Skip to main content

ကျွန်မ၏ရုံးပိတ်ရက်-၃

ဒီတစ်ပတ်ကတော့.. long weekends ပါ။ တနင်္လာနေ့ကဘာနေ့လဲမသိဝူး..Working Holiday ကနေ Non-working Holiday ဖြစ်သွားတော့..အားတာပေါ့..သုံးရက်တောင်..
သောကြာနေ့ကတော့ ရုံးနေ့တစ်ဝက်ပိတ်တာမို့.. ပတုန်းမထဲက မမအွန်စောရေးထားတဲ့ကြက်သားသုပ်နည်းကိုဖတ်.. မလုလုဆီက ကြက်သားသုပ်ကိုငမ်းထားတော့ လုပ်စားမယ်ဆိုပြီးတော့
ကြက်ရင်အုံသားကိုငံပြာရည်နဲ့ နဲနဲထည့်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီးပြုပ်လိုက်တယ်။
ပြီးတော့အအေးခံ၊ အမြောင်းမြောင်းလေးဖြစ်အောင်နွှာ
ဂေါ်ဖီထုပ်ကို ပါးပါးလှီး ပြီတော့ ရေအေးထဲမှာ သံပုရာ တစ်လုံးညှစ်ထည့်ပြီးစိမ်ထား၊ (ဂေါ်ဖီကအစိမ်းနံ့ကို မကြိုက်လို့ပါ)
ခရမ်းချဉ်သီးကို ခပ်ထူထူလှီး၊ ကြက်သွန်မြိန်လေးကိုလဲ အပိုင်းရှည်ရှည်ဖြတ်ထား
ကြက်သွန်နီကို အကွင်းလိုက်လှီးပြီးရေနဲ့ (၂) ခါလောက်ဆေး၊ ရေစစ်
ပြီးရင်တော့
ကြက်သားနွှာထားတဲ့အပေါ်မှာ ကြက်သွန်နီထည့်၊ ဂေါ်ဖီရေစစ်ထည့်၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ဆီစိမ်းနဲနဲထည့်၊ ဆား၊ အချိုမှုန့် တို့နဲ နယ်လိုက်တော့ ကြက်သားသုပ် စိမ့် ချဉ်ချဉ်လေးရပြီး၊ အစပ်အတွက် ကတော့ ငရုတ်သီးစိမ်း နဲနဲထည့်လိုက်တယ်။
ကြက်သွန်မိတ်နဲ့ နံနံကို အပေါ်ကအုပ်ပြီးဖြူးလိုက်တော့
စားချင်စဖွယ်လေးဖြစ်သွားရောပေါ့။
စနေနေ့ကတော့ဘုရားကျောင်းသွားပြီး ပြန်လာတော့ ဆရာ့အိမ်မှာ ထမင်းခေါ်ကျွေးတော့သွားစားတယ်။ ကောင်းမှကောင်း။ ကြက်ဟင်းခါးသီးကို အစိမ်းလိုက်ထူထူလှီးပြီး ခရမ်းချဉ်သီးလေးနဲ့သုပ်ထားတာလဲပါတယ်။ ကျန်တာကတော့ ဘိုစာတွေပေါ့။။
ညနေကျတော့ ရုံးက ညွှန်မှူးတစ်ယောက်ရဲ့ နှုတ်ဆက်ပွဲ.. ကျွေးတာကတော့သတ်သက်လွတ်တွေချည်းဘဲ.. အရသာကတော့ စိမ့်ချို.. ပေါ့.. စားလို့တော့မကောင်းပါဘူးး... အသီးတွေကတော့ မဆိုးပါဘူး..
ဒါကူးကူးပန်းကန်ပေါ့..


ဘူဖေးလိုမျိုးဆိုတော့ ပုံထားလိုက်တယ်. အများကြီးစားတယ်မထင်နဲ့ မကုန်ဘူး။
အကုန်လုံးနီးပါးပုံထည့်လာတာ က multiple choice လုပ်လို့ရအောင်..သိတယ်ဟုတ်.. နဲနဲစား..မကြိုက်တရင် တစ်ခုပြောင်းရွေးစား...အဲဂလို...
နှုတ်ဆက်ပွဲပြီးတာနဲ့ ကျောင်းက Culture Night အတွက်ပြေးရပြန်ရော.. မြန်မာအဖွဲ့ခေါင်းဆောင်က ချင်းလူမျိုး..ကျောင်းသားတစ်ယောက်ပေါ့..တစ်ချိန်လုံး..အမြန်လာ..အခုလာတော့ မြန်မာချိတ်ထမီနဲ့ ခါးတိုဝတ်ခဲ့ နဲ့ တစ်ချိန်လုံးခေါ်နေတယ်။ အစကတော့ တိုင်းရင်းသားအကတစ်ခုခုကမယ် ပေါ့.. နောက်တော့ မကတော့ဘူး.. presentation ဘဲ လုပ်တော့မယ်ဆိုလို့..ပင်ပင်ပန်းပန်းအချက်လက်တွေဆုဆောင်းပေးတာ..အချိန်နီးတော့ သီချင်းဆိုမယ်ဖြစ်ရော.. စတာက ၇း၀၀ နာရီ.. ကျွန်မ နှုတ်ဆက်ပွဲပြီးတော့ ၈း၂၀ ရှိပြီး.. မမီတော့ဘူးထင်တယ်။ ဒါပေမယ့် သွားဖြစ်အောင်တော့သွားလိုက်မယ်လေဆိုပြီးတော့ ဟိုရောက်တော့ မြန်မာအဖွဲ့အစီစဉ်က နောက်ဆုံးမတိုင်ခင်တစ်ခုဆို တော့ ကျွန်မလာတာတွေ့တော့ ၀မ်းသာအားရနဲ့.. ထမီတစ်ထည်ပေးပတ်လိုက်ပြီးတော့ သီချင်းတက်ဆိုကြလေသတည်းပေါ့... ထမီပေးပတ်တယ်ဆိုတာ..ထမီကမချုပ်ရသေးဘူး..အသစ်ကွင်လိုက်ကို ပတ်လိုက်တာပါ..သီချင်းဆိုတော့..ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပု ...လို့ခေါင်းဆောင်လုပ်သူထအော်တော့ မထိမ်းနိုင်တော့ဘူးရီတာ(သူကတောင်ပေါ်ကချင်း..စကားကမပီဘူးလေ)
...မြန်မာစုစုပေါင်း (၆) ယောက် နဲ့ ကျွန်မ၀မ်းကွဲ ယောက်ျား အင်ဒို က လဲ ကလေးချီပြီး ကရင်အိကျီနဲ့ စင်ပေါ်တက်ရပ်ပေးတော့ (၇)ယောက်ခွဲဖြစ်သွားရော.. ပရိတ်သတ်တွေကတော့ နားမလည်တော့မရီဘူးပေါ့လေ..
ကျွန်မတို့ကတော့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလို...ဟီးဟီး...ဘာဘဲဖြစ်ဖြစ် လက်ခုပ်သြဘာသံတွေကတော့ သောင်းသောင်းဖျဖျပေါ့... သိတယ်မဟုတ်လား..မြန်မာမလေးတွေက ချောသကိုး/ မာနာကလဲ ကြီးသေး....ဟိဟိ
ပြီးတာနဲ့ ဆရာမတစ်ယောက်အိမ်မှာ ခေါက်ဆွဲကြော်တွေစားကြ.. ညစာပေါ့...ပျော်စရာကောင်းပါတယ်။
စနေနေ့ကအိမ်ပြန်ရောက်တော့ ဒေါက်တာမမနဲ့ သူငယ်ချင်းက ကျွန်မအိမ်မှာ လာအိပ်တော့စကားကောင်းနေကြတာ မနက် (၃) နာရီလောက်မှအိပ်ကြတော့ နောက်နေ့နိုးတော့ (၉)နာရီကျော်ပြီလေ... ထမင်းချက်ပြီး
အသားတုရယ်ဒီမိတ်ဗူးကိုဖောက် ခရမ်းချဉ်သီးအနှစ်လေးနဲ့ချက်၊


မုန်ညှင်းဖြူဟင်းချိုနဲ့. ခရမ်းသီးကိုပြုပ်၊ ခက်ရင်းနဲ့ ခွဲ ခြစ်ပြီး ကြက်ဥ၊ မဆလာ၊ ဆား၊ ချိုမှုန့်နဲ့ နှစ်ကြော်


ပဲပြားကို အတုံးလေးတွေတုံးပြီး ကြွပ်ကြွပ်ဗလာချောင်လိုကြော်
သတ်သက်လွတ်ချည်းဘဲလေ.. ဒေါက်တာမမက အသားမစားဘူး..ဘာဘဲဖြစ်ဖြစ်စားလို့ကောင်းတာတော့အမှန်ဘဲ..
နေ့လည်လောက်ကျတော့ ဘူးသီးကြော်စားတယ်။ အကြော်မှုန့် အိမ်ပြန်တုံးကယူလာတာ..
အချဉ်ရေကတော့ မန်ကျည်းမှည့်ကိုရေစိမ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နံနံပင်တောက်တောက်စင်းပြီး ဆား၊ ချိုမှုန့်နဲ့ ဖျော်တာ.. ကောင်းမှကောင်း..အိမ်နီးချင်းတွေ တောင်သွားကျွေးလိုက်သေးတယ်။။။
ဒါကတော့ မုန့်နှစ်တွေပိုလို့ အိမ်နောက်က မြင်းခွာရွက်တွေသွားနှုတ်လာပြီးရေစင်စင်ဆေးပြီးရောကြော်ထားတာပါ။
စားကြပါအုံးလား... ကျွန်မချစ်သူကိုနောက်လိုက်သေးတယ်.။။
ရန်ကုန်ပြန်ပြီး အကြော်ဘဲကြော်ရောင်းတော့မယ်လို့...ဟိဟိ

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ