Skip to main content

ကျွန်မ၏ရုံးပိတ်ရက် -၁

ကျွန်မဒီတပတ်တော့.. စာရေးမယ်လုပ်လိုက် ဘလော့ နောက်ခံကိုမကြိုက်တာနဲ့ အမျိုးမျိုးလိုက်ပြောင်းနေတာနဲ့ တစ်ခါမှအဆင်မပြေဘူး..ဆရာမပြနည်းမကျဆိုသလို ကျွမ်းကျင်တဲ့သူတွေတစ်ယောက်ပြီးတစ်ယောက်လိုက်မေးတာ.. သူတို့ကလဲ ကောင်းရာနိုးနိုးဟိုလူ့ညွှန်..ဒီလူ့ညွှန်နဲ့နောက်ဆုံးကျတော့ ကိုဇေယျဆိုတဲ့အကိုကြီးကကူပြီးလုပ်ပေးနေတုန်းကျွန်မကရေးချင်တာလေးတွေရေးအုံးမှ.. ဒီတစ်ပတ်ရုံးပိတ်ရက်မှာတော့ မြန်မာပြည်ကရုံးကရောက်လာတဲ့ကျမ်းမာရေးညွှန်မှူး ဒေါက်တာမမ ကကျွန်မဆီလာလည်တော့ စကားတွေဖောင်ဖွဲ့ ညဆိုလဲတော်ရုံမအိပ်နိုင်..ပြောစရာတွေကမကုန်မခမ်း.. စနေနေ့မှာတော့ ဘုရားကျောင်းပြီးတာနဲ့ ၀မ်းကွဲညီမလေးက မုန့်ဟင်းခါးချက်စားမယ်ဆိုပြီးခေါ်တော့ သူ့အိမ်မှာမုန့်ဟင်းခါးသွားစားတယ်။ ဟိုရောက်တော့ဘာမှမချက်ရသေးဘူး..ကျွန်မဗိုက်ကလဲဆာနေပြီ.. သူကပြောတယ် အရင်နှစ်လလောက်မြန်မာပြန်တုန်းက ယူလာတဲ့ ဒေါ်ချို မုန့်ဟင်းခါးထုတ်ဖောက်ချက်ရုံဘဲ..လွယ်တယ်..ခဏတဲ့...ကျွန်မစိတ်ပျက်သွားတယ်။။ မပျက်ဘဲနေရိုးလား. မုန့်ဟင်းခါးရယ်ဒီမိတ်အထုတ်တွေကစားလို့မှမကောင်းတာ.. အရသာကတော်တော်ဆိုးတယ်..ါပေမယ့် ညီမက ကုလားပဲနဲနဲကိုပြုတ်၊ ပြီးတော့ချေ.. ရေနွေးပွက်ပွက်ဆူထဲထည့်တည်။ ပြီးတော့ ၀ယ်ထားတဲ့ငါးလတ်လတ်ဆတ်ဆတ်ကိုလဲ ဆီချက်သတ်ထားတယ်။ ရယ်ဒီမိတ်အထုတ်ထဲက ငါးဆီချက်ကိုလဲရောပြီးထပ်ဆီသတ်တယ်။ ပြီးတော့ အထုတ်ထဲကဟာတွေအကုန်ဖောက်ထည့်ပြီးတော့ ကျက်လဲကျက်ရော အရသာကရှယ်ဘဲ.. သူငယ်ချင်းကောင်လေး (မြန်မာ) ကပြောတယ်.. နောက်ဆိုရယ်ဒီမိတ်အထုတ်အလွယ်အမြန်စားချင်ရင်..ငါးဆီချက်ထုတ်ကိုဆီချက်ပြန်သတ်ပြီး
ပဲနဲနဲပြုတ်ပြီးထပ်ထည့်ရတယ်တဲ့..အဲဒါမှတကယ့်
မုန့်ဟင်းခါးအရည်လတ်လတ်ဆတ်ဆတ်လိုအရမ်းစားလို့ကောင်းတယ်တဲ့.. ကျွန်မက ရေနွေးထဲအကုန်ပစ်ထည့်လိုက်တော့အရသာကမလတ်ဘူးလေ.. ခုတော့သိသွားပြီးပေါ့.. မုန့်ဖတ်ကတော့ ရိုးဒယားက ခေါက်ဆွဲအဖြူထုတ်ကို ပြုတ်ပြီးတော့..စားလိုက်ကြတာ ..ကျွန်မကတော့ (၃)ပန်းကန်အသာလေးဘဲ.. ညီမက သူ့အိမ်နောက်မှာ ကျွန်မချဉ်ပေါင်ကြိုက်လို့စိုက်ထားပေးတာ အခုတော့ချဉ်ပေါင်ပင်က ရင့်ပြီး အသီးတွေတောင်ရင့်နေပြီး..ကျွန်မလဲအရွက်မစားရမယ့်တူတူ ချဉ်ပေါင်သီးတွေခူးခဲ့တယ်..ချဉ်ပေါင်သီးတွေကို အစိတွေဖယ်..အဖတ်လေးတွေခွာပြီး..ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနီ၊ ငါးငံပြာရည် နဲ့ ငါးပိစိမ်းစားလေးနဲ့ ကြိုပြီးစားတာ ကောင်းမှကောင်း..တစ်ခါတစ်လေရုံးပိတ်ရက်မျိုးမှာ အဲဒါလေးတွေစားရတာ..အရမ်းစားလို့မြိန်တယ်... တနင်္ဂနွေနေ့ကျတော့.. ဒေါက်တာမမ ကိုကျောင်းမှာသွားပို့ပြီးတော့..ကျွန်မရဲ့ ကွေးကောက်နေတဲ့ဆံပင်ကို တစ်ခုခုတော့လုပ်အုံးမှဆိုပြီး ရောဘင်ဆန်မော(လ်) ကိုသွားပြီး ဆံပင်သွားလုပ်တယ်။ ဈေးကလဲကြီးပါ့.. ဒေါ်လာနဲ့တွက်ရင် (၁၀၀)လောက်ပေးရတယ်.. ဆံပင်ကောက်တာကိုကြိုက်တာအရမ်းဘဲ..ကောက်ချင်တာလဲကြာပြီ..မြန်မာပြန်တုန်းက သေချာကိုကောက်လာတာ.. ကိုယ့်ကိုကိုယ်တော့မိုက်တယ်ထင်တာဘဲ ဟဲဟဲ.. ဒါပေမယ့် ထိမ်းသိမ်းရတာခက်တယ်.. ခေါင်းလျှော်ပြီး mousse, hair lotion, hair coat စုံနေအောင်ထည့်မှ ပုံကျပြီးလှတာ..နောက်နေ့အိပ်ရာထရင်တော့ ခြင်္သေ့နဲ့နင်လား..ငါလားဘဲ... ကျွန်မချစ်သူက ကျွန်မကို ကောက်ကွေး..တဲ့.တစ်ခါတစ်လေ ဘေဘီလိုင်းရန်း (baby lion) လို့ခေါ်တေးရယ်...ဆိုးပါ့.. ခုတော့ ဆံပင်ပြန်ဖြောင့်လိုက်ပြီ.. ကိုယ့်ရုပ်တောင်ကိုယ်မမှတ်မိတော့ဘူး..ဆုတ်ဖွားနဲ့နေတာအကျင့်ပါနေလို့.. ရုံးက အမကြီးတွေကလဲ.. မေ..ဆံပင်ဖြောင့်ဖြောင့်လေးနဲ့ပုံလေးကိုအရမ်းသတိရတယ်လို့ခဏခဏစကားခေါ်တယ်လေ.. ဆံပင်အကောက်နဲ့ကြည့်လို့တော့မကောင်းမှန်းသိတယ်..ဒါပေမယ့် ကြိုက်တာကိုး..တစ်ခါတစ်လေကိုယ်ကြိုက်တာ ကိုယ်လုပ်လိုက်ရတာတော်တော့်ကိုစိတ်ချမ်းသာတယ်.. ဒီကကောင်မလေးတွေအကုန်ဆံပင်အဖြောင့်ကိုတော်တော်ရူးသွပ်ကြတယ်.. ကျွန်မအပတ်တိုင်းဘုရားကျောင်းသွားတိုင်း ကားပေါ်ကဆင်းပြီး ဘုရားကျောင်းကို လမ်းလျှောက်တာနဲ့ လေကအရမ်းတိုက်တဲ့နိုင်ငံဆိုတော့ ဘုရားကျောင်းထဲဝင်ရင် ပြင်ထားတဲ့ ဆံပင်က တော်တော် ဆုတ်ဖွားဖြစ်နေပြီး.. အင်း..ဒါကြောင့်များဒီကကောင်မလေးတွေက ဆံပင်အဖြောင့်ကို ကြိုက်တာဖြစ်မယ်လို့တွေးမိတယ်..အဖြောင့်ဆိုလေတိုက်လဲ..လက်နဲ့သပ်ချလိုက်ရင်ပြီးရော..အကောက်ဆို ဘယ်လိုမှဖိချလို့မရဘူး.. ဘာဘဲဖြစ်ဖြစ်အကောက်နဲ့ နှစ်လကျော်နေခဲ့ပြီဆိုတော့ ကျေနပ်သွားပြီ..
ဘယ်ဟာပိုလှလဲ..ဟီးဟီး

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ