Skip to main content

Posts

Showing posts from January, 2008

အုန်းနို့ကျောက်ကျော

မနေ့က အိမ်နဲ့သိပ်မဝေးတဲ့နေရာကဈေးလေးကိုရောက်တော့.. စည်ကားလိုက်တာ.. သူတို့လူမျိုးတွေရဲ့ ပွဲတော်ရောက်တော့မယ်... လမ်းဘေးကျပန်းဈေးသည်တွေ..ပစ္စည်းတွေစုံနေတာဘဲ။ ဟိုငေးဒီငေးလျှေက်ရင်း ကျောက်ကျောလုပ်အုံးမယ်ဆိုပြီး အုန်းသီးဝယ် လာခဲ့တယ်။ ဌက်ပျောဖူး၊ ဗူးသီးနုနု တစ်လုံး လဲပါတယ်။ အိမ်ပြန်ရောက်တော့ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူနီ. ကို ပုဇွန်ခြောက်လေးနဲ့ရောထောင်း.. ပြီးတော့ ဗူးသီးဟင်းစပ်စပ်တစ်အိုးချက်လိုက်တယ်။ရေခဲသေတ္တာထဲမှာဘာရှိလဲလျှောက်မွှေရင်းနဲ့ ခရမ်းသီးနှစ်လုံးတွေ့ တာနဲ့ ပြုပ်ထားပြီး အလုံးလိုက်အခွံနွှာ၊ ပြီး ဘိုက်ခွဲ..ခက်ရင်းနဲ့ခြစ်၊ ကြက်ဥကို မဆလာ၊ ဆား၊ ငံပြာရည်၊ အချိုမှုန့် နဲ့ ခေါက်ထားပြီး ခုနခရမ်းသီးကို နှစ်ပြီး ဆီနည်းနည်းနဲ့ အိုးကပ်ကြော်...လိုက်တော့ ညစာအဆင်သင့် ဖြစ်ရော.. ပဲပင်ပေါက် အချဉ်စိမ်ထားတာနဲ့တွဲစားလိုက်တော့ ကောင်းမှကောင်းး ကဲစားပြီးပီဆိုတော့ ကျောက်ကျောကြိုဖို့ စရတော့တယ်... ပထမဆုံး အုန်းသီးကို အုန်းနို့ညှစ်ထားလိုက်တယ်။ ပြီးတော့ နို့ (နွားနို့လတ်လတ်ဆတ်ဆတ်ရှိရင် ပိုကောင်း မယ်) Anchor Fresh Milk ဗူးကြီးတစ်ဝက်နဲ့အုန်းနို့နဲ့ရောပြီးကြိုလိုက်တယ်။သကြားနဲ့ ကျောက်ကျောမှုန့်ကို သမအောင်မွှေထားတယ်။ ပြီးတာ

ပူးပူး လေးအကြောင်း

မနှစ်ဒီဇင်ဘာအိမ်ကိုပြန်တုံးက..အိမ်မှာရှိနေတဲ့အချိန် အိမ်ကခွေးမလေးက ခွေးလေးတစ်ကောင်မွေးတယ်။ အိမ်မှာခွေး (၅) ကောင်ရှိတယ်။ အထီး (၂) ကောင် အမ (၃) ကောင်။ ခွေးတွေများလွန်းလို့ ပါးပါးနဲ့မာမီကိုပြောတယ် သူများကိုပေးပစ်လိုက်ပါလို့။ ဒါပေမယ့် မွေးကင်းစကတည်းက ကြီးတဲ့အထိ သံယောဇဉ်ကခက်သား.. နောက်ဆုံးမွေးတဲ့ခွေးလေးကို မောင်လေးက ပူးပူး လို့နာမည်ပေးတယ်။ သူ့အမေနာမည်က ပုလု။ မွေးကတည်းက မျက်ကွင်း နှစ်ဖက်ဘဲ ငတက်ပြားလိုမဲနေလို့ အဝေးမှာနေတဲ့ညီမလေးက ကြီးလာရင်သူခိုးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး လာလာခေါင်းစားနေလို့ ခိုးချင်လဲခိုးပါစေ.လို့.. တစ်မိသားစုလုံးခွေးချစ်ကြတယ်။ မှတ်မိသေးတယ်။ ၂၀၀၁ခုနှစ်ကပြင်ဦးလွင်ကိုရောက်တုန်း..ပါးပါးက စက်ဘီးတစ်စီးနဲ့ ရထားသံလမ်းဘေးက ခွေးလေးတစ်ကောင် ကို ကြွပ်ကြွပ်အိတ်နဲ့ထည့်ပြီး ယူလာတယ်။ အဲဒီခွေးလေးက ချင်းခွေး (စစ်တပ်အခေါ်) ဆိုပြီး ရထားနဲ့ ရန်ကုန်ထိခိုးသယ်လာတယ်။ ကြီးလာတော့ လဲ လမ်းဘေးကခွေးတွေလိုပါဘဲ.. အထူးရှယ်ခွေးတော့ဟုတ်ပါဘူး။ ဒါပေမယ့်ချစ်ရတာဘဲ..သံယောဇဉ်ဆိုတာ လူလူချင်းမပြောနဲ့.. အရာဝတ္တုပေါ်မှာရော.. တရိစ္ဆာန်လေးတွေ ပေါမှာရော ထားတတ်ကြတယ်မဟုတ်လား... နုနယ်တဲ့နှလုံးသားအရာရာကို တွယ်တာနေတာ..တစ်နေ

ဝေးနေခြင်းရဲ့အရသာ

လွမ်းတယ်..ဆွေးတယ် ဆိုတာ ပါးစပ်ကပြောမထွက်အောင်ကို..ဖြစ်နေပါပြီး... တစ်နေ့တစ်နေ့..အထီးကျန်တစ်ယောက်တည်းဖြတ်ကျော်လာရတာကိုလဲငြီးငွေ့လှပါပြီ... တစ်နေ့တော့ ဆုံမှာပါဆိုတဲ့အသိနဲ့.. ခံစားချက်တွေကိုဥပက္ခာပြုပြီးဟန်ဆောင်နေရတဲ့ကိုယ့်ကိုကိုယ် ရွံမုန်းလာတယ်.. ဘုရားသခင်..ကျွန်မ ကိုကျောက်သားလိုမာကျောတဲ့အသည်းနှလုံးတစ်ခုပေးပါ.. ခံစားမှုမရှိတဲ့နှလုံးသားတစ်စုံကိုပေးပါ...

ဘာမှမထူးတဲ့နှစ်ကူး

ငယ်ငယ်ထဲက အကျင့်တစ်ခုရှိတယ်။ ဘုရားကျောင်းမှာသီချင်းဆိုရင် မာမီက (၅)ကျပ်ပေးတယ်။ ကျောင်းမှာ အဆင့်(၁)ရရင် ဂါဝန်ဝယ်ပေးတယ်။ အတန်းနဲနဲကြီးတော့ အဆင့်(၁)ရရင် နွေကျောင်းပိတ်မှာ ပြင်ဦးလွင် သွားခွင့်ရမယ်။ ပြင်ဦးလွင်မှာ ပါးပါးရဲ့ အမအကြီးဆုံး နေတယ်။ ကြီးကြီးပေါ့။ သူ့မှာ သားတစ်ယောက်ဘဲရှိတယ်။ အဲဒါကျွန်မအကို။ သူ့နာမည် ကျော်ကျော်။ သူ့ကိုအရမ်းချစ်တယ်။ သူနဲ့ ဆော့ရတာလဲပျော်တယ်။ ဒါကြောင့်ဒါ ကျွန်မအတွက်မျှော်လင့်ချက်..ငယ်ငယ်ကတည်းက ဘာကိုမှ မက်မက်မောမော တပ်မက်တာမရှိပေမယ့် အဲလို အပျော်လေးတွေကိုတော့ မျှော်လင့်ပြီး ရအောင်လုပ်တတ်တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ကျွန်မချစ်သူနဲ့ကျွန်မက တစ်နေရာစီမှာ.. ရုံးပိတ်ရက်ကို အမြဲမျှော်တယ်.. ရုံးပိတ်ရက်ရောက်ရင် ချစ်သူကမလာနိုင်ရင်တောင် အွန်လိုင်းမှာတွေ့ဖို့အချိန်ပိုပေးလို့ရတယ်လေ.. အခုလဲ နှစ်သစ်ကူးရောက်တော့မယ်။ တရုတ်နှစ်သစ်ကူးပေါ့.. ကျွန်မရှိတဲ့နိုင်ငံကတော့ ခရစ်ယာန်နိုင်ငံဆိုတော့ ရုံးပိတ်ရက်မရှိဘူး..ဒါပေမယ့် ချစ်သူရှိတဲ့နေရာမှာတော့ ရုံးပိတ်မယ်ထင်တာဘဲ.. လာမယ်။ မလာဘူး ဆိုတာစိတ်ကူးထဲမှာ ရူးနေတဲ့အဖြစ်..ဒါပေမယ့် မျော်လင့်နေတာတော့အမှန်ဘဲ... အောက်တိုဘာလ ဖွားတဲ့သူတွေက စိတ်ဓာတ်အတက်/အကျလွယ်တယ

အိပ်မက်

ကျွန်မချစ်သူရဲ့မျက်နှာကိုကိုင်ကြည့်နေတုန်းသူ့မျက်နှာပေါမှာဝက်ခြံလိုအဖုလေးတစ်ခုတွေ့လို့လိုက်စမ်း တော့ ..သူကရီပြီး.ကြည့်နေတယ်။ မနေ့က..ချစ်သူကိုအိပ်မက်ထဲမှာတွေ့တယ်.. ရူးတယ်လို့ဘဲပြောပြော..မရင့်ကျက်ဘူးလို့ဘဲပြောပြော.. သူ့ကိုအိပ်မက်ထဲမှာတွေ့တဲ့ညတွေဆိုနောက်နေ့နိုးလာရင်လဲမထချင်တော့ဘူး..သူ့အကြောင်းဘဲစဉ်းစား ချင်တယ်။ ခက်သားလားနော်.. ကျွန်မအသက်လဲမငယ်တော့ပါဘူး. ပြောရမယ်ဆိုရင်အပျိုဟိုင်းအရွယ်လို့ သတ်မှတ်လို့ရတယ်..ဘာလို့များဒီလိုစိတ်လှုတ်ရှားမိမှန်းမသိဘူး..အချစ်ကြောင့်ဘဲဖြစ်မယ်ထင်ပါတယ်.. သူ့အသံကိုအမြဲကြားရတယ်..တစ်ခါတစ်လေသူ့ကိုမြင်နေရတယ်..ဒါပေမယ့်ဝေးကွာခြင်းဆိုတဲ့စည်းကခြားထား တယ်။