Skip to main content

အသိခေါက်ခက်အ၀င်နက်

ဒီနေ့... နှင်းဆီ နီရဲရဲ (၅) ပွင့်နဲ့ ၀က်ဝံကလေးတစ်ကောင်ရတယ်။ (၅) ပွင့်ကတော့ဘာအဓိပါယ်လဲတော့မသိဘူး...
ထားပါလေ... ချစ်သူများနေ့ကပြီးခဲ့ပြီဘဲ...
အချစ်ဆိုတာ ဆန်းကြယ်လို့ ချစ်သူများနေ့ဆိုပြီးတစ်ခန်းတစ်နားကျင်းပကြတယ်ထင်ပါတယ်။ဆန်းကြယ်တဲ့အဖြစ်ပျက်တွေအများကြီးထဲက
၂၀၀၄ တုန်းက အဖြစ်ပျက်လေးတစ်ခုကိုရေးပြချင်လို့ပါ။ ကျွန်မက အဲဒီတုန်းက Secretary ဆိုပါတော့... အကြီး(၃) ယောက်က အားလုံးယောက်ျားတွေဘဲမို့လို့ အလုပ်လုပ်နေတဲ့သူတွေအားလုံးနဲ့ပတ်သတ်တဲ့ Personal ကိစ္စ တွေ ကို ကျွန်မကတာဝန်ယူပြီဖြေရှင်းရတယ်။
ရုံးကို စာနဲ့တစ်မျိုး၊ လူကိုယ်တိုင်လာပြီးတစ်ဖုံ.. ကျွန်မတို့ရုံးက တောရွာလေးတစ်ရွာရဲ့ အခမဲ့စာသင်ကျောင်းမျာ စာသင်ဖို့လွှတ်ထားတဲ့ ဆရာမလေး(အပျို)က ကိုယ်ဝန်ရှိနေတယ် ဆိုတဲ့သတင်းကို ကြိမ်ဖန်များစွာကြားလာတဲ့အခါ အဲဒီဆရာမလေးနဲ့တစ်အိမ်ထဲအတူထားတဲ့ သူနာပြုဆရာမလေး ကိုခေါ်မေး တော့သူလည်းသေချာမသိ၊ သူစမ်းတာ လဲအစမ်းမခံဘူးတဲ့။ ဒီကိစ္စတော့ရှင်းမှရတော့မယ်ဆိုပြီး တစ်ရက် ကျွန်မ ရုံးက ကားဆရာရယ်၊ ကျွန်မရယ်၊ ရုံးက ကောင်မလေးတစ်ယောက်ရယ်အဖော်ခေါ်ပြီး.. ရန်ကုန်မြစ်တစ်ဖက်ကို ဇက်နဲ့ကူး၊ ဟိုလက်ရောက်တော့ ကားပြန်စီး၊ ပြီးတော့ စက်လှေစီး၊ ပြီတော့ ကုန်းကြောင်းလျှောက်၊ ပြီး လက်နဲ့ လှော်တဲ့လှေကိုစီးပြီး အဲဒီဆရာမလေးနေတဲ့နေရာကိုရောက်ခဲ့တယ်။ ကျွန်မစီမှာ စုဆောင်းထားတဲ့အချက်အလက်တွေရှိတယ်။ ရောက်တော့တော်တော့ကိုပင်ပန်းနေပြီ၊ ဒါပေမယ့်လုပ်စရာရှိတာပြီးအောင်လုပ်မှ ဒီနေ့ရန်ကုန်ပြန်ရောက်ရမယ်ဆိုတော့.. ရွာသားတစ်ယောက်ကို အဲဒီကောင်လေး မောင်စံ ကိုသွားခေါ်ခိုင်း။
ကျောင်းဆရာမ ( အသက် ၂၉ နှစ်ကျော်၊ ဘွဲ့ရ၊ ပညာတတ်၊ အမေမရှိတော့)
မောင်စံ (ဆရာမလေးကိုတစ်ဖက်သတ်အတင်းကြိုက်နေသူ။ အသက် ၂၂ နှစ်ခန့်၊ အလုပ်အကိုင်ကတော့ ငါးပေါ်ချိန်ငါးဖမ်း၊ လှေလှော်အဌါးလိုက်၊ အုံးပင်တက်၊ အဖေနှင့် မိထွေး နှင့် ကလေး (၆) ယောက်ခန့် နေသော အိမ်ကျဉ်းလေးတွင် ကပ်နေထိုင်သူ)
ကိုသိန်း (ဆရာမလေး၏ချစ်သူ၊ ရည်းစားသက်တမ်း (၃) နှစ်ကျော်ကြာ၊ ချစ်သော်လည်း အမေကသဘောမတူသေကြောင့်လက်မထပ်ရဲ)
မောင်စံက ကျွန်မစောင့်နေတဲ့ဧည့်ခန်းကို ဓါးရှည်တစ်ချောင်းနဲ့တက်လာပါတယ်။ ကျွန်မလဲရုတ်တရက်လန့်သွားပြီးတော့ ဘာလုပ်မလို့လဲလို့မေးတော့.. ငိုပြီးတော့ ငါဒီလောက်ချစ် မြတ်နိုးရတဲ့ ဆရာမကို ဘယ်သူက ဗိုက်ကြီးတယ်ပြောတာလဲ.. ဘယ်သူကလုပ်တာလဲ..လုပ်တဲ့ကောင်သတ်မယ်..ဆိုပြီးတတွတ်တွတ်အော်ပြောနေတယ်... ဆိုတော့ ကျွန်မ အဖေရှာတဲ့ကိစ္စမှာ မောင်စံမဖြစ်နိုင်ဘူးဆိုတာရိပ်မိလိုက်တယ်။ ဆရာမလေးက ကျွန်မထက်အသက်များကြီးကြီးပါတယ်။ သူ့ကိုမေးတော့..ဗိုက်ထဲမှာ လေလုံးလိုဘဲ... မာပြီးနာနေတယ်.. လို့ဘဲပြောတယ်... ဘယ်သူနဲ့ဖြစ်တာလဲ..သူ့ရည်းစားအကြောင်းကိုမေးတော့ သူက အဲဒီကောင်အကြောင်းမပြောနဲ့ အဆက်သွယ်မရှိတာကြာပြီတဲ့..ဆိုတော့ ကျွန်မက.. ဆရာမ.. ဒီတိုင်းအိမ်ထဲမှာ ဆက်ပုန်းနေလို့တော့ထူးမှာမဟုတ်ဘူး..အဖြစ်မှန်ကိုပြောပြပါ..မောင်စံနဲ့များဖြစ်တာလား..သူဆရာမကို အတင်း..... ဆိုတော့..သူက..အို..မောင်စံကိုသွားမေး..ငါ့ကိုလာမမေးနဲ့...တဲ့..
ကျွန်မမောင်စံဆီပြန်သွား..မောင်စံဆရာမကို....အလိုမတူဘဲတစ်ခုခုများ... ဘာ..ဒီမှာ ဆရာမ (ကျွန်မကိုခေါ်တာပါ) ကျွန်တော်က ဆင်းရဲသား..ပိုက်ဆံလဲမရှိဘူး..ပညာဆိုလဲ စာတောင်မရေးတတ်ဘူး..မြို့ကြီးကနေလာတဲ့ဆရာမလေးကို ကျွန်တော်ကြိုက်တယ် ချစ်တယ်ဆိုပေမယ့် ကျွန်တော်သူဒုက္ခရောက်အောင် ယုတ်မာတဲ့နည်းနဲ့မကြံစည်ဘူး... ဘာလဲ သူအခုဗိုက်ကြီးနေပြီလားး.ကျွန်တော်သိတယ်အဲဒါ ဟိုကောင်ဘဲ (ဆရာမလေး၏ရည်းစား) ဒါပေမယ့် သူမယူချင်နေ၊ ကျွန်တော်ယူမယ်... ကျွန်တော်စောင့်ရှောက်မယ်..တတ်နိုင်သလောက်ရှာကျွေးမယ်၊ တဲ့..
ဒါနဲ့ ကျွန်မက နင်တကယ်ယူမှာသေချာလား..နင့်ကလေးမဟုတ်လဲနင်ယူမှာလား.. ကလေးကို စောင့်ရှောက်မှာလား ဆိုတော့.. သူက ယူမယ်..ဒီတစ်ယောက်ကျွန်တော့ကလေးမဟုတ်လဲ နောက်တစ်ယောက်ဆိုရင်ကျွန်တော့ကလေးဘဲတဲ့................. ကောင်းရော
ဒါနဲ့ ကျွန်မ ဆရာမလေးဆီပြန်သွား.. မောင်စံကတော့ နင့်ကိုယူမယ်ပြောနေတယ်.. ဘာဘဲဖြစ်ဖြစ်ယူမယ်တဲ့..
အဲဒီတော့ သူက မယူနိုင်ဘူး... သူငါ့ကို အဲလို အနိုင်ကျင့်လို့မရဘူး... ငါကလေးရှိလဲသူ့ကိုမယူဘူးတဲ့..
တော်တော်ကိုခေါင်းစားသွားတယ်။ မောင်စံကပြောတော့ သူမဟုတ်ဘူး၊ ဒါပေမယ့် သူယူမယ်..
ဆရာမလေးပြောတဲ့သဘောက တော့ မောင်စံကသူ့ကိုမရမှန်းသိလို့ အတင်းကြံပြီး ရအောင်ယူတဲ့သဘော..
ဘာဘဲဖြစ်ဖြစ် ဗိုက်ထဲကကိစ္စကိုတော့ရှင်းအောင်လုပ်ရမယ်၊ ကျွန်မသူ့ကို ဒလဆေးခန်းတစ်ခုကိုရအောင်အတင်းခေါ်လာတယ်။။ ဆရာဝန်မကစမ်းကြည့်ပြီး..ငါခန့်မှန်းတာမမှားပါဘူးအေ..ကိုယ်ဝန်ပါတဲ့.. နောက်တော့ ရန်ကုန်ထိခေါ်လာပြီး Ultrasound ရိုက်ကြည့်တော့ ကိုယ်ဝန်က (၃)လတောင်ရှိနေပြီတဲ့..မိန်းကလေးချည်းဘဲသွားတော့ မျက်နှာငယ် လိုက်တာပြောမနေနဲ့...
ဆရာဝန်တွေက confirmလုပ်တဲ့အချိန်မှာ ပျက်သွားတဲ့မျက်နှာတွေကို သူတို့လဲသတိထားမိမယ်ထင်ပါရဲ့။ ဒါနဲ့ ဘဲ သူတို့ကိုပြန်ခိုင်းလိုက်ပြီး ကျွန်မလဲ အိမ်ပြန်လာခဲ့တယ်။.. တစ်လမ်းလုံးသူတို့အကြောင်းကခေါင်းထဲကထုတ်လို့မရဘူး... နောက်နေ့မှာ တော့ ကျွန်မ အထက်လူကြီးတွေကို တင်ပြပြီး...ဆရာမလေးကိုဖျောင်းဖျ မောင်စံနဲ့ လက်ထပ်ပေးလိုက်ပါတယ်။ ကိစ္စပေါ်ပြီးတဲ့အချိန်မှာ ရုံးစည်းကမ်းအတိုင်း ကိုယ်ကျင့်တရားဖောက်ဖျက်တဲ့အတွက် (၆) လ အလုပ်ထုတ်ပါတယ်။ နောက်ပိုင်းသူဆက်လုပ်ချင်သေးတော့ အလုပ်ဆက်ခန့်ထားပါတယ်။ အခုတော့ သူတို့အိမ်ထောင်အဆင်ပြေနေပါပြီ။
တစ်ကယ်တော့ ကျွန်မတို့ ရုံးက ဆရာ၊ဆရာမလေးတွေ..ဘွဲ့ရ၊ ပညာတတ်လေးတွေကို နယ်တို့၊ ရွာတို့ ဆင်းရဲနွမ်းပါးတဲ့နေရာတွေမှာ သူများအကျိုးဆောင်ဖို့ စာသင်ကျောင်းတွေ၊ ဆေးခန်းလေးတွေဖွင့်ဖို့ လွှတ်တယ်။ ယောက်ျားလေးတွေကတော့ ကိစ္စမရှိဘူး.. မိန်းကလေးတွေဆို နှစ်ယောက်၊ နှစ်ယောက်တွဲလွှတ်တယ်..ဒါပေမယ့် အပျို မိန်းကလေးတွေ နယ်ဝေးမှာ အလုပ်လုပ်နေရတဲ့အခါ စုံစမ်းနှောက်ယှက်တာတွေဝင်လာတတ်တယ်...အရမ်း အန္တရာယ်များပါတယ်။ ဒါကျွန်မ ကြုံတွေ့ခဲ့တဲ့အဖြစ်ပျက်တွေထဲကတစ်ခုပါ...
တစ်ကယ်တော့ဆရာမလေးက သူ့ချစ်သူနဲ့ ဖြစ်သွားတဲ့ကိစ္စပါ။ သူ့ချစ်သူရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ချင်တာနဲ့ သူက မောင်စံကြောင့်လိုလိုထင်ယောင်ထင်မှားဖြစ်အောင်ပြောဆိုလိမ်ညာခဲ့တဲ့အကြောင်းကို ကျွန်မကို စာရေးပြီး တောင်းပန်ပြောပြပါတယ်။ သူ့ချစ်သူကလဲ အဲဒီကိစ္စကိုသိတော့ အမေ့စကားမလွန်ဆန်နိုင်လို့ဆိုပြီး ရှောင်နေတယ်ဒါပေမယ့် အားလုံးအဆင်ပြေနေကြပြီဆိုတော့ အဲဒီအဖြစ်မှန်ကို ကျွန်မ စိတ်ထဲမှာဘဲထားလိုက်တော့တယ်။
လောကကြီးမှာ မိန်းမသားများ ကျွန်မအပါအ၀င်..လှည့်စားခံရခြင်း၊ အသိခေါက်ခက်အ၀င်နက် တဲ့အဖြစ်မျိုးမှကင်းဝေးကြပါစေ။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ