲမချောပါဘူး.ပညာအရည်ချင်းလဲ ကြွားဝါပြောပြလို့လဲမရပါဘူး....ရေးရမယ်ဆိုရင်တော့ စာ(၁၀)မျက်နှာတောင်ရေးလို့မကုန်ဘူးလေ.. ဒါပေမယ့် အဲလိုချစ်သူ တစ်ယောက်ရထားတဲ့ကျွန်မ ဘ၀ အရာရာပြီးပြည့်စုံတယ်လို့တော့မထင်ပါနဲ့... ချစ်သူနဲကျွန်မ အဓိက ကွဲပြားနေတဲ့အကြောင်းအရာကတော့ ကိုးကွယ်တဲ့ဘာသာပါဘဲ။ မိဘတွေကိုမလွန်ဆန်ရက်တဲ့ကျွန်မ၊ ချစ်သူကိုလဲ အတင်းကြပ်ပြီးစိတ်ဒုက္ခမပေးချင်တဲ့ ကျွန်မ ကတော့ သူများစိတ်ကူး နေတဲ့ချစ်သူလို တစ်ယောက်ကိုရထားတောင်မှ လာမယ့်အနာဂတ်က အခုထိေ၀၀ါးနေတုန်းပါဘဲ။။

Comments

  1. လွန်ဆန်တာမဟုတ်ပဲမှန်တယ်ထင်လို့................ဆိုယင်ကောဟင်..........အားလုံဟာငယ်ကြတဲ့အရွယ်လဲမဟုတ်ကြတော့ပါဘူး
    အဲဒီတော့ဆုံးဖြတ်ချက်တခုယိုင်နဲ့မသွားကြေးလေ
    အချစ်မှာမျက်စေ့မရှိလို့ပြောယင်လည်း......ချစ်ခြင်းအစမျက်စေ့ကလိုကငြင်းကြဦးမယ့်အတူတူ..
    ချောတာလှတာတွေပဓါနမထားပဲ............ရင်တွေခဏခဏမကွဲဖို့အတွက်....တခုခုကိုဆုံးဖြတ်ပါဆိုယင်.....ကူကူးဘယ်လမ်းရွေးမှာလဲ..........
    မြှောက်ပေးတာတောကဟုတ်ပါဘူး.........
    တကယ်ဆိုယင်တောကဘယ်သူမှရင်မနာရမယ့်လမ်းကိုရွေးပါလို့အကြံပေးချင်တယ်......နော်

    ခင်တဲ့ဥဥ

    ReplyDelete
  2. ကျေးဇူးပါဥဥ..အကောင်းဆုံးကိုတော့မြော်လင့်ပါတယ်

    ReplyDelete
  3. မမကူးကူးရေ..
    စိတ်ကူးပြီး တစ်ခါမှ ကြိုမတွေးဖူးပေမဲ့
    ရှိလာတဲ့ အချစ်မှာ ကြည်နူးနှစ်သက်စရာ 75% လောက်ရခဲ့ပါတယ်..တကယ်တော့..
    စစ်မှန်တဲ့ မေတ္တာမှာ အသွားအပြန်ရှိပါတယ်..
    (ora)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ